Monday, September 9, 2013

CNN က ညွှန်းဆိုသည့် အကောင်းဆုံး မြန်မာ့အစားအစာ ၁၀ မျိုး

မြန်မာနိုင်ငံသို့ လာရောက်လည်           ပတ်သော ကမ္ဘာလှည့် ခရီးသည်                     များ အနေဖြင့် မပျက်မကွက်                 မြည်းစမ်း သင့်သည့် အစား                         အစာ (၁၀)မျိုးကို CNNသတင်း ဌာနမှ အော်စတင်ဘုရှ်က စိတ် ဝင်စားဖွယ် ဖော်ပြ ထားသည့် လမ်းညွှန်မှုကို ဖော်ပြအပ်ပါသည်။
လက်ဖက်သုပ်
မြန်မာ့အစားအစာတွေထဲမှာ ဂုဏ်သတင်း အကျော်ဇောဆုံးကတော့ လက်ဖက် ဖြစ်နိုင်ပါတယ်။ လက်ဖက်ပ င်က အရွက်ကို အချဉ်ဖောက်ထားတာပါ။ အဲဒီအရွက်ကို ဒီအတိုင်းလည်း စားကြတယ်။ အချိုတည်းသလို ပုံစံပေါ့။ လက်ဖက်သုပ်ကတော့ လက်ဖက်ရွက်လေးတွေကို အသုပ်ပုံစံမျိုး ဖန်တီး

ထားတာပါ။ လက်ဖက်သုပ်အတွက် ချဉ်ပြီး နည်းနည်းခါးတဲ့ အရွက်လေးတွေကို ပါးပါးလှီးထား တဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးကွင်းကြီးတွေ၊ ပဲခြမ်းကြော်ရွရွ၊ မြေပဲ၊ ပဲလုံး၊ ဆီချက်၊ ခပ်စပ်စပ် ငရုတ် သီးတွေအပြင် ကြက်သွန်နဲ့ပါ ရောပြီး နယ်ရပါတယ်။ တကယ့်ကို ဘက်စုံပြည့်ဝတဲ့ အစားအစာပါ။ ဒါကိုသရေစာအဖြစ်လည်းစားနိုင်တယ်။ထမင်းနဲ့တွဲပြီးဟင်းအနေနဲ့စားလို့လည်းရတာပဲ။  မြန်မာနိုင် ငံမှာတော့ လက်ဖက်သုပ်ဟာ အာရုံနိုးကြားစေတဲ့ ဆေးဝါးလည်း ဖြစ်ပြန်တယ်။ လက်ဖက်များ များ စားရင် အိပ်မပျော်ဘူးလို့ မြန်မာလူမျိုး တော်တော်များများက ပြောကြတယ်လေ။

ရှမ်းထမင်း

ငါးထမင်းလို့လည်း ခေါ်ကြတယ်။ မြန်မာနိုင်ငံရဲ့ အရေအတွက် အများဆုံး ဗုဒ္ဓဘာသာဝင် တိုင်းရင်း သား လူမျိုးစု တစ်ခုဖြစ်တဲ့ ရှမ်းတွေကတီထွင်ထားတာပါ။ထမင်းကိုနနွင်းထည့်ချက်ပြီး ပျော့အောင် နယ်လိုက်တယ်။ ပြီးတော့ ရေချိုငါး အသားလွှာလေးတွေနဲ့ ကြက်သွန်ဖြူ ဆီချက်ကို တင်ထား လိုက် တာပါ။ ဆီရွှဲရွှဲနဲ့ အနံ့လေးက မွှေးနေတာပဲ။ ကြက်သွန်မြိတ်လေးတွေပါ ထည့်ပြီး ပြင်ဆင်လေ့ရှိ တယ်။ ကြက်သွန်ဖြူ အစိမ်းရယ်၊ ဝက်ခေါက်ကြော်ရယ်ပါ ထပ်ပေါင်းလိုက်ရင်တော့ ငါးထမင်းရဲ့ အရသာက တစ်မျိုးတစ်ဘာသာ အပြောင်းအလဲလေး ဖြစ်လာမှာပေါ့။

မြန်မာထမင်းဟင်း

မြန်မာထမင်းဟင်း ရောင်းတဲ့ဆိုင် တစ်ခုကို သွားမယ်ဆိုရင် အစားအသောက် ကိစ္စအတွက်တင် မကဘူး၊ အချက်အပြုတ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံသစ်တွေပါ ရနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဟင်းဆိုတဲ့ စကားလုံးက ထမင်းပွဲ အလယ်က အဓိက ဟင်းခွက်တွေကို ဆိုလိုတာပါ။ အများအားဖြင့်တော့ အသားဟင်းတွေ၊ ဝက်သား၊ ငါး၊ ဆိတ်သား၊ အမဲသား၊ ပုစွန်တို့ပေါ့လေ။ ဟင်းမှာပြီးရင်တော့ မဆုံးနိုင်လောက်ဘူးလို့တောင် ထင်ရလောက်အောင် အရန်ဟင်းခွက်တွေ လာချပေးပါလိမ့်မယ်။ ထမင်းပါမယ်ဗျာ။ ဖွယ်ဖွယ်ရာရာ အသုပ်ကလေးလည်း ပါလိမ့်မယ်။ ပန်းကန်သေးသေးလေးနဲ့ ထည့်ထားတတ်တဲ့ အသီးအရွက်ကြော်ရယ်၊ စွပ်ပြုတ်ပန်းကန်လုံး အသေးလေးရယ်လည်း ပါဦးမှာ။ ပြီးတော့ ဟင်းသီးဟင်းရွက်တွေက တို့စရာ အဖြစ် ရောက် လာဦးမယ်။ နောက်ပြီး ငါးပိရည်ဆိုတာ ရှိသေးတယ်ဗျ။ ငါးအသား တော်တော်လေး ကဲထားတဲ့ ဖျော်ရည်တစ်မျိုးပေါ့။ ဗာလချောင်ကြော် ဆိုတာကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ပုစွန်ခြောက်လေးတွေရယ်ကို ဆီနဲ့ရောကြော်ပြီး အခြောက်ခံထားတဲ့ ခပ်စပ်စပ် အကြော်မျိုးပါ။ မွတ်ဆလင်ဆိုင်တွေမှာ သုံးတဲ့ ဟင်းရည်ကတော့ ပဲနီလေးရယ်၊ အသီးအရွယ်တွေရယ် ပါတယ်။ မုန့်ကြွပ်လေးတွေလည်း ပါတတ်တယ်။ အားလုံး စုံစုံညီညီ ဖြစ်ပြီ ဆိုရင်တော့ ခင်ဗျားအနေနဲ့ စားပွဲပေါ်က ဟင်းပွဲတွေကို တွေ့ရလိမ့်မယ်။ မြန်မာ့အစားအစာရဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဆင်အပြင်ကို သေချာ မြင်ခွင့်ရမယ်။ ခင်ဗျား စားသောက်ပြီးပြီ ဆိုရင်တော့ မြန်မာ့ရိုးရာ စားစရာ တစ်ခုခုကို အချိုတည်းခွင့် ရမှာပါ။ လက်ဖက်နှပ်နဲ့ မြေပဲကို လင်ပန်းလေးနဲ့ ထည့်ထားတာမျိုး၊ ဒါမှမဟုတ်လည်း ထန်းလျက်ပုလင်းပေါ့လေ။

လက်ဖက်ရည်ဆိုင်မုန့်များ

မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေက နွားနို့ကဲထားတဲ့ လက်ဖက်ရည်ချိုခွက်သေးသေးလေးတွေ ကို တစ်ငုံချင်း အရသာခံ သောက်ရုံအတွက် သင့်တော်တဲ့ နေရာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ချက်ပြုတ်နည်း အမျိုးမျိုးကို ထိတွေ့နိုင်တဲ့ ဆိုင်လေးတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လက်ဖက်ရည်ဆိုင်က အစားအသောက်တွေက ဆိုင်ပိုင်ရှင်ဟာ ဘာတိုင်းရင်းသား ဖြစ်သလဲ ဆိုတာမျိုးကိုတောင် ထင်ဟပ်စေတတ်ပါတယ်။ ဒေသခံ ဗမာလူမျိုးတွေ ဖွင့်တဲ့ဆိုင်မျိုးတွေမှာ ရိုးရာ ခေါက်ဆွဲသုပ်၊ ဒါမှမဟုတ် ထမင်းသုပ်တို့ကို မြည်းစမ်းသင့်တယ်။ အိန္ဒိယသားတွေ၊ မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်မျိုးကျတော့ အရှေ့တောင်အာရှဟန် နည်းနည်းလွှမ်းတယ်။ စမူဆာတို့ ပူရီတို့လို အမွှေးအကြိုင် ထည့်ထားတဲ့ အကြော်အလှော်လေးတွေ ရှိတယ်။ ပူရီဆိုတာက ဂျုံသားကို ကြော်ပြီး အာလူးဟင်းနဲ့ စားရတာပါ။ နံပြားဆိုတာလည်း ရှိသေးတယ်။ အဲဒါက ဂျုံသားကို ပြားအောင်လုပ်ပြီး မီးဖုတ်ထားတာလေ။ အဲဒီဆိုင်တွေမှာ အရှေ့တောင်အာရှက တခြားအစားအသောက်တွေလည်း ရတတ်ပါသေးတယ်။ တရုတ်တွေပိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေကျတော့ ပေါက်စီတို့၊ ဒင်မ်ဆမ်းနဲ့တူတဲ့ အစားအသောက်တို့ကို တင်ဆက်တတ်ကြပြန်ရော။

မြန်မာ့ရိုးရာမုန့်ချိုများ

အနောက်နိုင်ငံတွေက အချိုစာတွေနဲ့ မတူတဲ့ တစ်ချက်က မြန်မာတွေက အဲဒါတွေ အားလုံးကို မုန့်ဆိုတဲ့ အသုံးအနှုန်းနဲ့ ခြုံငုံပြီး ခေါ်ဝေါ်လေ့ရှိတာပါ။ များသောအားဖြင့် အချိုပွဲအဖြစ် သိပ်မ သုံးကြဘူး။ သရေစာ အနေနဲ့ အဓိက စားသောက်တတ်ကြပါတယ်။ မနက်ပိုင်းနဲ့ နေ့လယ် ပိုင်းတွေ မှာ လက်ဖက်ရည်လေးနဲ့ ကျိုက်နေတတ်ကြတယ်။ တခြားအရှေ့တောင် အာရှနိုင်ငံတွေက အချို စာတွေနဲ့ မတူတာက မုန့်တိုင်းက အမြဲတမ်း သကြားထည့်တာမျိုး မရှိတာပါ။ မုန့်တွေရဲ့ အချိုဓာတ် ကို ခြစ်ထားတဲ့ အုန်းသီးတို့၊ အုန်းနို့တို့ကနေလည်း ယူတတ်တယ်။ ဆန်မှုန့်၊ ဆန်ခပ်စေးစေးနဲ့ ချက်ထားတဲ့ ထမင်း၊ ပီလောပီနံ၊ အသီးအနှံတွေကနေလည်း ရလာတာပါပဲ။ လူသိများတဲ့ မြန်မာ့ အချိုစာတွေထဲမှာ ဆနွင်းမကင်းလည်း ပါတယ်။ ရွှေချီမှုန့်ထည့်ပြီး အုန်းနို့နဲ့ထိုးထားတဲ့ အတုံးလေးတွေပါ။ ဘိန်းမုန့်တို့ မုန့်ပစ်သလက်တို့လည်း ရှိသေးသဗျ။ မြန်မာ့ဟန် မြန်မာ့အမူ အယာနဲ့ မုန့်အိုးကင်းကြော်တွေပေါ့ဗျ။ ချိုအောင်လည်း လုပ်လို့ရတယ်၊ ဟင်းခတ် အမွှေးအကြိုင် များများလေး ကဲအောင်လည်း လုပ်လို့ရတယ်။ ဘိန်းမုန့်က ခပ်စိုစိုလေး ဖြစ်နေတတ်ပြီး အပျစ်အ ကျဲမှာလည်း အင်္ဂလိပ် မုန့်ပြားဝိုင်းတွေနဲ့တော့ ကွာပါတယ်။

