Saturday, August 24, 2013

ကျုံးဘေးတွင် ဓားဖြင့်လိုက်ခုတ်နေသူများအားဖမ်းမိ၊ လူငယ်များစိတ်ဓာတ်ကောင်းအောင် စစ်မှုမထမ်းမနေရစနစ်လုပ်သင့်ဟုဆို

 မန္တလေးမြို့ အများပြည်သူအပန်းဖြေ
ရာကျုံးဘေးမှာ ဆိုင်ကယ် အုပ်စုဖွဲ့
ဓားကိုင်ပီး  အပြစ်မရှိဘဲနဲ့ အများပြည်
သူအပေါ်လိုက်လံ ရန်ပြုနေတဲ့ လူရမ်းကား
အုပ်စုကို ဖမ်းဆီး ရမိပြီဖြစ်ပါတယ်။ 
 ဒီမိုကရေစီမရခင်ကကျုံးဘေးတစ်ေ လျှာက်  မှာအရက်မူးပြီးဆိုင်ကယ်မောင်း   တဲ့ အမူးသမားအချို့သာရှိခဲ့ပေမယ့် ဒီမိုကရေစီရပြီးတဲ့နောက်ပိုင်းမှာတော့ အများပြည်သူအပေါ်စိတ်အနှောင့် အယှက်ဖြစ်လောက်အောင် အခြောက်တွေ လည်းပေါလာသလို အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ဓားကိုင်ရမ်းကားတဲ့သူတွေ လည်းများပြားလာခဲ့ပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များမှ အများပြည်သူအေးချမ်းစွာ နေနိုင်အောင်လို့ ကျုံးဘေးတစ်လျှောက် အခြောက်များကို ဖမ်းဆီးခြင်း၊ ဓားကိုင်ရမ်းကားသူများကို ဖော်ထုတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ရပါတယ်။
ဓားကိုင်ရမ်းကားသူများမှာ ငယ်ရွယ်သူများဖြစ်ကြပြီး စိတ်ကြွဆေးများသုံး၍ ရူးကြောင်ကြောင်ဖြစ်နေကြကြောင်း ဖမ်းဆီးခဲ့သူပြည်သူ့ရဲတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီရလာတာနဲ့ ချက်ချင်းဆိုသလို လူငယ်အများစုမှာ ရမ်းကားလာပြီး မူးယစ်ဆေးဝါးများသုံးစွဲပြီး ပျက်စီးနေကြပြီဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့အနာဂတ်လူငယ်များကို ပြုပြင်ထိန်းသိမ်း         ပျိုးထောင်ပေးသင့်ကြောင်း၊ နိုင်ငံချမ်းသာလာတာနဲ့ တခြားတိုင်းပြည်များလို အရွယ်ရောက်တဲ့ လူငယ်များကို စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပေးပြီး တပ်မတော်ထဲမှာ စိတ်ဓာတ်ကောင်းအောင် လေ့ကျင့်ပေးသင့်ကြောင်း မန္တလေးမြို့နေ ဆိုင်ကယ်တက္ကစီဆွဲသူ  ကိုအောင်ကျော်စိုးမှ ပြောကြားသွားပါတယ်။

From:နိုင်ငံသစ်

No comments:

Post a Comment