Friday, August 30, 2013

ရေဘေးအန္တရာယ်ကြုံတွေ့နှိုင်တဲ့ အလားအလာမြင့်မားတဲ့ နေရာတွေ

ဆရာဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ ရေးဘေးတွေ့နိုင်သေးလို့ အားလုံးသတိရှိ နေဖို့ပါခင်ဗျာ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။မိုးနှောင်းရာသီအ၀င်နဲ့ မုတ်သုံ ဆုတ်ခွာ ဖို့အပြင်အဆင်တွေတွေ့နေရပြီဖြစ်ပါတယ်။
Weather News Update
30th August 2013
၂၀၁၃ခုနှစ်တစ်နှစ်လုံးပွဲကြမ်းနေခဲ့တဲ့မုတ်သုံဟာအခုတော့ပွဲများပမ်းသွားလေပြီလားလို့ ပြောရ   လောက်အောင်မိုးရော၊ လေရော၊ ရေရောတစ်နေ့ထက်တစ်နေ့ လျော့ ကျ လာနေပြီ ဖစ်  ပါ တယ်။
ရာသီကာလအနေနဲ့လည်း စက်တင်ဘာလ(၁)ရက်ကစပြီး မိုးနှောင်းရာသီဟာ ၀င်တော့မယ်။ စက်တင် ဘာလ အလယ်လောက်ကစပြီး မုတ်သုံဟာ မြန်မာနိုင်ငံမြောက်ပိုင်း စဆုတ်တော့မယ်။ မကြာမီ မိုးခြိမ်း သံတွေ လျပ်စီးလက်တာတွေ။ မိုးသက်လေပြင်းတိုက်တာတွေ အထူးသဖြင့် မွန်းလွဲ ညနေပိုင်းတွေမှာ အခင်း အကျင်းတွေနဲ့ အနောက်တောင်မုတ်သုံလေဟာ "လွန်တာရှိ ၀န္တာမိ" ပါလို့ တောင်းပန်နေသလိုနဲ့ လက်ပြ နှုတ်ဆက်တော့မယ်။
အလွမ်းဓါတ်ခံရှိတဲ့သူတွေအတွက် လျပ်စီးလက်တာတွေနဲ့အတူ မိုးခြိမ်းသံတွေဟာ လွမ်းတတ် ရင်တော့ လွမ်းစရာတောင်ကောင်းနေပါလိမ့်ဦးမယ်..။
လက်ရှိ ဒီကနေ့အတွက် သတင်းတွေကတော့(၁) အိန္ဒိယနိုင်ငံ Kalpana-1 ဂြိုဟ်တုမှ တိုင်းတာပေးသော Quantitative Precipitation Estimate(QPE) အရ (၂၉-၈-၂၀၁၃) ရက်နေ့တွင် (၂၄)နာရီအတွင်း မိုးရေချိန်ပမာဏ (၁-၁၀ မမ)ခန့် ရွာသွန်းခဲ့သော ဒေသများကိုကို ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက် ပိုင်းမြောက် ဖျားဒေ သ၊ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်မြောက်ပိုင်း တို့ဖြစ်ကြ ပါတယ်။ ကချင်ပြည် နယ်မြောက်ဖျားပိုင်းမှာတော့ မိုးရေချိန် (၁၁-၂၀ မမ)ခန့် ရရှိခဲ့ကြပါတယ်။ ကျန်ဒေသများမှာတော့ မိုးမရခဲ့ကြပါဘူး။ မိုးရွာသွန်းမှုတွေ သိသိသာသာ လျော့ကျလာနေပါတယ်။
(၂) (၂၉-၈-၂၀၁၃)ရက် ည့(၉)နာရီခွဲအချိန်တွင် လွန်ခဲ့တဲ့(၂၄)နာရီအတွင်း မိုးသည်းထန်စွာရွာသွန်း ခဲ့သော ဒေသများနဲ့ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေဖုံးလွှမ်းခံရနှိုင်မှုမြင့် မားသောဒေ သများ ကို နာဆာဂြိုဟ်တုများမှ တိုင်းတာပေးချက်အရ မိုးသည်းထန်မှု မှာရော ရေဖုံးလွှမ်း ခံရနှိုင်မှုမှာရော သိသိ သာသာလျော့နည်းလာတာကိုတွေ့ရပါတယ်။ အထူးသဖြင့် မိုးရွာသွန်းမှုမှာ စစ်ကင်းတိုင်းအလယ်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်းစွန်း နဲ့ မွန်ပြည်နယ် အလယ်ပိုင်း ဒေသ အချို့မှာသာ မိုးကောင်းခဲ့တာကို တွေ့ရပါတော့တယ်။
(၃) (၂၉-၈-၂၀၁၃)ရက် ည့(၉)နာရီခွဲအချိန်တွင် လွန်ခဲ့တဲ့(၂၄)နာရီအတွင်း မိုးသည်းထန်စွာရွာသွန်း ခဲ့သော ဒေသများနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဖုံး လွှမ်းခံရနှိုင်မှုမြင့်မားသောဒေ သများကို နာဆာဂြိုဟ်တုများမှ တိုင်းတာပေးချက်အရ မိုးသည်းထန်မှုမှာရော ရေဖုံးလွှမ်းခံရနှိုင် မှုမှာရော သိသိ သာသာလျော့နည်းလာတာ ကိုတွေ့ရပါတယ်။ အထူးသဖြင့် ရေဖုံးလွှမ်းခံဒေ သများ ကို ရန်ကုန်တိုငး တောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်း နဲ့ မွန်ပြည်နယ်အလယ်ပိုင်း တို့မှာ သာ တွေ့ရပါတယ်။
(၄) (၃၀-၈-၂၀၁၃)ရက် နံနက် (၇)နာရီ (၁၇)မီနစ်အချိန် နောက်ဆုံးတိုင်းတာ ရရှိတဲ့ ရေဘေး အန္တရာယ် ကြုံတွေ့နှိုင်တဲ့ အလားအလာမြင့်မားတဲ့ နေရာတွေကို ရန်ကုန်(မင်္ဂလာဒုံ)၊ ပဲခူး၊ ကျောက်ဖြူ နဲ့ သထုံ မြို့တွေရဲ့ ပတ်ဝန်းကျင်ဒေသတွေ မှာ တွေ့နေကြရပါတယ်။
ဒေါက်တာထွန်းလွင်

No comments:

Post a Comment