Wednesday, September 4, 2013

မြ၀တီဘဏ်ရုံးချုပ်၏ အဆောက်အအုံတွင် စတော့ဈေးကွက် စင်တာ ပြုလုပ်ရန် မြ၀တီဘဏ် ရွှေ့ပြောင်းပေးရမည်

စတော့ဈေးကွက် ထူထောင်ရန် အတွက် နေ         ရာကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဆူးလေ        ဘုရား လမ်းထောင့်ရှိ မြ၀တီဘဏ်ရုံးချုပ်နေ      ရာတွင် လုပ်ဆောင်သွားမည် ဖြစ်ရာ လာ           မည့်လ အနည်းငယ်အတွင်း မြ၀တီဘဏ်၏ လုပ်ငန်းဆောင်တာများ နေရာရွှေ့ပေးရန် အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း           ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ၂၄-၈-၂၀၁၃ ရက်             က သတင်းရရှိသည်။ အဆိုပါ မြ၀တီဘဏ် အဆောက် အအုံကြီးမှာ အစိုးရပိုင် အဆောက်အအုံတစ်    ခု ဖြစ်ပြီး မြ၀တီဘဏ်က ခေတ္တငှားရမ်းကာ ဘဏ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်နြေ ခင်း ဖြစ်ကြောင်း သိရသည်။ အဆောက်အအုံကြီးမှာ ကုန်သည်လမ်းဘက် အခြမ်းတွင် ပွဲစားများ ကျင်းလည် ကျက်စားရာ နေရာဖြစ်ပြီး ဆူးလေဘုရားအနီး ဧမာနွေ လ ကျောင်းဘေးမှ ငွေလဲ ရာ ဈေးကွက်ထက် လူအင်အား ပိုများသော နေရာ ဖြစ်နေသည် ဟုလည်း သိရသည်။ 
'' ၀န်ကြီးဌာနကတော့ စာပို့လိုက်ပြီ၊ နောက် နှစ်လလောက်ဆိုရင် မြ၀တီဘဏ်က ဖယ်ပေးရတော့ မယ်။အဲဒီမှာစတော့ဈေးကွက်ထူထောင်မယ်''ဟုဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး  ဒေါက်တာ   မောင်မောင်သိမ်းက ထုတ်ဖော် ပြောကြားသည်။ ''စတော့ဈေးကွက်က နေရာတစ်ခုမှာ စပြီး ဖွင့်တယ် ဆိုပါစို့၊ ကျွန်တော်တို့ ဘက်က ဈေးကွက်တင်ဖို့ လုပ်ရမှာပ၊ဲ နိုင်ငံတကာ ကို ရောင်း ချခွင့်ပေးရင် ကျွန်တော် တို့ရဲ့ ရှယ်ယာတန်ဖိုးတွေ တက်လာမယ်။ လုပ်ငန်းတွေပိုပြီး အဆင်ပြေ မှာပါ '' ဟု ဒေါက်တာ စိုင်းဆမ်ထွန်း က သုံးသပ်သည်။ အဲဒီမြေနဲ့ အဆောက်အအုံက အစိုးရ ပိုင်တွေလေ ဒါ့ကြောင့်ဘာမှ ပြဿနာ မရှိပါဘူး''ဟု ဒေါက်တာမောင်မောင်သိမ်း က ပြောကြား သည်။ Diwa နဲ့ပေါင်းပြီး ကုမ္ပဏီတွေကို Training ပေးဖို့ လုပ်နေတယ်။ ပြီးတော့ လိုအပ်တဲ့ စက်ပစ္စည်းတွေ အဲဒီမှာ သွားထားဖို့ ရှိတယ်။ ဒီနှစ်ကုန်လောက်ကျရင် စကော့ဈေးကွက် အစီအစဉ် စတင်ပြီ ''ဟု ဒုတိယ၀န်ကြီးက ဆက်လက် ပြောကြားသည်။ နိုင်ငံတော် သမ္မတက Security Exchange Law ကို ပြီးခဲ့သော ရက်ပိုင်းက ထုတ်ပြန်ပေးခဲ့သည့် အတွက် လုပ်ငန်း ဆောင်တာများကို မြန်ဆန်စွာ စတင် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။ 
''ရန်ကုန်ကိုပဲ အရင်စမယ်။ မန္တလေးတို့ နေပြည်တော်တို့ ဆိုတာက လိုသေးတယ်။ နေပြည်တော် ဆိုရင် အစိုးရ ရုံးစိုက်ရာ ဆိုတော့ ကုမ္ပဏီတွေ အတွက် မလိုအပ်သေးဘူး။ ဒီလိုပဲ အခြားမြို့ကြီးတွေ မှာလည်းစတော့ရဲ့ဖွံ့ဖြိုးမှုပေါ်ကြည့်ပြီးလှုပ်ရှားသွားမယ်''ဟုဒုတိယ၀န်ကြီး  ဒေါက်တာမောင်မောင် သိမ်းက ပြောကြားသည်။

ဲပြည်မြန်မာ

ကိုရီးယားနိုင်ငံမှာ ကွမ်းတံတွေး မညစ်ပတ်ဖို့ ကွမ်းကမ်ပိန်း ပြုလုပ်





ကိုရီးယားနိုင်ငံမှာ ကွမ်းတံတွေး မညစ်ပတ်ဖို့ ကွမ်းကမ်ပိန်း ပြုလုပ်
ဝင်းပေါ်မောင်၊ စက်တင်ဘာ ၂၊ ၂၀၁၃
ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစားသုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ်ပါသည်။
မြန်မာစင်တာက ကမကထပြု၍ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများ ကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများ ကပ်ခြင်း၊ လက်ကမ်းစာရွက် ဝေခြင်းတို့ကို လူအင်အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြပါသည်။
“မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့မှာ နေသူတဦးက ပြောပါသည်။
ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရသေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။
ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်အတွက် သစ်ပင်ရင်း၊ မြောင်းပေါက်ဝနှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေး နီရဲရဲ အကွက်များ အများဆုံး ဖြစ်သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို “လမ်းနီလေး”ဟုပင် မြန်မာတွေက ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။
“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းမှာ ဝေါဆရာတော်က မိန့်ပါသည်။
“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရတယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။
ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံနက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊ လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။
“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်းလိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ် မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်းတွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။
ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင် ဘူဖျောင်းမြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံးမှု လျှော့ချနိုင်ဖို့ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
- See more at: http://moemaka.com/archives/37766#sthash.F3Pabp6T.dpuf

No comments:

Post a Comment