Friday, August 16, 2013

ထူးထူးခြားခြားရေအောက်တွင် လက်ထပ်ခွင့်တောင်းသူ

အမေရိကန် ပြည်ထောင်စု ဗာဂျီး နီးယား ပြည်နယ် လန့်ခ်ျဘာ့ဂ် မြို့မှ ဂျက်ဆီကာ ဖော်ဘီစ် ဆိုသော အမျိုး သမီးငယ် လေးသည် သူမ ချစ်သူ၏ လက်ထပ်ခွင့် တောင်း နည်းကြောင့် စိတ်လှုပ်ရှား အံ့သြ ရကြောင်း သိရသည်။
ဂျက်ဆီကာ၏ ချစ်သူသည် သူမ ထက် နှစ်နှစ်နီးပါး အသက်ကြီး သည့် အသက် ၂၃ နှစ်အရွယ် ဂျိုးဇက်ဟောက်စ် ဆိုသူဖြစ်ပြီး ၎င်းက ဂျက်ဆီကာအား ကာရစ်ဘီယံ ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရေငုပ်ရင်း လက်ထပ်ခွင့် တောင်းခံခဲ့သည်။
 ဂျိုးဇက်သည်ဂျက်ဆီကာနှင့်အတူ ရေငုပ်ရင်းပင်လယ်ကြမ်းပြင်အောက်တစ်နေရာတွင် ဒူးထောက် ကာ လက်ဟန်ခြေဟန် ပြ၍ ဂျက်ဆီကာ၏ လက်ကိုတောင်း ပြီး စေ့စပ်လက်စွပ် စွပ်ပေးခဲ့သည်။
 ထို့နောက် ရေစိုခံ ပင်လယ်ကြမ်းပြင် မြေပုံကို ဂျက်ဆီကာအား ပြသခဲ့ သည်။ မြေပုံ ၏ အောက်ခြေ နားတွင် ““ကိုယ့်ကို လက်ထပ် နိုင်မလား”” ဟု ရေးသား ထားခဲ့သည်။ သို့ရာတွင်၊ စေ့စပ် လက် စွပ်၊ ပျောက်မည် စိုးသဖြင့် ဂျိုးဇက်က သူ၏ရေကူး ၀တ်စုံတွင် ပိုးမျှင်ဖြင့် ချည်နှောင် ထားခဲ့သည်။
 ရေငုပ်ရာမှ ပြန်လည် တက်ရောက်ပြီး မိမိလက်ကို ကြည့်မှသာလျှင် စေ့စပ် လက်စွပ်မှန်း သိခဲ့ ရကြောင်း၊ ဂျိုးဇက်၏ အပြု အမူသည် မိမိအတွက် တစ်သက် မမေ့စရာ ရင်ခုန် စိတ်လှုပ်ရှား ရသော အဖြစ်အပျက်ပင် ဖြစ်ကြောင်း ဂျက်ဆီကာက သူမ၏ ရင်ခုန်သံကို ပြန်လည် ပြောကြားခဲ့သည်။ ထူးခြားစွာ စေ့စပ်ခဲ့သည့် ဂျိုးဇက်တို့ စုံတွဲသည် ဂျက်ဆီကာ ကျောင်းမပြီး သေးသည့်အတွက် လက်ထပ်မည့် ရက်ကို မသတ်မှတ် ရသေးကြောင်း သိရသည်။
From: မြ၀တီ

No comments:

Post a Comment