Thursday, August 29, 2013

ခရစ္စတိုဖာ ဂါးန်နက်လက်သစ် သိပ်ဖြစ်ချင်နေသလား ကိုကျော်မင်းဆွေ

မနေ့ကတော့ သဘောလောက်ပဲတင်ဖြစ်ပါတယ်။
ဒီနေ့တော့
ဒီထက်မက ပြောရမယ့်အခြေနေရှိလာ လို့ပါ
။ ကန့်ဘလူကိစ္စကို ကိုကျော်မင်းဆွေ ဖွတာပိုကျယ်ပြန့်လာတဲ့အတွက်ပါ။သူ face bookမှာတင်လိုက်တဲ့ statusကို မိတ္တူထပ်ဖြန့်နေတာ ပလူပျံနေ တယ်လို့ တစ်ချို့သော အင်တာနက်သတင်းရပ်ကွက်တွေကကြားသိနေရတဲ့အပြင် သူ့အမှားသူ မမြင်ဘဲ ကြောင်သူတော် ကြွက်သူခိုး အချိုးတွေ ဒီနေ့လည်းထပ်ချိုးနေတော့ မပြောမပြီး မတီးမမြည်ဆိုသလိုပဲ ကျွန်တော်သူနဲ့ ပတ်သက်ပြီး ထပ်တင် ပါတယ်။သူဝေါလ်မှာလည်း တင်လို့ရရင် အိတ်ဖွင့်ပေးစာ အဖြစ် တင်ပေးဦးမှာပါ။
သူ့အတွက်တော့ The pen is mighter than the sward ပေါ့ဗျာ။ ကျွန်တော်တို့ အတွက်တော့ အမျိုးသားနိုင်ငံရေးမို့လို့ပါ။ ကျွန်တော်tagမိသူ frတွေလည်း ခဏခဏtagတာ မကျေနပ်ရင် ကျွန်တော်ကို ချဲကြပါ။မနေနိုင်လို့ ထပ်တင် ထပ်tagလိုက်ရပါတယ်။
၈၈အရေးအခင်းအကြောင်း ပြောမယ်ဆိုရင် ဘီဘီစီဝါရင့်သတင်းထောက်ကြီး ခရစ္စတိုဖာ ဂါးန်း နက်အကြောင်းမပြောလို့မရပါဘူး။ကျောင်းသားနဲ့ အရပ်သား ပဋိပက္ခကနေစတင်ခဲ့ပြီး မွန်းကြပ် မှုတွေနဲ့ခရီးရှည် လျှောက်ခဲ့ရတဲ့ လူထုရဲ့ အကြီးမားဆုံး ဆင့်ကဲအုံကြွမှုကြီးတစ်ခုမှာ အဓိက အခန်းကဏ္ဍကနေ လှုံ့ဆော်ပေးခဲ့သူပေါ့။
၈၈ငွေရတုမှာအောင်ပွဲခံနေတဲ့ ရှစ်ပူးတွေ ညစဉ်ညတိုင်း လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးဦးချ ၀န္တာ မ လုပ်သင့်တဲ့ ခင်ပွန်းကြီးဆယ်ပါးမှာ သူလည်းတစ်ပါးအပါအ၀င်ဖြစ်ပါတယ်။ ဘယ်နေ့၊ ဘယ်နေ ရာ မှာ ဘာတွေလုပ်မယ်။ဘယ်အချိန် ဘယ်လိုလာရောက်စုစည်းကြပါ
…စသဖြင့် အင်တာနက်မရှိသေးတဲ့ခေတ်မှာ သူကနေတစ်ဆင့် ကြားပွဲစားလုပ်ပေးခဲ့လို့လည်း ခုလောက်ပြင်းထန်ပြီး အောင်ပွဲခံနိုင်ခဲ့တာ လက်လှမ်းမီသူတိုင်းအသိပါ။ NLD(ကွန်မြူနစ်)ဦးဝင်း တင်တောင်ဒါကိုအကြွင်းမဲ့လက်ခံထားပါတယ်။ ကျေးဇူးသိတတ်တယ်ဆိုပါတော့။ဒါကတော့ ဘီဘီစီ သတင်းထောက်ကြီးအကြောင်းပါ။
ကနေ့ခေတ်ရဲ့ ခရစ္စတိုဖာဂါးန်းနက်လက်သစ် ဖြစ်မှန်းမသိဖြစ်လာသူတစ်ဦးကတော့မြန်မာပြည် ရဲ့ နာမည်ကျော်The Voiceဂျာနယ်က ဆိုင်ကော်လို့ ချုံပေါ်ရောက်ခဲ့ရတဲ့ အယ်ဒီတာချုပ် ကိုကျော် မင်းဆွေပါ။ အင်မတန်ထက်မြက်ပြီး အရည်ချင်းပြည့်ပြည့်၀၀ အတွေးအခေါ်အယူအဆ မှန်ကန်မျှ တတဲ့ ဆရာနေ၀င်းမောင်ဆုံးတော့ “မရွယ်ဘဲ စော်ကဲမင်းဖြစ်လာသူပေါ့”..။။။သူ့ရဲ့ အရည်အချင်း၊ လုပ်ရပ်နဲ့ စိတ်ဓာတ်တွေက တစ်နေ့တစ်ခြား သိပ်ကို ပေါ်လွင်လာပါတော့ သူ့အကြောင်းကို ကျွန်တော်လည်း ဘယ်လိုမှအလေးဂရုမပြုဘဲ မနေနိုင်အောင်ဖြစ်မိပါတယ်။

