Saturday, August 24, 2013

အလုပ်သမား ပြဿနာကို အကြောင်းပြ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်ယှက် ဟန့်တားရန် အကွက်ရှာနေသည့် အဖျက်အမှောင့် အင်အားစုများ ရှိနေဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အလုပ်သမား ပြဿနာကို အကြောင်းပြ၍ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို နှောင့်ယှက် ဟန့်တားရန် အကွက်ရှာနေသည့် အဖျက်အမှောင့် အင်အားစုများ ရှိနေသည်ကို သတိပြုရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
သြဂုတ် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု လွှတ်တော် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးပူးပေါင်းကော်မရှင်၏ အစီရင်ခံ စာနှင့် ပတ် သက် ပြီး ဆွေးနွေး ရာတွင် ထည့်သွင်း ပြောကြားသည်။
''ကျွန်တော့် အနေနဲ့ နိုင်ငံတော်မှာတာဝန်ရှိတဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ဆိုင်ရာက ပုဂ္ဂိုလ်တွေ ကို တင်ပြချင်တာကတော့ အလုပ်သမားလောကကို စောင့်ရှောက်ကြပါ။ အလုပ်သမား ပြဿနာ ကို အသုံး ချပြီးကျွန်တော်တို့ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်နေတဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး   ဖြစ် စဉ်ကြီးကို နှောင့် ယှက်ဟန့်တားဖို့ အကွက်ရှာနေကြတဲ့ အဖျက်အမှောင့် အင်အားစုတွေ ရှိနေသေးတယ်ဆိုတာကိုမမေ့မလျော့သတိပြုကြပါ''ဟုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်ြ မင့် က ပြောကြား သည်။
ဆက်လက်၍ ဦးခင်အောင်မြင့်က ''လက်ရှိကာလကို ကြည့်မယ်ဆိုရင် အလုပ်သမား အလုပ်ရှင် အခွင့် အရေးအခြေအနေကို ကြည့်ပါက ကျွန်တော်တို့ နိုင်ငံက အလုပ်သမားထု အခြေအနေဟာ ၁၉ ရာစုက အလုပ်သမားတွေရဲ့ ဘ၀မျိုးလောက်သာ ရှိနေသေးတာကို အံ့သြဖွယ်ရာ တွေ့နေ ရပါ တယ်။ ဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ အလုပ်သမားတွေရဲ့ ဘ၀ကို စောင့်ရှောက်ကြပါ'' ဟု ပြောကြားသည်။
အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများတွင် အလုပ်သမားများသာမက အလုပ်ရှင်များ တွင် လည်း အခက် အခဲ ရှိနေပါက အတတ်နိုင်ဆုံး ဖြေရှင်းပေး ရမည် ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်း အား ချို့တဲ့မှုကြောင့် အချိန်ဆုံး ရှုံးမှု ဆိုတာလည်း ငွေဆုံးရှုံးမှုပင် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု ကို ထိ ခိုက်စေကြောင်း ပြောကြားသည်။

ယခင်က သဘာဝဓာတ်ငွေ့ ရောင်းရငွေဖြင့် အခြေခံအဆောက်အအုံများ ဆောက်လုပ် ခဲ့ကြောင်း၊ နောင် တွင် ထပ်တွေ့လာသည့် သဘာဝ ဓာတ်ငွေ့များကို စက်မှုဇုန်တွေဆီ ပိုက် များနှင့် သယ်ပြီး နှစ်ဖက် တွက်ခြေကိုက် သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသင့်ကြောင်း၊ ယင်းကဲ့ သို့ ဆောင်ရွက်ပါက လျှပ်စစ် စွမ်းအား ပြဿ နာ လျော့ကျသွားပြီး ကုန်ထုတ်စွမ်းအား တိုးလာမည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း ရှင်သန်ဖွံ့ဖြိုး လာမည်ဖြစ်ပြီး အလုပ်လက်မဲ့ဦးရေ ကျဆင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment