Tuesday, September 3, 2013

ဒုက္ခရောက်နေသည့် မလေးရောက်မြန်မာများ ဘဝ မြင်ကွင်း

Burma Campaign, NLD LA, UN နှင့် အခြား ပြည်ပရောက် မြန် မာ့ အရေး လှုပ် ရှား အဖွဲ့များ ပစ်ထား သဖြင့် ဒုက္ခရောက်နေသည့် မလေးရောက်မြန်မာများ ဘဝ မြင်ကွင်း
  အဖမ်းအဆီး ကြမ်းမည်ဟု 
သတိပေးထားသည့် မလေး
ရှားနိုင်ငံရောက် တရားမဝင်
 မြန်မာနိုင်ငံသားများ အပါ
အဝင် နိုင်ငံခြားသားများကို 
စက်တင်ဘာလ ၁ ရက်နေ့
တွင် စတင်ဖမ်းဆီးနေပြီ 
 ဖြစ်ကြောင်း မလေး ရှားနိုင် ငံရောက် မြန်မာလုပ်သား
များထံမှ သိရှိရသည်။
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တော် အပါအဝင် တရားမဝင် နိုင်ငံခြားသား အများစု ရှိသည့် နေရာများတွင် စတင်ဖမ်း ဆီးနေခြင်း ဖြစ်ကြောင်း၊ လမ်းဆုံများ တွင် ကားများရပ်ကာရဲတပ်ဖွဲ့များက 
စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားမ
 ဝင်သူများဖြစ်ပါက ကားပေါ်ဆွဲ 
တင် သွားကြောင်း ခုနစ်ရက်သား
သမီး ကပုန်းနာရေး ကူညီမှုအသင်း
မှ တာဝန်ရှိသူ ဦးသောင်းက ပြော ကြား သည်။

“သတိပေးထားသလောက်တော့
 မကြမ်းသေးဘူး” ဟု ၎င်းကဆိုသည်။
သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် 
တရားမဝင် နိုင်ငံခြားသားများကို ဖမ်း    
ဆီးနှိမ် နင်းရေး အစီအစဉ်ကို 
Enforcement Operation (မလေးရှား အခေါ် အော်ပရာစီ) အမည်ပေးထားပြီး ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီ ဖြစ်သဖြင့် ကွာလာလမ်ပူရှိ မြန်မာဆိုင်အချို့ ပိတ်ထား ကြကြောင်း၊ အချို့ဆိုင်များကို လုံခြုံရေး အစောင့်များဖြင့် ဖွင့်ထားသည်ကို တွေ့ ရကြောင်း ဦးသောင်းက ဆက်လက်ပြော ကြားသည်။

ဂျိုးဟိုးပြည်နယ်ရှိ လက်အိတ်စက်ရုံ
တစ်ခု လုပ်ကိုင်နေသည့် တရားမဝင် မြန် မာလုပ်သားတစ်ဦးကမူ “ဖမ်းဆီး တဲ့ သတင်းတွေတော့ ကြားနေ ရပြီး ကိုယ်တိုင်မတွေ့ရသေးဘူး” ဟု ဆိုသည်။

အော်ပရာစီစတင်သည့် နံနက်ပိုင်းတွင်ပင် တရားမဝင် နေထိုင်နေသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံ တို့မှ တရားမဝင် နိုင်ငံသား စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင် ငံ သတင်းဌာန The Star တွင် ဖော်ပြသည်။
ယခုနှစ်အကုန်ထိ တရားမဝင်
 နိုင်ငံခြားသား လေးသိန်းကို ဖမ်း ဆီးသွားမည်ဖြစ်ပြီး ယင်းနိုင် ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကိုလည်း ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်း ထားကြောင်း မလေးရှားအစိုးရ ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းဌာနတွင် ဖော်ပြ ထားသည်။

တရားမဝင် မြန်မာအလုပ်သမားများကို အလုပ်ရှင်များက စက်ရုံများတွင်သာ နေစေပြီး အချို့ အလုပ်ရှင်များက လုပ်သားများကို လုံခြုံသည့် နေရာများသို့ ပို့ဆောင် ထားကြောင်း မလေး
ရှားရောက် မြန်မာများထံမှ သိရှိရ သည်။

အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင် မည်ဖြစ် ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ မီးသတ်နှင့် နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် (မလေးရှားနိုင်ငံသို့ ခိုလှုံ ခွင့် လျှောက် ထားသူကတ်) တရား ဝင် ရရှိထားသူများအတွက် ကုလ သမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်း များတွင် ဖော်ပြသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင် ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။
From:MEG

No comments:

Post a Comment