Wednesday, September 4, 2013

ဖွေးဖွေးပြောတဲ့ အချစ်

လတ်တလော မှာတော့ ဖွေးဖွေးက ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ‘ညရေးချညာ’ ဇာတ်ကားကို အောင်ရဲ လင်းနဲ့  အတူ ရိုက်ကူးနေပါ တယ်။ နောက်ပိုင်းမှာ ဒရာ မာနဲ့ ဟာသဇာတ်လမ်း ပုံစံလေးတွေကို မျှအောင် ရိုက် ဖြစ်နေကြောင်း ပြောတဲ့ဖွေးဖွေးက ဇာတ်ကား တစ်ကား ကောင်း ဖို့အတွက် ဇာတ်ကား ထဲမှာ ပါဝင်တဲ့ အနုပညာရှင် အားလုံး အရေးကြီးကြောင်း ပြောပါတယ်။ “ဇာတ်ကား ကောင်းဖို့ အတွက် အကုန်လုံး အရေး ကြီး ပါတယ်။ ဒါရိုက်တာက အဓိက အရေးကြီး ဆုံးပဲ။ ဇာတ်    လမ်း တစ်ခုလုံးကို ဒါရိုက်တာ စီစဉ်ညွှန်ကြားတဲ့ အတိုင်း ရိုက်ရတာ။ တချို့တွေ ကျတော့ Edit ပိုင်းပါဝင် ပါရ တယ်လေ။
တစ်ခါတလေ ကျရင် ကိုယ်သရုပ်ဆောင် ကောင်းပေမယ့် တည်းဖြတ် က ကောင်းသင့်သ လောက် မကောင်း တဲ့ သဘောရှိ သွားတယ်” လို့ ပြောပါတယ်။ လက်ရှိ ရရှိထားတဲ့ နေရာလေး ကိုတော့ ကျေနပ်မှု အပိုင်း လည်း ရှိသလို မကျေနပ်သေးတဲ့ အပိုင်းလည်း ရှိကြောင်း ဖွေးဖွေး က ပြောပါတယ်။ “အခု ဖွေးဖွေးက ပုံမှန်ဘ ဝတစ်ခုကိုတော့ ရနေတယ်။ လောလောဆယ်မှာ ဖွေးဖွေး အလုပ်ကို အသစ်အဆန်း တစ်ခု လုပ်ချင်စိတ်ပေါက် နေတယ်။ အနုပညာ အလုပ်မှာ ကျေနပ်တဲ့ အပိုင်းလည်း ရှိပါတယ်။
ဒါပေမဲ့ ဖွေးဖွေး မကျေနပ်သေး ပါဘူး။ ကြိုးစား ရဦးမယ်။ ဖွေးဖွေးတို့ လုပ်နေတဲ့ အလုပ်က ကံနဲ့လည်း ဆိုင်ပါတယ်။ ကိုယ့်ရဲ့ကြိုးစား မှုနဲ့လည်း ဆိုင်ပါ တယ်။ အောင်မြင်မှု ဆိုတာကလည်း တစ်သက်လုံး တည်မြဲမယ့် အရာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ထိန်းသိမ်း ရမှာပေါ့” လို့ ပြောပါတယ်။ အချစ်ဆိုတာ ထက်မေတ္တာနဲ့ သံယောဇဉ်ကို စိတ်ထဲမှာ ပိုရှိကြောင်းပြောတဲ့ ဖွေးဖွေးက အချစ်နဲ့ ပတ်သက်ပြီး “အချစ်ကို တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပုံစံမတူကြဘူး။ တစ်ယောက် တစ်မျိုးစီပါပဲ။ ကိုယ့်ကိုလည်း ချစ်ပြီး ကိုယ်ကလည်း ပြန်ချစ်ရမယ်။ အဓိက က တော့ သစ္စာရှိဖို့ အရေးကြီးတယ်” လို့ ပြော ပါတယ်။
 By Popular News

No comments:

Post a Comment