Tuesday, September 3, 2013

ဘင်္ဂါလီလူမျိုး (၃)ဦး AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိ

မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်း ထားခြင်းမရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင် ဘာလ (၁) ရက် ည (၁၁း၅၀)နာရီ အချိန် ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာ ဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအ ချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ် ဟင်္သာ" အမည်ရှိ တရားမ၀င် ကုန်လှေဖြစ် ၍ ရေ ယာဉ်လိုင် စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ် စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ လှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာ ရေယာဉ်၏ စက်ခန်းအတွင်းပုန်းအောင်းလျက်ရှိသော ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူ အား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။၎င်းလှေ ၏ ပဲ့နင်းဖြစ် သူ ဦးမောင်ထွန်းနှင့် ဘင်္ဂါလီ (၃)ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂါလီလူမျိုးများအား (၁)ဦးလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ မြန်မာ့ရေပိုင်နက်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ ရှမ်း ကျွန်း မဲသို့ သွားရောက်မည်ဖြစ်ကြောင်း၊
ဦးနိုင်စိုက်ချမ်းမှ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခု အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော တရားခံများအား စစ်ရေယာဉ် (၄၀၃) တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းမိလှေ အား စစ်ရေယာဉ်အနီး တွင် ကျောက်ချရပ်နားစေကာ အသေးစိတ် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြိတ်ပုလဲမြေ

No comments:

Post a Comment