Monday, August 26, 2013

ပခုက္ကူမှာ ပြန့်နေတဲ့ NLD အကြောင်း လက်ကမ်းစာစောင်

ဗျို့
ME မကွေးတိုင်းဒေသကြီး 
ပခုက္ကူမှာမနေ့က““ဒေါ်အောင်ဆန်းစုကြည်  nld နှင့် ကျွန်ုပ်တို့၏အနာဂတ်များ””
ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တွေကို သံဃာတော်တွေနဲ့လူငယ်တစ်ချို့ က လိုက်လံဖြန့်ဝေနေတဲ့သတင်း ရြ့ပီးပြီလား။
ကျွန်တော့်ဆီမှာ အေဖိုးဆိုဒ်သုံးရွက် လက်ခံရရှိထားတယ်ဗျ။အကျဉ်းချုပ်လေး နည်းနည်းပြောပြ မယ်ဗျာ။စာစောင်မှာဖော်ပြထားတာက-
““ ဒေါ်စု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့အခါ အများနည်းတူသံဃာတွေကလည်းလိုလားထောက်  ခံခဲ့ကြောင်း၊ဒေါ်စုနဲ့ nld အပေါ် သံဃာတွေဘယ်လောက်ထောက်ခံခဲ့တယ်ဆိုတာကို
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ အသက်စတေးခဲ့ရတာ သာဓကဖြစ်ကြောင်း၊
ခုချိန်မှာတော့ဒေါ်စု ဦးဆောင်တဲ့ nld နဲ့ သံဃာတွေဟာပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေ ရကြောင်း၊
ဒါဟာ ဒေါ်စုကြောင့်ဖြစ်ကြောင်း၊ဆရာတော် ဦးဝီရသူက တရားပွဲမှာခွပ်ဒေါင်းကနေမွတ်ဒေါင်းဖြစ် သွားပြီလို့ ဟောလိုက်တဲ့အခါအစ္စာလမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့မိမိပါတီကို မပြုပြင်ဘဲ ဦးဝီရသူကိုသာမကသံဃာထုကိုပါ ရန်သူကြီးသဖွယ်nld ပါတီဝင်တွေက တိုက်ခိုက်ကြကြောင်း၊
မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူတင်သွင်းတဲ့အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြိးအမျိုးသမီး ထုရဲ့ထင်မြင်ယူဆချက်ကိုမီဒီယာတွေက မေးမြန်းတဲ့အခါဒေါ်ဇီးကွက်၊ ဒေါ်ဇင်မာအောင်နဲ့ ဒေါ်စု တို့ကလူ့အခွင့်အရေးချိုးဖောက်မှုလို့တညီတညွတ်တည်းကန့်ကွက်ခဲ့မှု၊nldကခွန်ဒီးယက် ခေါ်  မေဇင်အေးရဲ့
ဗုဒ္ဒဘာသာအပေါ် တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲအရှိန် ပိုမြင့်တက်လာခဲ့ကြောင်း။ဒေါ်စုအနေနဲ့ အခုထိသံဃာတော်တွေနဲ့ ဗုဒ္ဒဘာသာဝင်တွေအပေါ်အကာအကွယ်ပေးတဲ့စကား လုံးဝမပြောပဲ
မူဆလင်နဲ့ အစ္စလာမ်ကိုသာ အကာအကွယ်ပေးနေကြောင်း၊Time မဂ္ဂဇင်းမှာ ဖော်ပြတဲ့ The Face Of Buddhist Terrorဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံး အပါအ၀င်မြန်မာမီဒီယာများက မဂ္ဂဇင်းကို ကန့်ကွက်ချိန်မှာဒေါ်စုအနေနဲ့ ဗုဒ္ဒဘာသာဘက်ကကာကွယ်ပေးဖို့ပျက်ကွက်ရုံမက
သူ့ပါတီဝင်တွေကပါ Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့Campain ကိုတောင် ရှုတ်ချခဲ့ကြကြောင်း၊
ဒါ့အပြင်ဒေါ်စုနဲ့ OIC ဆက်သွယ်မှုရှိပြီးOIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့်ကိုသမ္မတဦးသိန်းစိန် လက်ထက်မှာ မရပေမယ့်2015 မှာ ဒေါ်စု က ကျိန်းသေပေါက် ခွင့်ပြုပေးမှာဖြစ်ကြောင်း၊
OIC ဟာ ဘင်္ဂါလီနဲ့ အစ္စလာမ်အကျိုးစီးပွားသက်သက်သာ ဖြစ်ပြီး မြန်မာလူမျိုးတွေအတွက်
လုံးဝမဟုတ်ကြောင်း၊1982 ခုနှစ် နိုင်ငံသားဥပဒေကို ပြင်မယ်ဆိုတာကလည်းဘင်္ဂါလီတွေ၊ အစ္စလာမ်တွေအတွက်သာဖြစ်ကြောင်း၊အမျိုးဘာသာသာသနာအကျိုးစီးပွားအာမခံချက် မပေးနိုင် ရင်နိုဘယ်ဆုတွေဘယ်လောက်ရရဒေါ်စု သမ္မတ မဖြစ်သင့်ကြောင်း၊အစ္စလာမ်လွှမ်းမိုးမယ့် ဒီမို ကရေ စီနိုင်ငံအစားဗုဒ္ဒဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကိုပဲပြန်သွားမယ်လို့တောင် ပြော ဆိုနေကြကြောင်း၊ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ခွင့်ရှိတာမို့အရွေးမမှားဖို့ လိုကြောင်း၊
အရွေးမှားရင် ပြည်သူတွေသာမကပြည်သူတွေကိုးကွယ်တဲ့ ရဟန်းသံဃာတွေပါ
ဒီဆိုးကျိုးကို ခံစားရမှာဖြစ်ကြောင်း၊အမျိုးဘာသာသာသနာအကျိုးစီးပွားကိုအာမခံနိုင် မယ့် ခေါင်းဆောင်(သမ္မတ)ကိုရွေးချယ်ပေးကြဖို့တိုက်တွန်းလိုကြောင်း””ဖော်ပြထားပါတယ်ခင်ဗျ။
အောက်နားမှာပါတော့2015 မှာ ဒေါ်စု သမ္မတဖြစ်လို့ OIC ရုံးခွဲခွင့်ပြုတာနဲ့နောက်ဆက်တွဲ
ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ၊မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်များ
ဖော်ပြထားပါတယ်။( လုလင်- ပြောသည် )
မှတ်ချက်။ လိုအပ်သလို အသုံးပြုနိုင်ပါတယ်

