Monday, August 26, 2013

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား
အကြောင်းပြု၍ပြည်ပနိုင်ငံများရှိအကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများ
စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း
လုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှတဆင့်အကြမ်းဖက်သမား များ ၀င်ရောက်လာမည့် သတင်းကိုကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအားတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာသြဂုတ်လ၂၂
ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သွားလုပ်ပြီးမိမိနိုင်ငံသို့ ပြန်လာ သည့် မြန်မာလူမျိုးများနှင့် ရော၍ ရေလမ်းကြောင်းမှတဆင့်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါသုံး ဦး အနက်နှစ်ဦးမှာမြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။အဆိုပါအကြမ်းဖက်သမား(၃)ဦးစလုံးမှာမြန်မာလူမျိုးများကဲ့သို့ မြန်မာစ ကားကိုကျွမ်း ကျင်စွာပြောဆိုနိုင်သူများဖြစ်သည်။ “အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့တနသာင်္ရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရောရေကြောင်းကပါဝင်လာနိုင်တယ်။လုံခြုံရေးကိုတော့ အရင်ကထက်တိုးပြီး
ချထားတာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့လည်းကိုယ့်ပတ်ဝန်းကျင်မှာသတင်းရရချင်းသက်ဆိုင် ရာ လုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့သင့်တယ်”ဟု ကျွန်းစုမြို့နယ်မှ ဒေသ ခံ ရေ လုပ်သားတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများဝင်ရောက်လာမည့်သတင်းများကြိုတင်ရရှိထားသဖြင့်   နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်း ဆီးရ မိခြင်းမှာပထမဦး ဆုံး အကြိမ်ဖြစ်သည်။

From: မြစ်မခ

No comments:

Post a Comment