Friday, August 30, 2013

မလေးရှားတွင် မြန်မာများကို စတင်ဖမ်းဆီးနေပါပြီ

ယနေ့ညနေ 6 နာရီင်္ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုး ulu tiram ၊ Taman Perindustrian Cemerlang ရှိ Permenpronic Technologies Sdn. Bhd စက်ရုံအား ဝင်ရောက်ဖမ်း စီးမှု စတင်ကြောင်း စက်ရုံရှိ ပြန်လည်လွတ်မြောက်လာသူ   မြန်မာနိုင်ငံသား တစ်ဦး၏ ပြောပြသတင်းပေးချက်အရ သိရသည် ။
ကမ္ဘောဒီးယား နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသား  စုစုပေါင်း 70 ကျော်ကိုဖမ်းဆီးသွားခဲ့ပြီး စက်ရုံရှိ တာဝန်ရှိသူများ နှင့် သူဌေးကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းသတင်းရရှိသည် ။
ုပြီးခဲ့သည့် 28.8.2013 စတားသတင်းစာမှ ကြော်ငြာချက်အရ လာမည့် တနင်္ဂနွေနေ့တွင်သာ စတင်ဖမ်းဆီးမည် ဟုကြော်ငြာထားခဲ့သော်လည်း ယခု ဂျိုဟိုးတွင် ညနေပိုင်း အတွင်း စက်ရုံများကို စတင်စစ်ဆေးသွားကြောင်းသိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများအတွက် အိမ်ပြန်ခွင့် ၊ ဟန်းဖုန်းများယူဆောင်ခွင့်ကိုပင်မပေးပဲ တရားဝင်စစ်ဆေးပြီးသည်နှင့် ကားဖြင့်တင်ဆောင်သွားကြောင်းကို ပြန်လည်လွတ်မြောက် လာ သည့် မြန်မာနိုင်ငံသား၏ ပြောပြချက်အရ သိရှိရသည် ။
ယခုမလေးရှားအစိုးရ၏ ကြော်ငြာချက်အရ တရားမဝင်အလုပ်သများများ ရှိမည့် စက်ရုံ ၊ အလုပ်ရုံ ၊ ဆိုင်များကို ဝင်ရောက်ဖမ်းဆီးမည့် 3 လကြာ အော်ပရေးရင်းအား မလေးရှားရောက် မြန်မာ များ စောင့်ကြည့်ရမည့်ကာလဖြစ်သည် ။
မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက သတင်း ရရှိ သည်နှင့် တင်ဆက်ပေးနေမည်ဖြစ်ပြီး အခြားမည်သည့်နေရာဒေသမဆို ထူးခြားဖြစ်စဉ် များ ရှိခဲ့ပါက
www.facebook.com/mmrinmy (မလေးရှားရောက်မြန်မာများ) Facenook စာမျက်နှာတွင် လာရောက် အသိပေးကြပါရန် နှင့် ကျွန်တော်တို့မှ ဆက်လက် မျှဝေ ပေးသွားမည်ဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများသိရှိစေရန် ရေးသားတင်ဆက်ပေးရပါသည် ။
www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ Facebook
www.edinooyin.com
မလေးရှာရောက် ဘဝခရီးသည်
By Aung Myo Oo (Johor)

No comments:

Post a Comment