Wednesday, August 14, 2013

လူမှုကွန်ယက် Facebook ပေါ်တွင် ပျံ့နေသော လူ ၂ သန်းစုနေသည့်စာအကြောင်း

လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသော စာတစ်စောင်ဖြစ်သည့်ရန်ကုန်တိုင်းဒေသကြီး  သာသနာ့နုဂ္ဂဟအသင်းမှ အသင်းဝင်အင်အား
၂ သန်းရရှိအောင် စုဆောင်းနေဟူသော သတင်းနှင့် ပတ်သက်ပြီးသာသနာ့နုဂ္ဂဟ အ  သင်းမှ ထိုစာသည်အတုသာဖြစ်ကြောင်း 
 ငြင်းဆိုလိုက်သည်။ အများမှစွပ်စွဲနေ သကဲ့သို့ မိမိတို့အသင်းသည်  လူအင်အားစုဆောင်းပြီး
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီထောင်ရန် ပြင်ဆင်နေခြင်းမှာလည်း
မဟုတ်မှန်ကြောင်း၊ ထိုစာသည် မိမိတို့အသင်းကို အပုတ်ချလိုသော အဖွဲ့အစည်း
တစ်ခုခုမှ လုပ်ကြံခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့အသင်း၏ အသင်းဝင် လူအင်အားများပြား
မှုကြောင့် ပါတီထောင်ပြီး နိုင်ငံရေး ထဲဝင် မည်ကို ကြောက်ပြီး မဟုတ်မမှန်ပြော ဆိုနေခြင်း သာဖြစ်ကြောင်း၊ မိမိတို့ပါတီအာဏာရရေး
အတွက်ခြေထိုးခြင်းသည်  မကောင်းကြောင်း ပြောဆိုခဲ့သည်။
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်
မိမိတို့ပါတီမှသာ အနိုင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသလို သမ္မတဖြစ်ချင်ကြောင်းလည်း
မကြာခဏပြောဆိုခဲ့ဖူးသည်။


“ ယခုနေခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ အာဏာရအောင်
ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့လူတွေဟာ
စေတနာပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ၊
တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ နံပါတ်တစ်ရန်သူတွေဖြစ်တယ်''
(ဗိုလ်ချုပ်အောင်ဆန်း)

No comments:

Post a Comment