Monday, August 26, 2013

ကျွန်မမြင်မိသော…..သူတို့

Company ၀န်ထမ်းတစ်ဦးဖြစ်တဲ့ကျွန်မဟာ မမျှော်လင့်တဲ့ နာရေးတစ်ခုကြောင့်  မွေး ရပ်မြေ ဖစ် တဲ့ မြ၀တီမြို့ကို    ပြန်ဖြစ်ခဲ့တုန်းက    တွေ့ကြုံခံစားခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။အစကတော့  စာရေး သားတာ ၀ါသနာပါမှုမရှိတဲ့အပြင် ရေးခဲ့ဖို့လည်းစိတ်ကူးမရှိခဲ့ပါဘူး  ။ ဒါပေမယ့် အခု တလောဖတ်မိတဲ့သတင်းအချို့မှာမိုးထဲရေထဲချမ်းအေးလွန်းလို့ခိုက်ခိုက်တုန်နေပေမယ့်လည်း ပြည် သူတွေကို ကူညီပေးနေကြတဲ့  ရဲဘော်လေးတွေရဲ့ အခန်းကဏ္ဍကပျောက်နေတယ် ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း တာဝန်မယူဘူး ပုဂ္ဂလိကမီဒီယာကလည်း တာဝန်မယူဘူး ထိုင်းနိုင်ငံက ကယ်ဆယ်ရေးအတွက်  ထောက်ပံ့ပေးတဲ့ ပုံတွေ     သတင်းတွေကပဲ ရှေ့ရောက်နေတယ်။
        သူတို့တွေရဲ့ စိတ်ထဲမှာ တူညီစွာ ခံယူထားကြတာတစ်ခုက တပ်မတော်အကြောင်းဆိုရင် မကောင်းသည့်ဘက်မှ ရေးရမည်လို့ ခံယူထားကြပုံရှိဟန် တူပါတယ်။ မြန်မာမီဒီယာအချို့ရဲ့ ရပ် တည် ချက် ဟာမျှမျှတတမရှိဘူးဖြစ်နေပြီးတစ်ဖက်စောင်းနင်း ဖော်ပြနေကြတာတွေကို နေ့စဉ်
တွေ့နေမြင်နေရတဲ့အတွက် မိမိအမှန်တကယ်ကြုံတွေ့ခဲ့ပြီး ဘယ်တော့မှမမေ့နိုင်တော့တဲ့ အဖြစ်အ ပျက်လေးကို စိတ်ထဲမှာသိမ်းထားတာထက် အားလုံးလည်းသိစေဖို့ ရည်ရွယ်ပြီး ရင်ဖွင့်လိုက် ရတာပါ။
ကျွန်မမြ၀တီမြို့ကိုစရောက်တော့ ရေမကြီးသေးပါဘူး။ မိုးအနည်းငယ်သာရွာစပြုနေပါပြီ။ ဒါပေ မယ့် မြ၀တီကနေ မိမိအလုပ်ရှိတဲ့နေရာကို ပြန်မယ့်အချိန်မှာ မိုးလည်းဆက်တိုက် ရွာသွန်းနေ ပြီး ရေတွေလည်းကြီးစပြုနေပါပြီ။ ကားလက်မှတ်တွေကလည်း ၀ယ်ရခက်သွားသလို သွားရေး လာရေး လည်း မလွယ်ကူတော့ပါဘူးး။ လမ်းမှာရေတွေကြီးပြီး ကားလမ်းတွေပိတ်တယ်ဆိုတဲ့ သတင်းတွေကြောင့် ကားခတွေလည်း ခုန်တက်သွားပါတော့တယ်။ ဒါပေမယ့်လည်း မိမိအလုပ်က လည်းရှိနေသေးတော့ ရရာကားနဲ့ပဲ မြ၀တီကနေ ထွက်လာခဲ့ပါတော့တယ်။
      မြ၀တီအထွက်လည်းရောက်ရော ထွက်လာမိတာမှားပြီလို့ ကိုယ့်ကိုကိုယ် အပြစ်တင်မိ ပါတော့ တယ်။ လမ်းတစ်လျှောက်လုံး လမ်းဘေးဝဲယာ ဘယ်နေရာပဲကြည့်ကြည့် ရေပြင်ကျယ်ကြီးကို ပင်လယ်ပြင်အလားမြင်တွေ့လိုက်ရတယ်။ စိတ်ထဲမှာလည်း မိန်းမသားပီပီ စိတ်ပူပြီး ကြောက်စိတ် ၀င်သွားမိတယ်။ ကားဆရာက ဒီလမ်းကိုသေသေချာချာဘေးအန္တရာယ်ကင်းစွာ နဲ့မောင်းနိုင်ပါ့ မ လား၊ ချောချောမောမောမှရောက်ပါ့မလားဆိုပြီး စိုးရိမ်စိတ် ၀င်သွားမိတယ်။ မိုးက လည်း တဖြည်းဖြည်းနဲ့ ပိုသည်းလာသလိုပါပဲ။ ကားလမ်းဘေးမှာရှိတဲ့ မြင်ကွင်းတွေကိုကြည့်ကာ လိုက် လာရင်းနဲ့   စစ်သားတွေကိုစတွေ့လာရပါတယ်။           ဒီလူတွေ ဘာတွေများလုပ်လိမ့်ဦးမလဲဆိုပြီး  စိတ်ထဲမှာလည်း မကျေမနပ်ဖြစ်သွား ပါ တယ်။ သေချာကြည့်လိုက်မိတော့မှ လမ်းဘေးမှာပျက်နေတဲ့ ခရီးသည်တင်ကားတစ်စီးကို မိုးသည်း ထဲမှာ ၀ိုင်းတွန်းပေးနေကြတာပါ။ ဟိုးေ၇ှ့မှာလည်း စစ်သားတွေ စစ်သားတွေ မျက်စိတစ် ဆုံးထိအများကြီး မြင်တွေ့နေရပါတယ်။ ဟုတ်ပါတယ်….သူတို့လေးတွေ မိုးထဲရေထဲမှာ ကားတွေကို လမ်းကြောင်းမှားမသွားအောင် လမ်းပြပေးနေကြတာပါ။ ဘေးဘီကို မလုံမလဲနဲ့လှည့်ကြည့်ရင်း ကျွန်မ ကိုယ့်ကိုကိုယ် တော်တော်ရှက်သွားပါတယ်။           အမှန်ပြောရရင် ကျွန်မ စစ်ဗိုလ်၊ စစ်သားတွေဆိုရင် အခွင့်ထူးခံလူတန်းစားတစ်ရပ်လို့ ထင်မြင်ပြီး နှစ်သက်မှုမရှိလှပါဘူး။ ဒါပေမယ့် ချမ်းအေးလှတဲ့မိုးသည်းထဲမှာ အများသူငှာတွေလို အိမ်ထဲမှာနွေးထွေးစွာမနေရဘဲ အပင်ပန်းခံနေတဲ့ စစ်သည်တွေကိုမြင်မိတော့ ပထမဆုံးအကြိမ် အဖြစ် စိတ်ထဲမှာလေးစားပြီး သာဓုလည်းခေါ်မိပါတယ်။ စုတ်စုတ်ပြတ်ပြတ်နဲ့ စစ်သားလေးတွေ ကိုမြင်ရတာ စိတ်ထဲလည်းမကောင်းပါဘူး။ ငါတို့တွေသာ ပြည်သူတွေဆိုပြီး အခွင့်အရေးအမျိုး မျိုးကို တောင်းဆိုနေလိုက်ကြတာ သူတို့မှာတော့ အဲဒီလိုမျိုးတွေ တောင်းဆိုဖို့စိတ် ကူးထဲတောင် ရှိရဲ့လားလို့ အတွေးနယ်ချဲ့ကာ ကားပေါ်မှာအဲကွန်းဖွင့်ထားလို့ စောင်လေးခြုံရင်း လိုက်လာ တဲ့ကျွန်မ ကိုယ့်ကိုကိုယ် သိမ်ငယ်လာမိတယ်။ မြင်လိုက်ရတာတော့ ခဏတာပါပဲ…။ ဒါပေ မယ့် မြ၀ တီကနေ ကျွန်မအလုပ်ရှိရာ မြို့လေးကိုပြန်လာတဲ့လမ်းတစ်လျှောက် အတွေးကတော့မဆုံးတော့ ပါဘူး။
          “ နိုင်ငံသားအတွက် နိုင်ငံတော်လော၊ နိုင်ငံတော်အတွက် နိုင်ငံသားလော”

