Saturday, August 17, 2013

ဒေါက်တာနိုင်အောင်သို့ အိတ်ဖွင့်ပေးစာ

ကိုနိုင်အောင်ရေ
ခင်ဗျားကြားပြီးပြီ လားတော့မသိဘူး ခင်ဗျားရဲ့ ရောင်းရင်းကြီး ငမိုးသီးကတော့ ရန်ကုန်မှာ အသားနားဆုံး နိုင်ငံရေး ရုံးခန်းကြီး ဖွင့်ပြီး ပြည်ပြေးဘဝကနေ တိုင်းပြည်ကို ဖျတ်လိုဖျတ်ဆီး အား မရလို့တဲ့ ပြည်တော်ပြန်ပြီး တည်ငြိမ်အေးချမ်းနေတဲ့ ကျုပ်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးကန်ရေပြင်ကို လှိုင်းတံပိုးတွေထအောင် ကျကျနနကြီး ခင်ဗျားအရင် လက်ဦးမှုယူပြီး ခြေရှုပ်တော့မယ် တဲ့ဗျာ။
နိုင်ငံတော်အစိုးရက မျက်ခုံးလှုပ်မလှုပ်တော့ မသိဘူး ဒေါ်စုနဲ့သူ့ပါတီတော့ ဒီသီတင်းကြားတာနဲ့ ချက်ချင်း အရေးပေါ် အစည်းအဝေးထိုင်ရတဲ့ ဘဝကို ရောက်ပါလေရောဗျာ။
မင်းကိုနိုင်ကလည်း ကိုကိုကြီးနဲ့ ဗသက်အောင် အပါအဝင် ရှစ်ပူးကျောင်းပြို သက်ကြားအိုတွေနဲ့
လေးဘက်ထောက်ပြီး ခေါင်းချင်းရိုက်ကုန်ကြတာပေါ့။
ဟိုမရောက် ဒီမရောက် ဗသက ကလေးတွေဆို ဂေါက်တောက်တောက်တောင် ဖြစ်သွားလို့ အထက်လမ်းလိုက် ဆေးဆရာတွေဆီမှာ သွားပြီး ရေမန်းသောက်လိုက်ရသေးဆိုဘဲဗျ။
မိုးသီးကလည်း အားလုံးကို ခပ်ရင့်ရင့်ဘဲ ပြောလိုက်တယ် ............
၈၈ နဲ့လည်းမပေါင်းဘူး ၊ ဒေါ်စုကိုလည်း မထောက်ခံနိုင်ဘူး ၊ ဗသက ကိုလည်း တွဲမခေါ်နိုင်ဘူး
သူ့ဝါဒ/သူ့လမ်းစဉ်နဲ့ဘဲ အစိုးရကို ပူးပြီးသတ်မယ်တဲ့။ ဘယ်ပါတီ ဘယ်အဖွဲ့ စည်းကိုမှ စောက်ဂရုမစိုက်ဘူးတဲ့ဗျား......။
ဒါပေမဲ့ သူ့ရဲ့ရှေ့လမ်းစဉ်မှာ သူ့အတွက် အဓိက ဆူးညှောင့်က နိုင်အောင်တဲ့ .... နိုင်အောင်က သူ့ရဲ့အရေးကြီးဆုံး ပထမပစ်မှတ်တဲ့ .... နိုင်အောင်ကို နိုင်ငံရေး လောကမှာ သေအောင်အရင် သတ်ပြစ်ရမယ်လို့ သူ့လူတွေကို ပထမဆုံး သြဝါဒပေးနေလေရဲ့ဗျို့......။(ဒါအတွင်းသတင်းနော်)
ကိုယ့်လူက သူ့လောက်မနပ်တော့ ဘုမသိဘမသိနဲ့ ခံလိုက်ရမှာ စိုးလို့ ကျနော်က စေတနာနဲ့ သတိပေးတာနော်...ခင်ဗျားတို့က ကျောင်းတော်က ရန်စကလည်း ရှိနေသေးသကိုး....။
အေးလေဗျာ ခံခဲ့ရတဲ့ မိုးသီးကတော့ ခင်ဗျားကို ဘယ်မေ့လို့ရနိုင်ပါ့မလဲ ......သတိနဲ့နေတာ့ပေါ့ဗျာ..။
FROM-PHAY SIT GYI

No comments:

Post a Comment