Tuesday, September 3, 2013

ဆီးဂိမ်းကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိဟု မလေးရှား အိုလံပစ်ကော်မတီဥက္ကဋ္ဌ ချီးကျူး

မလေးရှား အိုလံပစ်ကော်မတီ
 ဥက္ကဋ္ဌ ကော့ချီက မြန်မာနိုင်ငံ
အနေဖြင့် ဆီးဂိမ်းကစားကွင်း
များ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့
အဆင့်ရှိကြောင်း ချီးကျူးပြော
ကြားခဲ့သည်။
ကော့ချီမှာမြန်မာနိုင်ငံတွင
်ဖြစ် ပွားခဲ့သောလူမျိုးရေး ပဋိ ပက္ခဖြစ်စဉ်များကြောင့်နေပြည်တော် ဆီးဂိမ်းအတွက် လုံခြုံရေးစိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သူဖြစ်ပြီး ယခုအခါပြိုင်ပွဲကျင်းပရန်သုံးလအလိုတွင် စိုးရိမ်မှု မရှိတော့ဟု

ပြန် လည် ပြောဆိုခဲ့ကြောင်း မလေးရှားသတင်းစာ The Star တွင် ဖော်ပြထားသည်။
“ဆီးဂိမ်းကျင်းပမယ့်ကစားကွင
်းတွေ အားလုံးအသင့်ဖြစ်နေပါပြီ။ တည်ဆောက်ထားတဲ့ပုံစံတွေနဲ့ အသုံးအဆောင်တွေက တကယ့်ကိုအထင်ကြီးစရာပါ။ ဖွင့်ပွဲလုပ် မယ့် ကစားကွင်းကြီးကလည်း ဧရိယာအလွန်ကျယ်ပြီး ကမ္ဘာ့အဆင့်မီ ကွင်းကြီးပါ။အစောပိုင်းကမြန်မာနိုင်ငံရဲ့ ပြည် တွင်းရေးကြောင့်  ကျွန်တော် တို့ စိုးရိမ်ခဲ့ပေမယ့်
မြန်မာအိုလံပစ်ကော်   မတီ    ရဲ့ပြ
င်ဆင်ထား မှုကြောင့် မစိုးရိမ်တော့ပါဘူး” ဟု ကော့ချီက ဆိုသည်။
မြန်မာနိုင်ငံတွင်နှစ်ပေါင်
း ၄၄ နှစ် အတွင်းအိမ်ရှင်အဖြစ် တတိယ အကြိမ်မြောက် လက်ခံကျင်းပ မည့် ၂၀၁၃ ဆီးဂိမ်းတွင် အားကစားနည်း ၃၃ မျိုးပါဝင်လာမည်ဖြစ်ပြီး မလေးရှားနိုင် ငံမှကစား နည်း ၃၀ မျိုး အတွက် ကစားသမား ၅၂၉ ဦးဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။
မလေးရှားအားကစားအဖွဲ့များ နေပြည်တော်သို့ တိုက်ရိုက်လာရောက်မည်။ မလေးရှားအား ကစားအဖွဲ့ အနေဖြင့် မလေးရှားမှ နေပြည်တော်သို့တိုက်ရိုက် လေကြောင်း ခရီးဖြင့်လာရောက်ရ
န် စီစဉ်ထားကြောင်း လည်း အားကစား ၀န်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဋ္ဌေးအောင်က မဇ္ဈိမသို့ ပြောသည်။
“မလေးရှားကနေပြည်တော်ကိုတို
က်ရိုက် လေကြောင်းလိုင်းနဲ့လာဖို့စီစဉ်ထားပါတယ်။ ကျွန်တော် တို့ဘက်ကလည်း လိုတာအားလုံး စီစဉ်ပေးဖို့ပြောထားပြီး လုံခြုံရေးကိုလည်း အပြည့်ပေးမှာပါ။” ဟုဦးဋ္ဌေးအောင်က ဆိုသည်။
၂၀၁၃နေပြည်တော် ဆီးဂိမ်းကို နေပြည်တော်တွင်ကစားနည်း ၂၇ မျိုး၊ ရန်ကုန်မြို့ တွင် ခြောက် မျိုး၊ မန္တလေးမြို့ တွင် တစ်မျိုး၊ပုသိမ်တွင်တစ်မျို
း လက်ခံကျင်းပမည် ဖြစ်သည်။မလေးရှား အား ကစားအဖွဲ့ အနေဖြင့် ပြိုင်ပွဲပေါင်း ၄၆၀ ၀င်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၄၀ ခန့်မျှော်လင့် ထားကြောင်းလည်း The Star သတင်းစာတွင် ဖော်ပြ ထားသည်။

Photo Credit to 27th SEA Games Official
Credit to Mizzima - News in Burmese

No comments:

Post a Comment