5 comments:

နိုင်ငံရေးလုပ်တဲ့နေရာမှာ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ လုပ်လို့မရတဲ့နေရာတွေ ရှိပါတယ်...အဲဒီအခါကျရင် တစ်ဖက်ဖက်ကို ပြတ်ပြတ်သားသား ရပ်တည်ရမယ်...မိမိရပ်တဲ့ဘက် အ ရွေးမမှားလိုပါတယ်...ဒီလိုနေရာမျိုးမှာ win-win game လုပ်လို့မရပါဘူး...NLD ဘက်မှားနေပြီလို့ ထင်ပါတယ်...အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ့အခွင့်အ ရေးက ဒုတိယ နေရာမှာပဲရှိတယ် ဆိုတာ USA က စနိုးဒန် ကိစ္စမှာ မြင်နိုင်ပါတယ်...
ဟုတ်တယ်ဗျာကျုပ်တို့ ရေစကြိုမှာရောဒီစာစောင်တွေ ရတယ်။ကောင်းတယ်nld ဘာလဲ၊ ဘယ်လဲ
ရပ်တည်ချက် ၊ ခံယူချက်က ဘယ်လိုဆိုတာပြည်သူတွေ အသေအချာသိသွားတာပေါ့။
NLD, BBC, Irrawaddy Aung Zaw, VOA, RFA, DVB, Mizzima, they are all the same. They collaborate, coordinate and synchronize each other and with powerful financial backing they pay many inside media like the Voice, Eleven Media Group and Internet Blogg like Thit Htoo Lwin which post only the above media writings and never U Wirathu and other Wun-Thar-Nu views.
အန် တီ စု က အ င် မ တန် နိ င် ငံ ကြီး သား ပီ သ.လွ န်း နေ တယ် ။ သူ က နိ င် ငံ ရ ပ် ခြား မှာ ကြီး ပြ င်း လာ သူ ဆိုေ တာ့ မြန် ပြ ည် ရ.ဲ့ အောက် ခြေ ထိ သူ က. မ သိ သ လို မေေံ လ လာ မိ ဘူး နေ မယ် ။ ဒို့ ဗို လ် ချု ပ် က မြန်ုပ ည် မှာ မွေး မြန် ပြ ည် မှာ ကြီး လာ သူ ဆို တော့ ဒို့  နိ င် ငံ ဒို့ လူ မျိး ကို အ ပြ. ည့် အ၀ ချ စ် ခဲ့ တယ် ။ သူ လု ပ် တာ မှား နေ လား ဆို့ တော့ မှန် လွ န်း လို့ ခက် နေ တယ် ။ နေ ရာ တ ကာ မှာ လူ့ အ ခွ င့် အ ရေး ဆို့ တဲ့ ပေ တံ နဲ့ ချည်း တို သ်းနေ. မယ် ဆို ရ င် အ မှား များ စွာ ကြုံ့ တွ့ လာ နိင် တယ် ။ ဘာ ပဲ ဖြ စ် ဖြစ် n l d ရဲ့ ပုံ စံ မ ပြော င်း ဘူး ဆျု ရ. င် ၂၀၁၅ မှာ အား လုံး ရဲ့ ထင် မြ င် ချက်ေ တွဟာ ပြော င်း လဲ သွား နိ င် တယ်။

No comments:

Post a Comment