ကိုကျော်မင်းဆွေခင်ဗျား......
ရခိုင်ပဋိပက္ခတုန်းကလည်း ခင်ဗျားတို့မီဒီယာတွေပဲ လွပ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို ခုတုံးလုပ် ပြီး ရည်ရွယ်ချက်ရှိရှိသွေးထိုးလှုံ့ဆော်ခဲ့ကြတယ်။ခင်ဗျားငြင်းနိုင်သလား???

တစ်ခါ ကချင်ပြည်နယ်တိုက်ပွဲတွေတုန်းကလည်း ခင်ဗျားဆီကသတင်းထောက်တွေကို လိုက်ဇာထိ လွှတ်ပြီးKIA မီဒီယာအဖြစ် အသုံးတော်ခံတယ်။တပ်မတော်သားတွေ ဒီလောက်သေကြေနေ တာ၊အရပ်ဘက်ပစ်မှတ်တွေ ဒီလောက် ဖျက်ဆီးခံနေရတာ၊လူသစ်တွေ အဓမ္မစုဆောင်း ခံနေ ရာ တာ၊ ဆက်ကြေးတွေ နင့်ကနဲနေအောင်ဖြစ်ညှစ်ပေးနေရတာတွေကို မျက်ကွယ်ြ ပုပြီး တပ် မတော်ကပဲ မတရားသဖြင့်လုပ်နေသယောင် လီဆယ်လုပ်ကြံရေးသားကြတယ်။ခင်ဗျားငြင်း ရဲသ လား???
ဒီကြားထဲမှာ ခင်ဗျားနဲ့ သတ္ထုတွင်းဝန်ကြီးဌာန အငြင်းအခုံတွေဖြစ်ကြတယ်။ဝန်ကြီးဌာနက တရား စွဲတော့စာနယ်ဇင်းကောင်စီက ကြားဝင်ဖျန်ဖြေပေးတယ်။ဒီကိစ္စကိုခင်ဗျား လုံးဝအစာ မကျေ ဘူး။ ဒီအတွက် အစိုးရကို အခဲမကျေဘူး။
ဒီနောက်ပိုင်း ခင်ဗျားတို့ ပိုပိုဆိုးလာတယ်။လူဆိုတာ သူများမျက်ချေးသာမြင်တတ်ပြီး ကိုယ့် မျက်ချေး ကျတော့ ကိုယ်မမြင်တတ်ကြဘူး ကိုကျော်မင်းဆွေ။ခင်ဗျားကတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်။သွေးနားထင်ရောက်။ ရွှေဥာဏ်တော်သိပ်စူးရောက်နေတာ။ ဘင်္ဂလီကိစ္စတွေမှာ ခင်ဗျားအယ်ဒီတာချုပ်လုပ်နေတဲ့ မဂ္ဂဇင်းရဲ့ မူဝါဒနဲ့ လုပ်ရပ်ကို မကျေနပ်ကြသူတွေတစ်ပုံကြီးရှိနေ တယ်ကိုကျော်မင်းဆွေ။ဒါကြောင့်လည်းနိုင်ငံခြားသားပညာရှင်ငှားထားတဲ့ကြား က BHGရဲ့ တိုက် ခိုက်ခြင်းခံရတာ။

ပြန်ကြားဝန်ကြီးနဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)အတိုက်ခံဖြစ်တော့ ခင်ဗျားတို့ ဂျာနယ်တွေ ပွက်လောညံခဲ့တာခုမှ တဖြည်းဖြည်းသဘောပေါက်လာတယ် ကိုကျော်မင်းဆွေ။ စာနယ် ဇင်းကောင် စီက စေတနာမှန်ချင်မှန်မယ်။ခင်ဗျားတို့ လုပ်စားကိုင်စားတွေကတော့ သဘောထား မမှန်ဘူးဆိုတာ။ခင်ဗျားတို့ ထင်ရာစိုင်းဖို့၊သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းရေးဖို့၊မီဒီယာလက်နက်ကို တလွဲအသုံးချဖို့၊အစိုးရ၊ပြည်သူ၊တပ်မတော်ကြား ညီညွတ်မှုပျက်ြ  ပာအောင် လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုဘောင်၊ဘယ်လိုကနားမှ မလိုချင်လို့၊အခွင့်ရေးကို လက်တစ် ဆုံးနှိုက် ကတုံး ကတိုက်လုပ်ချင်လို့ဆိုတာ။ပြည်သူကို အထင်မသေးပါနဲ့
ကိုကျော်မင်းဆွေ။
ခင်ဗျားတို့ ပြောပြောနေတဲ့ စကားလုံးသုံးရရင်“ နိုင်ငံရေးဒီရေမြင့်သစ်”က ဟိုး အရင်ခေတ်လို မဟုတ်တော့ဘူး။ဟိုတစ်နေ့က ခင်ဗျားရဲ့statusတစ်ခုဖတ်လိုက်ရတော့ (မီဒီယာသမားတွေ ကိုယ် စား)ကျွန်တော်အရမ်းရှက်မိတယ်။အယ်ဒီတာချုပ်တွေကိုယ်စားဒီလိုပဲလားလို့ ဟားခံရမှာစိုးမိတယ်။ ခင် ဗျားစိတ်ဓာတ်နဲ့ခင်ဗျားလုပ်ရပ်ဟာ ဘာလဲ၊ဘယ်လဲဆိုတာ ဘွင်းဘွင်းကြီးပေါ်နေတာ ယိုသူ မ ရှက် မြင်သူရှက်ပါပဲကိုကျော်မင်းဆွေ။ခင်ဗျားတစ်သက်လုံးဖုံးသမျှ ကုန်းမှပေါ်ဆိုသလိုပဲ ဒီstatusမှာ အစိုးရအပေါ် ခင်ဗျားဘယ်လောက်မျက်မုန်းကျိုးနေတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်ဘယ်လောက်
ပုတ်ခတ်ချင်နေတယ်။သူခိုးကိုလည်း သိသိသာသာဓားရိုးကမ်းချင်နေတယ်ဆိုတာ ထင်းခနဲ လင်း ခနဲပါပဲ ကိုကျော်မင်းဆွေ။
ပြည်သူတော်တော်များများက ဆူပူမှုကိုမလိုလားပါဘူး ကိုကျော်မင်းဆွေ။အေးအေးချမ်းချမ်းနဲ့ ကိုယ့်ဝမ်းစာကိုယ်ရှာစားချင်ကြတာပါ။ဒါပေမယ့် မြန်မာတော်တော်များများဟာ
