Monday, August 26, 2013

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း

Photo: မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း
Saturday, August 24, 2013

ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်း ကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄ဝဝဝဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့ Gas မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operater အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

ကမ္ဘာကျော် ဆမ်ဆောင်း ကုမ္ပဏီ အဆောက်အဦအား တွေ့ရစဉ်။ Photo : AFP
ဖြိုးလွင်အောင်
Yangon Media Group
ကမ္ဘာကျော် ဆမ်ဆောင်း ကုမ္ပဏီ အဆောက်အဦအား တွေ့ရစဉ်။
ကိုရီးယားနိုင်ငံ ဆမ်ဆောင်းကုမ္ပဏီ က မြန် မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့် စက်ရုံ လာရောက် တည် ထောင်ရန် ကမ်း လှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး
 ဦးစိုးသိန်း က ပြောသည်။ ဩ ဂုတ်၂၃ ရက် က နေပြည်တော် သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုး သိန်းက ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ် သည်။
''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ် မပေး နိုင် သေး တဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြော သည်။ ၂၀၁၂ခုနှစ်က လည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက် ထုတ် လုပ်ရန်အတွက် ကမ်းလှမ်း မှုများ ရှိခဲ့ပြီး မြန်မာ့ ရင်းနှီးမြှုပ်နှံ မှုကော် မရှင်မှ မြေနေရာနှင့် လျှပ်စစ်မီး မပေးနိုင်ခြင်း ကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှု လုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။
ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄ဝဝဝဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ် စစ် ထုတ်ဖို့ Gas မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operater အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက် ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

ဖြိုးလွင်အောင်

No comments:

Post a Comment