Saturday, August 31, 2013

တောင်ကိုရီးယား ပေါ့ပ်ဘုရင်မ လီဟိုရီ လက်ထပ်တော့မည်


ဆိုးလ် သြဂုတ် ၃ဝ
တောင်ကိုရီးယား ပေါ့ပ်ဘုရင်မ လီဟိုရီနှင့် 
 သူမ၏ ချစ်သူ တေးရေးဆရာ လီဆန်ဆွန်းတို့
 နှစ်ဦး သည် ဂျေဂျူးကျွန်းရှိ ၎င်းတို့၏ နေအိမ်၌ 
မင်္ဂလာပွဲကိုမကြာမီကျင်းပသွားမည် 
 ဖြစ်ကြောင်းသိရသည်။ လီဟိုရီတို့ စုံတွဲ၏ မင်္ဂလာပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပသွား မည် မဟုတ်ဘဲ နှစ်ဖက်မိဘ များ၏ ရှေ့မှောက် တွင် ရိုးရှင်းသော မင်္ဂလာပွဲကို ကျင်းပသွား မည် ဖြစ်သည်။
မင်္ဂလာ ဧည့်ခံပွဲ ကျင်းပရန် အတွက် သြဂုတ် ၃၁ ရက်တွင် လီဟိုရီတို့ ချစ်သူစုံတွဲ သည် ဂျေဂျူး ကျွန်းသို့ သွားရောက်မည် ဖြစ်ပြီး နွေးထွေးပြီး ချစ်စရာကောင်းသော လက်ထပ်ပွဲ ကို နှစ်ဖက်မိဘ များနှင့် အတူ ကျင်းပ သွားမည်ဖြစ်ကြောင်း လီဆန်ဆွန်း၏ ဖခင်ဖြစ်သူ လီမွန်ယွန်းက Edaily သတင်း ဌာနသို့ ဖုန်းဖြင့် ရှင်းပြခဲ့သည်။
လီဟိုရီတို့ ချစ်သူနှစ်ဦးစလုံးသည် ငွေကြေး အကုန်အကျများသော လက်ထပ်ပွဲကျင်းပရန် ဆန္ဒ မရှိဘဲ မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေ များဖြင့်သာ ရိုးရှင်းသော မင်္ဂလာပွဲကိုသာ ဆင်နွှဲရန် ဆန္ဒ ရှိသူများ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ၂ဝဝ၈ ခုနှစ်က သူငယ်ချင်း တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် စတင်တွေ့ဆုံခဲ့ပြီး တိရစ္ဆာန် လေးများကို ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုများစွာကို အတူတကွ ဆောင်ရွက်ခဲ့သူ များဖြစ်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလက ၎င်းတို့၏ မေတ္တာရေးကို တရားဝင် ကြေညာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ၎င်းတို့ နှစ်ဦး လက်ထပ်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။

No comments:

Post a Comment