(ကျွန်တော်အပါအ၀င်ပေါ့) သွေးဆူလွယ်တယ်။မဟုတ်ရင်မခံခင်ဘူး။
မတရားရင်ဆန့်ကျင်ချင်တယ်။ပြောရရင် ဒေါပွလွယ်တယ်ပေါ့ဗျာ။
ခင်ဗျားလည်းမြန်မာတစ်ဦးဆိုရင်တော့ ဒီစိတ်ဓာတ်တွေရှိမှာပါ။ဒါကို ခင်ဗျားက “ကျားကိုက်ပါ တယ်ဆို မှ အပေါက်ကလေးနဲ့လား”မေးချင်သေးတယ်။ဒါတင်မကဘူး လက်ရှိအာဏာရပါတီနဲ့ လက်ရှိအစိုးရကိုလည်း ခင်ဗျားတိုက်ရိုက်စော်ကားတယ်။
ခင်ဗျားရူးများ ရူးနေသလား ကိုကျော်မင်းဆွေ။
ဘယ်နိုင်ငံ၊ဘယ်ဒေသမှာမဆို လက်ရှိအာဏာရနေတဲ့ အစိုးရက မတည်မငြိမ်ဖြစ်ချင်ပါ့မလား။အာရပ်နွေဦး တော်လှန်ရေးတွေကစပြီး ဒီနေ့အထိ အဲဒီလိုဆူပူမှုတွေကနေ လက်ရှိအာဏာရ ပါတီအ သီးသီး ဖရိုဖရဲပြိုကွဲသွားတာ။ခင်ဗျားလည်းအသိပါပဲကိုကျော်မင်းဆွေ။
ဒါခင်ဗျားပြောတဲ့စကားနော်???
(“ဒီလောက်တစ်နိုင်ငံလုံး ဆက်တိုက်ဖြစ်နေတာတောင် ခုထိမတားနိုင်ဘူးဆိုတော့ တာဝန်ရှိတဲ့ သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ဘယ်လိုလူတွေက ဒီလောက် လက်ရဲဇက်ရဲလုပ်နေ တာလဲ။တစ်နိုင်လုံးမှာ ဖြစ်သမျှက ဘာလို့ အဲလောက်တူညီနေတာလဲ။စဉ်းစားတတ်သူတိုင်းသိ တယ်။လုံခြုံရေးတာဝန်ရှိသူတွေကို ဘယ်ကနေတိုက်ရိုက်အမိန့်ပေးတာလဲ။ဒီလို လက်ရဲဇက်ရဲ လုပ်နေသူတွေ က ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာနေတာ မဟုတ်ဘူးလား။ ဒီလောက် အတင့်ရဲရဲလုပ်နေတာ သူတို့နောက်က ဘယ်လောက်အင်အားကြီးလို့လဲ။ဒီလောက်စွမ်း အားကြီးနေတာ စွမ်းအားရှင်မို့လို့ဖြစ်မယ်။ဒီပုံအတိုင်းဆို စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင် တပ်တွေ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မင်းမူလာမှာမြင်သေးတော့”)

