Friday, August 16, 2013

၁၃-၇-၂၀၁၃ "ရုရှား၏ ကရင်မလင်နန်းတော်တွင် ကွန်ပျူတာအစား လက်နှိပ်စက်အသုံးပြုရန် စီစဉ်"


 ရုရှားသမ္မတ၏ ရုံးစိုက်ရာ အဆောက်အအုံဖြစ်သော ကရင်မလင်နန်းတော်တွင် ကွန်ပျူတာများ အစား လက်နှိပ်စက်များကို ပြန်လည် အစားထိုး အသုံးပြုရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ကွန်ပျူတာ ကွန်ရက်များမှတစ်ဆင့် သတင်းအချက်အလက် ပေါက်ကြားမှုများ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ယခုလို ခေတ်ဟောင်းမှ ပုံနှိပ် ကိရိယာများထံ ပြန်လည် ဦးလှည့်ရန် စီစဉ် လာခြင်းဟု ဆိုသည်။
ရုရှား အစိုးရ အစောင့်တပ်ဖွဲ့ (FSO)နှင့် နီးစပ်သူများက ကရင်မလင်၏ ဆက်သွယ်ရေး ကွန်ရက်စနစ်ကို အပြောင်းအလဲ ပြုလုပ်ရန် သမ္မတ ဗလာဒီမာ ပူတင်က ဆန္ဒရှိနေပြီး ပေါက်ကြား မှုများမှ ကာကွယ်ရန်အတွက် အရေးအကြီးဆုံး စာရွက်စာတန်းများကို လက်နှိပ်စက်ဖြင့် အသုံးပြု ရိုက်နှိပ်လာဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။
Read more http://www.planet.com.mm/news/read.cfm/id/21135

No comments:

Post a Comment