အကြော်စုံ

မြန်မာလူမျိုးတွေဟာ ဆီကြော်မုန့်တွေကို သဘောကျ စွဲလန်းတတ်ကြပါတယ်။ ဆီခပ်ရွှဲရွှဲနဲ့ ကြော် ထားတာမျိုးလေ။ မြန်မာနိုင်ငံ ရောက်ရင်တော့ဆီကြော်မုန့်တွေကို ရှောင်ဖို့ဆိုတာမဖြစ်နိုင်လောက် ဘူး။ လက်ဖက်ရည်ဆိုင်မှာ၊ လမ်းဘေးဆိုင်တွေမှာ တွေ့ရတတ်တဲ့ သရေစာ တော်တော်များများ ဟာ ဆီနဲ့ကြော်ထားတာပါ။ စမူဆာ၊ ကော်ပြန့်၊ မုန့်အချိုတွေ၊ ပေါင်မုန့်ကြော်တွေကအစ ဆီများ များနဲ့ ကြော်ထားကြတာပါ။ ခေါက်ဆွဲသုပ်တို့ ဘာတို့ကိုလည်း အကြော်လေးဖြူးပြီး စားတတ် ကြသေးတယ်။ လူသိများတဲ့ ဘူးသီးကြော် ဆိုတာကတော့ ဘူးသီးလေးတွေကို လွှာပြီး ကြော် ထားတာမျိုးပါ။ အရည်ရွှမ်းတဲ့ ဘူးသီးပါးပါးလေးတွေကို ကြော်ထားတဲ့ အဲဒီအကြော်မုန့်ကို မန် ကျည်း သီးကထုတ်တဲ့ အချဉ်နဲ့ တွဲဖက်စားရပါတယ်။ အဲဒီအချဉ်ထဲကို ပဲမှုန့်တွေလည်း ထည့်ထား တတ်ကြသေးတယ်။

ရှမ်းတို့ဟူး

မြန်မာနိုင်ငံမှာ ထူးထူးဆန်းဆန်း အစားအစာ တစ်မျိုးရှိသေးတယ်။ အဲဒါက တို့ဟူးနွေး ဆိုတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းက ရှမ်းတိုင်းရင်းသားတွေနဲ့ ဆက်နွယ်တဲ့ အစားအစာထဲက တကယ်တမ်းတော့ တို့ဟူးမပါဘူးဗျ။ အဲဒီအစား ပဲမှုန့်ကနေ လုပ်ထားတဲ့ ခပ်ထူထူ ခပ်ပြစ်ပြစ် ယာဂုလိုမျိုး ဖြစ်ပါတယ်။ စေးကပ်ကပ်နဲ့ အဝါရောင်ရှိတဲ့ အဲဒီ အစားအစာပေါ်မှာ ဆန်ခေါက်ဆွဲ ခပ်ပါးပါးလေးတွေ ထည့်ထားသေးတယ်။ ပြီးတော့ ကြက်သားဖြစ်ဖြစ်၊ ဝက်သားဖြစ်ဖြစ် မွမွလေး ဖြူးထားတတ်တယ်။ နောက်တော့ ငရုတ်သီးကြော်နဲ့ ဆီလေးဆမ်းပြီး ဟင်းရွက်လေးတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားလေ့ရှိပါတယ်။ ပြောရရင် နည်းနည်းထူးဆန်းပြီး စိတ်ဝင်စားလောက်စရာ ရောစပ်မှုမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားဟာ မွှေးမွှေးကြိုင်ကြိုင် အစားအသောက်တွေကို သဘောကျတဲ့ ပရိသတ် တစ်ယောက်ဆိုရင်တော့ စိတ်ကြိုက်တွေ့မှာပါ။

နန်းကြီးသုပ်

မြန်မာတွေက ခေါက်ဆွဲအခြောက်နဲ့ ဖန်တီးထားတဲ့ အစားအစာမျိုးတွေကို သဘောကျလေ့ ရှိပါတယ်။ နန်းကြီးသုပ်မှာတော့ ခေါက်ဆွဲကို အသားငါးတွေနဲ့ မဖြစ်မနေ ရောစပ်ရပါတယ်။ အရသာ အရှိဆုံး၊ နေရာ အနှံ့မှာ အတွေ့ရဆုံး အသုပ်တစ်မျိုးပါ။ ခေါက်ဆွဲသား ခပ်ထူထူ၊ ခပ်လုံးလုံးကို ကြက်သားနဲ့ သုပ်ထားတာပါ။ ငါးအသားလွှာ ပါးပါးလေးတွေလည်း လှီးထည့်တတ်ပါတယ်။ ပြုတ်ထားတဲ့ပဲကြီးရယ်၊ ပဲပင်ပေါက်လေးတွေရယ်၊ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥကို လွှာထားတာလေးတွေရယ် ပါသေး တယ်။ နန်းကြီးသုပ်ထဲ ထည့်တဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ ငရုတ်ချဉ်ရယ်ကလည်း ချန်ထား လို့ မရပြန်ဘူး။ လက်နဲ့မွှေနှောက်ပြီး သုပ်ရတာမျိုးဖြစ်ပြီး  နံနံပင်လေးတွေလည်း ထည့်လေ့ရှိပါတယ်။ ပြီးတော့ စွတ်ပြုတ်လေး တစ်ပန်းကန်နဲ့ တွဲဖက် သုံးဆောင်ရတာပါ။