ခင်ဗျားပြောတဲ့အတိုင်း တစ်လုံးတစ်ပဒမလွဲ ပြန်ရေးထားတာပါ ကိုကျော်မင်းဆွေ။ ကျွန်တော်တို့ လည်း စဉ်းစားတတ်ပါတယ်ကိုကျော်မင်းဆွေ။ဆူပူမှုကိုမလိုလားတာ ပြည်သူနဲ့ လက်ရှိအစိုးရပါ။ အဲလိုလားခြင်း လိုလားရင်တော့ ခင်ဗျားတို့လို သတင်းသမားတွေပါပဲ။အောက် က ဖော်မြူ လာလေးလိုပေါ့ ။

နိုင်ငံတစ်ခု+တည်ငြိမ်မှုရှိခြင်း=သုည
နိုင်ငံတစ်ခု+ဆူပူခြင်း=သတင
်း

ဒါခင်ဗျားလို စိတ်ဓာတ်နဲ့ ၀မ်းစာကျပ်မပြည့်တဲ့ (မြောင်းထဲကရေပုပ်လို )တစ်ချို့သော လုပ်စား ကိုင်စားမီဒီယာသမားတစ်ချို့ရဲ့ဖော်မြူလာပါ။ဟုတ်မဟုတ်ကတော့ သူများကိုသာ ခင်ဗျားညာ ချင်ညာ လို့ရမယ်။ခင်ဗျားကိုယ်ခင်ဗျား ညာလို့မရလို့ ခင်ဗျားလက်သုံး ခင်ဗျားအသိဆုံးပါ။
ဒီလောက် ခင်ဗျားကိုအမွှန်းတင်လွန်းနေတော့ ကျွန်တော့်ကိုအာဏာရပါတီက စွမ်းအားရှင်တစ်ဦး လို့ထင်ချင်ထင်မယ်။ဆန့်ကျင်ဘက် ဂျာနယ်တစ်စောင်က ခင်ဗျားကိုတိုက်ခိုက်တဲ့ သူတစ်ဦး လို့မြင် ချင်မြင်မယ်။ဒါမှမဟုတ် အာဏာရှင် လက်ကိုင်တုတ်ပေါ့။ခင်ဗျားကြိုက်သလိုမြင်ပါ။
လူဆိုတာ သူများကိုဝေဖန်ရဲရင် ကိုယ့်ကိုယ်လည်းဝေဖန်ခံရဲရမယ်။လုပ်ရဲရင်ခံရဲရမယ်ပေါ့ဗျာ။ခင် ဗျားတောင် အထောက်အထား လက်ဆုပ်လက်ကိုင် ဘာတစ်ကွက်မှ မပြနိုင်ဘဲ status တင်ရဲသေးတာ။ ဟုတ်တယ်နော်။ကျွန်တော်က သာမန်လူ။ခင်ဗျားက ကျော်ဟိန်းပေါ့ဗျာ ။ကျော်ဟိန်းက လူတိုင်း မသိနိုင်ပေမယ့် လူတိုင်းက ကျော်ဟိန်းကို သိသလိုမျိုးပေါ့။မြန်မာပြည်မှာ ခင်ဗျားက ပေါ်ပြူလာဆိုတော့အပင်မြင့်လေ လေပိုတိုက်ခံရလေပဲပေါ့ဗျာ။အဲလိုသဘောထားပါ။
အစိုးရတောင် ခင်ဗျား ထင်ရာမြင်ရာပြောတာကို စိတ်မဆိုးပဲဥပေက္ခာပြုထားတာ။ခင်ဗျားလည်း ဒီလောက်တော့သဘောထားကြီးမှာပါ။

သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ ဘယ်ပါတီဝင်မှ မဟုတ်သလို ဘာနိုင်ငံရေးမှ မလုပ်ဘူးဆိုတာပါပဲ။ဘာသတင်းသမားမှ မဟုတ်သလို ဘာအငြင်းပွားမှုကိုမှ ခုတုံးလုပ်အမြတ်မ ထုတ်ဖူးဘူးဆိုတာပါပဲ။ ကျွန်တောာ်မြင်တာ ကျွန်တော်ရေးတာပါ။ခင်ဗျားက အစိုးရ၊ပြည်သူ၊တပ် မတော်အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ကွက်ဖော်နေတော့ ဒီလောက်ကအပျော့ပါ။

ဒီလိုနိုင်ငံကျော်ကြီးတစ်ယောက်ကို အိတ်ဖွင့်ပေးစာ ရေးခွင်ရတာကိုက ၀မ်းသာလုံးဆို့လှပါပြီ။ခင်ဗျားရဲ့လုပ်ရပ်၊ခင်ဗျားရဲ့စိတ်ဓာတ်၊ခင်ဗျားရဲ့ အတွေးအခေါ်နဲ့ ခင်ဗျားရဲ့အရည်အချင်းတွေကို လေးစားလွန်းအားကြီးလို့ တစ်ရံရောအခါက မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ အတင်းအဖျင်းနဲ့ မင်းမူခဲ့သူ ဘီဘီစီသတင်းထောက်ကြီးအလား ထင်မှတ်မှားရတဲ့ ခင်ဗျားကို“မစ္စတာ ခရစ္စတိုဖာ ဂါးန်နက်ကျော်မင်းဆွေ” လို့ ရှေ့ကထပ်တပ်ပြီး ခေါ်စမ်းပါရစေ ကိုကျော်မင်းဆွေ။

စကားမစပ်။ ဆရာနေ၀င်းမောင်ကြီးတော့ အရမ်းလွမ်းသဗျာ။
 
From:Aung Zay

No comments:

Post a Comment