Wednesday, September 4, 2013

အဆိုတော် Nကိုင်ရာ စက်တင်ဘာလလယ်တွင် လက်ထပ်မည်

“ကိုယ်မညာတော့ဘူး” သီချင်းဖြင့် ပရိသတ်များအကြား ရေပန်းစားခဲ့သော အဆိုတော် Nကိုင်ရာ သည် ရည်းစား သက်တမ်း တစ်နှစ်ကျော်တွင် သူ၏ ချစ်သူ Nဘုန်းအောင်နှင့် လက်ထပ် မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ဖြေကြားခဲ့သည်။“ ကျွန်မက ၂၀၁၂ ခုနှစ်လောက် က တောင်ကြီး မှာသီချင်းသွားဆိုတော့ သူနဲ့တွေ့တာပါ။ အသက် ကတော့ ကျွန်မထက် နှစ်နှစ်ကြီးပါတယ်။ ကျွန်မတို့က ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်။ လုပ်နေ တုန်းပဲ။ လလယ်လောက်လုပ်ဖို့ စီစဉ်နေတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ ကျွန်မ တို့က ခရစ်ယာန်အနေ နဲ့ရော ကချင်အနေနဲ့ရောက သတို့သမီးအပ်နှံပွဲရှိတယ်လေ။ အဲဒါ ကိုတော့ မိုးကုတ်မှာလုပ်ဖို့ စီစဉ်ထားပါ တယ်။ ရန်ကုန်မှာကတော့ မင်္ဂလာဆောင်မှာပါ”ဟု ပြော ခဲ့သည်။
အဆိုတော်  Nကိုင်ရာသည် ၂၀၀၇ ခုနှစ်တွင် ဂီတအနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး “ကိုယ်မညာတော့ဘူး” သီချင်းဖြင့် ပရိသတ်များ၏ အသိအမှတ်ပြုခဲ့ခြင်း ကိုခံခဲ့ရ သည်။ ယခုအခါ တွင် “Lady ကိုင်ရာ” ဆိုသည့်အမည်ဖြင့် စီဒီထွက်ရှိထားပြီး ဗီစီဒီတေးစီးရီးကိုထုတ်ရန် ပြင် ဆင်နြေ  ခင်းဖြစ် သည်။

No comments:

Post a Comment