မုန့်ဟင်းခါး

တရားဝင် မဟုတ်ဘူး ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ အမျိုးသားရေး အစားအစာလို့ အသိအမှတ်ပြု ခံထား ရတာ မုန့်ဟင်းခါးပါ။ ကောင်းမွန်ပြီး လုံးဝိုင်းတဲ့ ဆန်ခေါက်ဆွဲ (မုန့်ဖတ်)လေးတွေကို ငါးရယ်၊ ကြက်သွန်နီ ရယ်နဲ့ အခြေခံပြီး ချက်ထားတဲ့ မြိန်ရည်ရှက်ရည် ဟင်းရည်တစ်မျိုးနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ ငှက်ပျောပင်က ရတဲ့ ကျွတ်ကျွတ်ရွရွ အပိုင်းလေးတွေကိုလည်း ထည့်ပေးထားတတ်သေးတယ်။ မြန်မာ လူမျိုးတွေ ကတော့ မနက်စာဆိုရင် မုန့်ဟင်းခါးက အသည်းစွဲပါပဲ။ ဒါပေမဲ့ နေရာစုံ လှည့်ရောင်းနေ တဲ့ ဈေးသည်တွေ လည်း ရှိတာကြောင့် မနက်ရော၊ ညပါ စားချင်တဲ့အချိန် စားကြတယ်လို့ပဲ ပြောရမှာပါ။ ဆန္ဒ ရှိရင်တော့ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥရယ်၊ အကြော်ရယ်ကိုလည်း ထပ်ထည့်နိုင်ပါတယ်။ မုန့်ဟင်း ခါး အရသာကို ပြင်ချင်ရင် သံပုရာသီးစိတ်၊ ဒါမှမဟုတ် ငရုတ်သီးခြောက် အမှုန့်တွေကိုလည်း ရောစပ်နိုင်ပါသေး တယ်။

ရှမ်းခေါက်ဆွဲ

ရှမ်းပြည်နယ်နဲ့ အများဆုံး ဆက်နွယ်နေတဲ့ အစားအသောက်ပါ။ ပါးလွှာပြီး ပြားချပ်တဲ့ ခေါက်ဆွဲ မျှင်လေးတွေကို ကြည်လင်ပြီး ငရုတ်ကောင်းကဲထားတဲ့ ဟင်းရည်နဲ့ တွဲဖက်ပေးထားပါတယ်။ ပြီးတော့ နုပ်နုပ်စင်း ထားတဲ့ ကြက်သား၊ ဒါမှမဟုတ် ဝက်သားကို ထည့်ထားတာပါ။ ရှမ်းခေါက်ဆွဲကို ပြင်ဆင်တဲ့အခါ နှမ်းလှော်လေးဖြူးပြီး ကြက်သွန်ဆီချက်လေးလည်း ဆမ်းထားတတ်တယ်။ ပြီးတော့ ဟင်းရွက်လေးတွေ ဖွယ်ဖွယ်ရာရာနဲ့ ခင်းကျင်းလေ့ ရှိပါတယ်။ တခြား မြန်မာ့ရိုးရာ ခေါက်ဆွဲတွေနဲ့ ယှဉ်ကြည့်ရင် ရှမ်းခေါက်ဆွဲက ပိုပြီးရိုးစင်းတယ်၊ ဘာမှမထူးခြားသလောက် နီးပါး ဖြစ်နေတယ်၊ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာကတော့ အရသာက တကယ့်ကို ကောင်းမွန်တယ် ဆိုတာပါပဲ။

No comments:

Post a Comment