Thursday, September 12, 2013

စစ်တပ်က ပြည်သူအတွက် တောင်းဆိုတဲ့ အချက် (၆) ချက် ကို ဘာကြောင့် ခါးခါးသီးသီး ငြင်းနေကြတာလဲ?

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လုပ် 
ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး
စင်တာ နဲ့  United
 Nationalities Federal
 Council (UNFC)  တို့ 
ဒုတိယအကြိမ် တွေ့ဆုံပွဲမှာ စစ်တပ်ရဲ့ တောင်းဆိုချက်
 (၆) ချက်ကို တိုင်းရင်းသား ခေါင်းဆောင်တွေက ခါးခါးသီးသီးငြင်းတာတွေ၊ တန်ပြန်မေးခွန်း
ထုတ် တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်တပ် လုပ်သမျှကို အမြဲလိုလို ဆန့်ကျင် ကန့်ကွက်နေခဲ့ကြတာ မထူးဆန်းတော့ပေမယ့် ဒီကနေ့လို ငြိမ်း ချမ်းနေချိန်မှာ စစ်တပ်က ပြည်သူ့အတွက်တောင်းဆိုတဲ့ အချက် တွေကို ဆန့်ကျင်တာကတော့ စိတ်ပျက်စရာပါ။  စစ်တပ်က တောင်းဆိုတဲ့အချက်တွေကတော့
၁။ လူမသတ်ရန်၊
၂။ အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆတ်ကြေး မကောက်ရန်၊
၃။ တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊
၎။ မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊
၅။  အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်
၆။  တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန် တို့ ဖြစ်ပါတယ်။ 
အချက်အားလုံးကာ စစ်တပ် အကျိုးရှိဖို့ တောင်းဆိုထားတဲ့ အချက် တစ်ခုမှ မပါပါ ဘူး။ ပြည်သူ့ အတွက်တွေချည်းပါပဲ။ လူမသတ်ဖို့ တောင်းဆိုမှုမှာ လူဆိုတာ အားလုံးပါပါတယ်။ စစ်သားတွေကို မသတ်ဖို့ ၊ ဗမာတွေကို မသတ်ဖို့ ကန့်သက်ချက် မပါပါဘူး။ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ် မှုတွေ မလုပ်ဖို့လည်း ပါပါတယ်။ တပ်သားသစ်မစု ဆောင်းရန် နဲ့ ဆတ်ကြေး မကောက်ရန် ဆို တာ ကလည်း မြန်မာနိုင်ငံတွင်းက ပြည်သူအားလုံးအတွက် တောင်းဆိုတာဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးကပ်စွာနေထိုင်ရတဲ့ ဒေသခံတွေက ဒီဒုက္ခတွေကို ပိုသိပါတယ်။ တပ်နေရာသစ်   မတိုးချဲ့ဖို့၊ အပစ်ရပ်တပ်ဖွဲ့များ ထည့်သွင်း မတိုက် ခိုက်ဖို့ နဲ့ ပြည်သူ့စစ်များကို မတိုက်ခိုက်ဖို့ ဆိုတာကလည်း စစ်တပ်အကျိုးအတွက်  တောင်းဆိုတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နဲ့ ငြိမ်းချမ်းနေတဲ့ အခြေအနေကို ကြာရှည် ထိန်း သိမ်း ဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေကို စစ်တပ်တစ်ခုပဲ တောင်းဆိုချင်တာ မဟုတ်ပဲ ငြိမ်းချမ်းရေး လိုလားတဲ့ မြန်မာလူထုတစ်ရပ်လုံးက တောင်းဆိုချင်တဲ့ အချက်တွေပါ။  အစိုးရအုပ်ချုပ်ရေးပိုင်း ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့ တောင်းဆိုတယ်ဆိုတာကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက် ဖြစ်ပါတယ်။ အစိုးရကို ဝေဖန်ချင်လျှင်၊ ထောက်ပြ ချင်လျှင် တရားဝင်မှတ်ပုံတင်ပြီး ကိုယ်ပိုင် သတင်းစာထုတ်လို့ရပါတယ်။ ဒေသတွင်းက အစိုးရ ဝန်ထမ်းတွေ ရဲ့ လုပ်ဆောင်မှုများကို မကျေနပ်လျှင်လည်း တိုင်ကြားလို့ ရပါတယ်။ အုပ်ချုပ်ရေး ပိုင်းကို ဝင်ရောက်နှောက်ယှက်တာတွေ နဲ့ ဘေးထိုင်ဘုပြောတာတွေ ကိုတော့ ဘယ်သူမှမကြိုက် ပါဘူး။ တကယ်လုပ်ဆောင်နေသူများအတွက်လည်း အနှောက်အယှက် ဖြစ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုယ်တိုင်ကတောင် ၎င်းတို့နယ်မြေတွင်းမှာ ကိုယ်ပိုင် အုပ်ချုပ် ခွင့်တွေ၊ ကိုယ်ပိုင် တရားစီရင်ခွင့်တွေကို လွတ်လွတ်လပ်လပ် လုပ်ဖို့ တောင်းဆိုနေတာပါ။ ချင်းမိုင် ဆွေးနွေးပွဲမှာ RCSS/ SSA မှ ဗိုလ်ကြီး စိုင်းမိန်း က တိုင်းရင်းသား လက်နက်ကိုင် အရေအတွက်ကတပ်မတော်ကိုမမှီကြောင်း ပြောဆိုခဲ့ပြီးUNFCအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ  ကလည်း အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို မထောက်ပံ့တာကြောင့် ကိုယ့်ခွင်မှာ ကိုယ် လုပ်ရမှာပဲဟု ပြောဆိုကြကြောင်း သတင်းထောက်များကို ပြောခဲ့ပါတယ်။ အစိုးရ ဝန်ကြီး ဦးအောင်မင်းကတော့ “တပ်မတော်ရဲ့ သဘောထား ၆ ချက်က ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ အချက်တွေပါ။ ပြည်သူလူထု ရဲ့ အသက်အိုးအိမ် စည်းစိမ် ကို မထိရင် တိုက်ပွဲ ဖြစ်စရာမလိုဘူးလို့ ပြောတာပါ။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မထိ ရင် တိုက်ပွဲ ဖြစ်စရာ မလိုဘူး၊ တာဝန်ယူတယ်လို့ ပြောတာ ဖြစ်တယ်။ ဒီစကားလေးကို အဓိပ္ပာယ် မလွဲဖို့ လိုတယ်” လို့ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ လူမသတ်ဖို့၊ ဆက်ကြေးမကောက်ဖို့၊ အတင်းအဓမ္မလူသစ်မစုဖို့၊ ပြည်သူ့စစ်တွေကို သွားပြီး မတိုက်ခိုက်ဖို့ ဆိုပြီး စစ်တပ်က တောင်းဆိုတာတွေကို ဘာကြောင့် ခါးခါးသီးသီး ငြင်းနေကြ တာ လဲ ဆိုတာ အဖြေက ရှင်းပါတယ်။ သူတို့ကိုယ်တိုင်က အရင်ကလည်းလူသတ်၊ဆက်ကြေးကောက်၊  လူသစ်စု၊ ရန်စတိုက်ခိုက်တာတွေကို အရင်ကလည်း လုပ်နေပြီး အခုလည်း လုပ်နေသလို နောက် လည်း လုပ်ချင်နေတာကြောင့် ဆိုတာ သိသာပါတယ်။ အခုလို စစ်တပ်ရဲ့ တောင်းဆိုချက်ကို သဘောမတူနိုင်တာတွေကြောင့် ယခင်က ဖြစ်ပေါ်ခဲ့တဲ့ အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်မှု များ၊ အမျိုးသမီးများကို မုဒိန်းကျင့်မှုများ၊ တစ်ရွာဝင် တစ်ရွာထွက် ဆတ်ကြေးကောက်မှုများ၊ အတင်းအဓမ္မလူသစ်စုမှုများ၊ အကြောင်းမဲ့ ရန်စ တိုက်ခိုက်မှုများကို ၎င်း တို့ ကျူးလွန်ခဲ့တယ်ဆို တာ ကို ဝန်ခံလိုက်ခြင်းဖြစ်သလို အဆိုပါ သတင်းများကို ထိန်ချန်ခဲ့သော၊ ပြောင်းပြန် ရေးသား ထုတ်လွှင့် ခဲ့သော မီဒီယာများ အတွက်လည်း သိက္ခာကျ အခက်တွေ့စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များအနေနဲ့ ၎င်း တို့ စိတ်ကြိုက် ဖန်တီးခဲ့တာ ဆယ်စုနှစ် ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ၎င်း တို့ ဆန္ဒတွေကို လျှော့ပြီး ပြည်သူ့ဆန္ဒကို ဦးစားပေး ကာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အချိန်ရောက်ပြီဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ စစ်တပ်ကတောင်းဆိုတဲ့ အချက် (၆) ချက်ကို  မလိုက်နာနိုင်သမျှ ကာလပတ်လုံးတော့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေအုံးမှာပါ။
ရဲဘော် မောင်တူး (ပြည်သူ့စစ်)
 
.. www.MyanmarExpress.net

No comments:

Post a Comment