Friday, August 16, 2013

ကရ၀ိတ်နန်းတော် ၀င်ပေါက်ရှိ ကျပ်သိန်း ၁၀၀၀ တန်ရေသန့်စင်စက်ကို တိုက်မိပျက်စီး၍ အရေးယူ

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၅၈ အချိန်ခန့်တွင် မင်္ဂ လာတောင် ညွှန့်မြို့နယ်၊ ကရ၀ိတ်နန်းတော် ၀င်ပေါက် အနီးရှိ ဂျပန်နိုင်ငံမှ လှူဒါန်းထားသောရေသန့်စင်စက်အား ၁ဃ/---- ဟာရီယာနံ့သာရောင်ယာဉ် မှ နောက်ဆုတ်စဉ်အရှိန်မထိန်းနိုင်
ဘဲတိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားကြောင်းကို ကရ၀ိတ်ဥယျာဉ် ကမ္ဘာလုံခြုံရေးဝန်ထမ်းဦးဝင်းနိုင်ထွန်း ၏ အကြောင်းကြားချက်အရ ၁၄.၈.၂၀၁၃ ရက်နေ့၀၈၀၀အချိန်တွင်ဒေါ်ခင်အေးမြင့်၊ ရေသန့်ဌာန၊ ရန်ကုန် မြို့ တော်စည်ပင်သာယာရေးကော်မတီမှသွားရောက်ကြည့်ရှု စစ်ဆေး ရာ ကာလတန်ဘိုးငွေကျပ်သိန်း (၁၀၀၀) ခန့်ရှိရေသန့်စင်စက်မှာ ပျက်စီး သွားကြောင်းစစ်ဆေးတွေ့ရှိရ၍ ယာဉ်မောင်းသူ အပေါ်စုံစမ်း အရေး ယူပေးပါရန်တိုင်တန်းခဲ့သဖြင့်မင်္ဂလာတောင် ညွန့်မြို့မ ရဲစခန်း (ပ)၅၇၂/၂၀၁၃၊ပြည် သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့်လည်းကောင်း၊ ယာဉ်အားမဆင် မခြင်မောင်းနှင် ၍ ရေ သန့်စင်စက် အားတိုက်မိခဲ့သဖြင့် ယာဉ်(ပ) ၃၃/၂၀၁၃၊ ပုဒ်မ ၂၇၉ /၂၀၂ ဖြင့်လည်းကောင်း အရေးယူစုံစမ်း ဆာင်ရွက်လျက်ရှိကြောင်းသတင်း ရရှိပါသည်။
FROM-YANGON POLICE

No comments:

Post a Comment