Monday, September 2, 2013

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်

Photo: ရန်ကုန်လေဆိပ်နှရ)ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကား ၀န်ဆောင်မှု လုပ်ငန်းကို အမေရိကန် လုပ်ငန်း ရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက် ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေး မယ်။  နိုင် ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြား သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေး မည်ဖြစ်ပြီး နိုင် ငံခြား သား များအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ် ကာ ပြည်တွင်း ခရီးသွားများအ တွက် မူ လေဆိပ်မှ အင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီး ဆုံးနေရာများတွင် ချထားပေး မည်ဟု ဦးကျော်ကျော်ကပြောသည်။
“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေ က ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။
Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့ ၍ နိုင် ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း  သ တင်းရရှိသည်။
လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

No comments:

Post a Comment