ခြွှင်းချက်မရှိ သေချာတာတစ်ခုကတော့ သူတို့ဟာ နိုင်ငံတော်အတွက် နိုင်ငံသား ဆိုတဲ့ စိတ်ဓါတ် အပြည့်၊ ခံယူချက်အပြည့်နဲ့ အရေးကြုံလာရင် ရှေ့က အသက်ပေးပြီး ပြည်သူလူထုကို ကာ ကွယ်စောင့်ရှောက်မယ့်  လူတွေဖြစ်နေမယ်ဆိုတာကို ကျွန်မယုံကြည်လာမိတယ်။
   အခုလက်ရှိ ကျွန်မတွေ့နေတဲ့ လူအတော်တော်များများက စစ်တပ်က မကောင်းဘူး သာ ပြောနေကြပေမယ့် ကိုယ်တိုင်လည်း ဒုက္ခရောက်မှာစိုးလို့ တပ်မတော်သားမလုပ်ဘူး ၊ ကိုယ့်သားသမီးတွေကိုလည်း ပင်ပန်းဆင်းရဲမှာစိုးလို့ တပ်မတော်သားမလုပ်ခိုင်းဘူး၊  လုပ်နေတဲ့ တပ်မတော်သားတွေကိုကြတော့ ထိုင်ပြီးအပြစ်ပြောနေတဲ့ လူတွေသာ များပါတယ်။ 
   တဆက်တည်းတွေးမိတာတစ်ခုက ဒီနေ့ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေသာ ကျွန်မတို့လို တန်မှလုပ်မယ်ဆိုတဲ့ စိတ်မျိုးထားနေရင် တပ်မတော်သား လုပ်မယ့်သူတောင် ရှိမှာမဟုတ်လောက်ပါဘူး.. .နေပူမရှောင် မိုးရွာမရှောင် တောထဲတောင်ထဲ မှာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ  ၊ ရေကြီးလို့ အများပြည်သူ ဒုက္ခရောက်နေကြတဲ့အချိန်မှာ အေးအေးဆေးဆေး မိမိတို့နှင့်မဆိုင်ဟုဆို ကာ နေ ၍ရသော်လည်း ချမ်းအေးလှတဲ့ မိုးထဲရေထဲမှာ အပင်ပန်းခံပြီး ကူညီပေးနေကြတဲ့ တပ်မတော် သားတွေ…သူတို့တွေဟာ အခုရတဲ့လစာငွေလောက်နဲ့ လုပ်နေကြတာဟာ ၀မ်းရေးတစ်ခု တည်းကြောင့် လို့ ထင်နေတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်မျိုးကို ထုတ်ပစ်လိုက်ဖို့ လိုနေပြီလို့ပဲ ကိုယ့် ကိုကိုယ်သတိပေးရင်း  တဖြည်းဖြည်းနဲ့ တပ်မတော်သားတွေရဲ့ ဘ၀ကို စာနာနားလည်လာမိ ပါတော့ တယ်။ မျိုးချစ်စိတ်တွေဘာတွေလည်း ကြီးကြီးကျယ်ကျယ်ပြော မနေချင်တော့ပါဘူး...။ ကျွန်မတို့ပြည်သူတွေကိုယ့်အိမ်ကိုယ့်ယာထဲမှာအေးအေးဆေးဆေးမိသားစုနဲ့အတူ ပျော်ရွှင်စွာ နေနေကြတဲ့အချိန်မှာ  ဒီရဲဘော်လေးတွေလည်း နေချင်ကြမှာပါဘဲ ။ 
ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ခရီးသွားနေကြတဲ့ ပြည်သူတွေအချိန်မှီအိမ်ပြန်ရောက်နိုင်အောင်၊   ခရီးလမ်း အဆင်ပြေချောမွေ့အောင် ကူညီရင်း မိုးသည်းထဲက အမှောင်ထဲမှာ သူတို့ မီးအုပ်ဆောင်းလေးတွေကိုယ်စီနဲ့ ပြုံးပြီးနေနေကြတယ်။ ခရီးလမ်းတစ်လျှောက်မှာရှိတဲ့  မိဘပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ နေနေကြမှာပဲဆိုတဲ့ စိတ်ကလေးနဲ့ ကျေနပ်နေရတဲ့ ပေးဆပ်သူတွေ     ရှိနေသေးတယ်ဆိုတာ    သိရင် ကျွန်မဒီစာလေးကို ရေးရကျိုးနပ်ပါပြီ...........။

                                                                                        -      ဒေါ်ဝင်းဝင်းလှိုင်

No comments:

Post a Comment