Saturday, August 31, 2013

ဆီးဂိမ်းအထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချတော့မည်

ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အထိမ်းအမှတ် ၁၀၀ ကျပ်တန် စာပို့ တံဆိပ်ခေါင်းသစ် ၄ မျိုး ၊ ၅၀၀ ကျပ်တန် စာပို့ တံဆိပ်ခေါင်း ၄ မျိုး ၊ ၁၀၀ ကျပ် နှင့် ၅၀၀ ကျပ်တန် ၈ လုံးတွဲ စာပပို့ တံဆိပ်ခေါင်းသစ် တစ်မျိုး စုစုပေါင်း အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ် ၉ မျိုး ကို စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီမှ စတင်၍ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် နှင့် မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။
အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ စက်တင်ဘာလ ၂ ရက်တွင် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
By Myawady Daily

No comments:

Post a Comment