Friday, August 30, 2013

ခင်ဝင့်ဝါ ဒုတိယမဲအများဆုံးဖြစ်နေ၊ Miss Myanmar ဟာ ပြိုင်ပွဲဝင်တွေကြားထဲမှာ အတောက်ပဆုံးဟု ဒိုင်တွေချီးကျူး

အရှေ့ဥရောပ BELARUS နိုင်ငံတွင် ကျင်းပနေသည့် 
Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်
ငံမှ မခင်ဝင့်ဝါ ဟာမနေ့ က ကျင်းပသွားတဲ့
Miss Supranational Preliminary Competition မှာ
  Miss Personality ဆုရဖို့  Miss Philippines နဲ့ 
ရမှတ် (၁) မှတ်ပဲကွာပါတယ်။
အကောင်းဆုံးစာရင်းဝင် ထဲမှာလည်းပါဝင်ပါတယ်။
Swimsuit နဲ့ Cocktail Round (၂)ခုလုံးယှဉ်ပြိုင်ရာမှာ Miss Myanmar ဟာ အလှမယ်တွေ အားလုံးထဲမှာ ဘယ်သူနဲ့ မှ မတူအောင်တောက်ပနေတယ်လို့ လည်း ဒိုင်တွေက မှတ်ချက်ပေး ချီးကျူးထားတာ
Global Beauties က တရားဝင်ဖော်ပြထားပါတယ်
ခု ဒီ Post ရေးနေတဲ့ အချိန်မှာ ပထမ မဲအများဆုံးမှာ လူဇင်ဘတ်နိုင်ငံသူ Paulmier Heloise ပေါ်မိလာ ဟယ်လို့ဝစ် ဖြစ်သည်။ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၂ သိန်း) နီးပါး ရရှိနေပြီး ခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၅ သောင်း) နီးပါး ရရှိနေသည်။
 မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ်ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက်တွင် ကြေညာမည်ဖြစ်သည်။


မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebook https://www.facebook.com/khinwint.wah.73 တွင်ဖော်ပြထားသည် ။  ဒီလင့်ကိုနှိပ်ပြီး ကိုနှိပ်ပြီး မခင်ဝင့်ဝါ၏ ဓါတ်ပုံကို ၂ချက်နှိပ်ဖွင့်ပါ။ ပုံအကြီး ပေါ်လာလျှင် အနီရောင် စာလုံး Голосов ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်ပါသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။

မြန်မာတွေရဲ့ မျိုးချစ်စိတ်နဲ့ ခင်ဝင့်ဝါအတွက် Vote နှုန်းဟာ တစ်မိနစ်ကို Vote တစ်ထောင်နီးပါးနှုန်းနဲ့ တက်နေပါတယ်။ဒီနှုန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဒီဂါဂါတို့ ယှဉ်ပြိုင်စဉ်က အန်တီစုအား Vote ပေးခဲ့တဲ့ တစ်မိနစ်စံနှုန်းထက် ထက်ဝက်နီးပါး ပိုများတယ်လို့ Vote လေ့လာသူဘလော့ဂ်တစ်ဦးမှ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ခင်ဝင့်ဝါဟာ Vote ပေးသူမြန်မာတွေကြားထဲမှာသာမက ပြိုင်ပွဲရဲ့ ဒိုင်တွေကြားထဲမှာ
အထင်ပေါ်ဆုံး အတောက်ပဆုံးအဖြစ် နာမည်ကျော်ကြားနေကာ Person Of The Month အဖြစ် လတ်တလော နာမည်ကြီးနေသူဖြစ်ပါတယ်။

New Myanmar News(နိုင်ငံသစ်)

No comments:

Post a Comment