Friday, August 16, 2013

၂ဝ၁၃ မယ်စကြာဝဠာဘွဲ့ မလေးရှား အလှမယ်ရရှိ

Thursday, 15 August 2013
မလေးရှား အလှမယ် ကာရိုးလ်လီ သည် ကာရစ်ဘီယန်ရှိ ပလမ် ကမ်းခြေ The Westin Aruba အပန်းဖြေ စခန်းတွင် သြဂုတ် ၁၁ရက်က ကျင်းပသော ၂ဝ၁၃ ခုနှစ်အတွက် မယ်စကြ ဝဠာ နောက်ဆုံး အဆင့်ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး သရဖူကို ဆွတ်ခူး ရရှိခဲ့ကြောင်းနှင့် သူမသည် နိုင် ငံတကာမယ်စကြဝဠာ ပြိုင်ပွဲ၌ ဆုရခဲ့သည့် ပထမဆုံး အာရှ အမျိုးသမီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ အလှမယ် ၃၂ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်းနှင့် အသက် ၃၉နှစ်ရှိ လီသည် လူကြိုက် အများဆုံးဆုကို ရရှိခဲ့သည့်အပြင် မယ်စကြဝဠာ ဆုကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။ လီသည် အွန်လိုင်းမှ ပရိသတ်များက ပေးအပ်သည့် မဲစုစုပေါင်း ၈၈၆၄၉ မဲကို ရရှိခဲ့ပြီး အမေရိ ကန်နိုင် ငံမှ အမန်ဒါဂရက်ဒ်သည် မဲအရေအတွက် ၈၈၅၅၆မဲကို ရရှိခဲ့သည်။လီသည် အဆို ပါပြိုင် ပွဲကို ယှဉ်ပြိုင်ရန်အတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများကို ၁ဝလကြာ ပြု လုပ် ခဲ့ကြောင်း နှင့် သူမသည် ပြီးခဲ့သည့်နှစ်ကလည်း မလေးရှားမယ်ဘွဲ့ကို ရရှိခဲ့သူလည်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၌လီ၏ ဝတ်စား ဆင်ယင်မှုကို ၂ဝဝ၉ခုနှစ် အာရှ ထိပ်တန်း ဒီဇိုင်နာ ဆုရှင် မလေးရှား ဒီဇိုင်နာကာဗန် အွန်က ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment