Friday, September 13, 2013

Boeing 767 လေယာဉ်ကြီးဖြင့် ရန်ကုန်-တိုကျို နေ့စဉ်ပျံသန်းမည်

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းသည် နေ့စဉ်နှင့်
အမျှ တိုးတက်လျက်ရှိသည်။ ယင်းအနက် လေကြောင်းခရီးသွား လုပ်ငန်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား 
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး
တက်ရေးအတွက် ရန်ကုန်
အပြည်ပြည် ဆိုင်ရာ လေဆိပ်နှ
င့် တိုကျို-Narita လေဆိပ်တို့
အကြား All Nippon Air Ways(ANA) လေကြောင်းမှ တစ်ပတ်သုံးကြိမ် Business Flight လေယာဉ်ငယ်ဖြင့် ပျံသန်းပြေးဆွဲခဲ့ရာမှ ယခုစက်တင်ဘာ ၃၀ ရက်မှ စတင်၍ Boeing 767-300 ER လေယာဉ်ကြီးဖြင့် နေ့စဉ်ပြောင်းလဲ ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ -ဂျပန် အသင်း( MJA) ဖွဲ့စည်းခြင်း အခမ်းအနား၌ ထည့်သွင်းပြော ကြားသွားသည်။

ယခုပြေးဆွဲမည့် Boeing 767-300 ER လေယာဉ်ကြီးသည် ခရီးသည်ထိုင်ခုံ ၂၀၂ ခုံနှင့် Business အထူးခုံ ၃၅ ခုံပါရှိကြောင်း သိရသည်။ Hein Si International Travel and Tour မှ ကိုဝင်းကျော်အောင်က “ANA လေကြောင်းလိုင်းက အခုလို Boeing 767 လေယာဉ်ကြီးတွေနဲ့ နေ့စဉ်ပျံသန်းပြေးဆွဲပေးတာ ခရီး သည်တွေအတွက် အလွန်ကောင်းပါတယ်။ အရင်ကထက်စာရင် ပိုအဆင်ပြေးသွားတာပေါ့။ အရင်တုန်း က လေကြောင်းလိုင်းက နည်းနည်းပဲရှိတာ။

အခုဆိုရင် လေကြောင်းလိုင်းတွေက အများကြီးဖြစ်လာတော့ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် သွားလာရတာ ပိုအဆင်ပြေသွားပါမယ်၊ ပြည်တွင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေအတွက်လည်း လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတွေ ပိုရတာပေါ့” ဟု သူ့အမြင်ကို ပြောကြားခဲ့သည်။

No comments:

Post a Comment