Saturday, September 14, 2013

တပ်မတော်သားအချို့ အသတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်း

ကချင်ပြည်နယ် ပူတာအိုခရိုင် 
မချမ်းဘောမြို့အနီးတွင် တပ်
မတော်နှင့် ကေအိုင်အေတို့
 သြဂုတ်လ ၂၈ ရက်နေ့က 
တိုက်ပွဲဖြစ်ပွားစဉ် လူစုကွဲပြီး
 ဖမ်းဆီးခံရသည့် အမှတ် (၁၃၇)
 ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး
 ဇော်မျိုးထက်ကို
 ကေအိုင်အေက သတ်ဖြတ်
မှုအပေါ်အစိုးရက ကေအိုင်အေထံ ဖြေရှင်းချက် တောင်းဆိုထားကြောင်း နိုင်ငံတော်သမ္မတ၏   ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ 
ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးနှင့် အခြားစစ်သည်နှစ်ဦး ကျဆုံးသည်မှာ မှန်ကန်ပြီး ယင်းကိစ္စတွင် တာဝန်ရှိသူကို ကေအိုင်အေက ဖော်ထုတ်အရေးယူပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး  ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားဝင် ပြန်ကြား ချက် မရရှိသေးဘဲ မီဒီယာ တချို့တွင် ငြင်းချက်ထုတ် ရေးသားထားသည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူထားသည့် ကေအိုင်အေ၏ သတ်မှတ်နေရာ ပြင်ပ သို့ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့ ဆက်ကြေး လာကောက်သည်ဆိုသည့် သတင်းအရ ဗိုလ်ကြီးဇော်မျိုးထက် အပါ အဖွဲ့ဝင် ၁၄ ဦးပါသည့် တပ်မတော် စစ်ကြောင်းက သွားရောက် စစ်ဆေး စဉ် ကေအိုင်အေက မိုင်းခွဲ၍ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဇော်မျိုးထက် လက်မောင်း တွင် ဒဏ်ရာရရှိကာ လူစုကွဲပြီး အနီးနား ရွာတစ်ရွာသို့ ၃၀ ရက်နေ့တွင် ရောက်ရှိ ရာ ကေအိုင်အေ အဖွဲ့က လာရောက် ဖမ်းဆီးကြောင်း၊ ဒဏ်ရာဖြင့် အသက်ရှင်လျက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရွာအပြင် တောတွင်း၌ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။
“တပ်က ပြန်လိုက်ရှာတဲ့အခါ ခေါင်းပြတ်နေတဲ့ ဗိုလ်ကြီးရဲ့ အလောင်းကိုတွေ့တော့ သေချာ သင်္ဂြိုဟ်ပေးခဲ့တယ်။ သူတို့က ဒီတိုင်းမြေနဲ့ယက်ပြီး ဖုံးပစ်ခဲ့တာ” ဟု ၎င်းကဖွင့်ဟသည်။
ယင်းလုပ်ရပ်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များနှင့်လုံးဝကိုက်ညီမှုမရှိဘဲတိုက်ပွဲများအရှိန်လျှော့ချရန်သဘောတူထားချိန်တွင်မိမိနယ်မြေ  ပြင်ပ ကို လာရောက်ပြီး ယင်းသို့ တိုက်ခိုက်ခြင်းမှာ မသင့်လျော်သည့် လုပ်ရပ် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဗိုလ်ကြီးမျက်နှာက ရစရာမရှိဘူး။ ဓားနဲ့မွှန်းထားတယ်။ ပြီးတော့ ဗိုက်ထဲကို ခေါင်းထည့် ထား တယ်” ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်သည့်နေရာမှာ ကေအိုင်အေနယ်မြေမဟုတ်သည့်အပြင် ပြည်သူလူထုအပေါ်ညှဉ်းပန်းနှိပ် စက်သည့် ဆက်ကြေး ကောက်ခံမှုမျိုး မပြုလုပ်ရန် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ ထို့အပြင် ယင်းသို့ လူမဆန်သည့် သတ်ဖြတ်မှုမှာ ငြိမ်းချမ်းရေးကို လွန်စွာထိခိုက် နစ်နာစေသည့် လုပ်ရပ်ဖြစ်သည့်အတွက် ကေအိုင်အေအဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့်တုံ့ပြန်သွားမည်   ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ယင်းကိစ္စကို ကေအိုင်အိုသို့ ဆက်သွယ် မေးမြန်းရာ ကေအိုင်အေအနေနှင့် ယင်းသို့ သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ကေအိုင်အို/ကေအိုင်အေ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရက တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ကြီးနား တွင် မေလ ၃၀ ရက်နေ့ က နှစ်ဖက် သဘောတူညီထားချက်များ အရ နှစ်ဖက်တိုက်ပွဲများ ထိန်းသိမ်းလျှော့ချရန် သဘော တူထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ဆိုသည်။
ပြည်ထာင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေ ကိုယ် စား လှယ်အဖွဲ့တို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ မြစ်ကြီးနားမြို့တွင် တွေ့ ဆုံရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကော်မ တီက ပြောကြား ထားသည်။

No comments:

Post a Comment