Thursday, August 29, 2013

နေပြည်တော်မှာ ဆူညံပူညံ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ့... ဆွဲကုပ်ပစ်လိုက်မယ်

ည ၁၀ နာရီကျော်ကျော်လောက်မှာ နေပြည်တော်မြို.မဈေးကနေ ပြန်လာတော့ လမ်းမှာ ကျောင်း တုန်းကအတူတူနေခဲ့တဲ့ သူငယ်ခင်း ၂ ယောက်နဲ.ပြန်တွေ.တယ်။ မတွေ.ရတာကြာနေပြီဖြစ် တဲ့ သူငယ်ချင်းတွေဆိုတော့ ၀မ်းသာအားရနဲ. တစ်ယောက်နဲ.တစ်ယောက် အော်ကြီးဟစ် ကျယ်နှုတ် ဆက်ကြတာပေါ့။ပြီးတော့ ကျောင်းတုန်းကအကျင့်အတိုင်းတစ်ယောက်နဲ.တစ်ယောက်လက်မောင်း ကိုထိုးလိုက် ဗိုက်ကိုထိုးလိုက် လုပ်ပြီး စနောက်နေကြတုန်း ကျွီဆိုပြီး light truck တစ်စီးက ဘေး မှာ လာရပ်တယ်။
ပြီးတော့ လူ ၅ ယောက်ဆင်းလာတယ်။ ကျွန်တော်တို.က သူတို.ကို ကြောင်ပြီးကြည့်နေတုန်း
“ဘာဖြစ်နေကြတာလည်း ညီလေးတို.” ဆိုပြီး လာမေးတယ်။
ကျွန်တော်တို.ကလည်း ဒီလူတွေ ဘာသဘောနဲ.လာမေးတာလဲမသိဘူးဆိုပြီး မဖြေဘဲနေနေတော့ “ရန်ဖြစ်နေကြတာတော့ မဟုတ်ပါဘူးနော်” ဆိုပြီး သူတို. က ထပ်လာမေးတယ်။  “မဖြစ်ပါဘူး၊ ကျွန်တော်တို.က သူငယ်ချင်းတွေပါ၊ စနေကြတာပါ” ဆိုတော့မှ “သြော်..ဟုတ်လား။ ဆောရီး ညီလေးတို.။ ကိုယ်တို.က တစ်ခုခုဖြစ်နေတာ ထင်လို. ထိန်းပေးမလို.ပါ။ ” ဆိုပြီး ကားပေါ်တက်ပြန် ထွက်သွား တယ်။ အရပ်ဝတ်ဝတ်ထားတဲ့ ညပိုင်း နေပြည်တော်လုံခြုံရေးတွေပါ။ သူတို.အလုပ် သူ တို. လုပ်နေကြတာပါ။
နေပြည်တော်ကမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်က ပြောတယ်။ “မင်းတို.နေပြည်တော်ကလည်း ဆူညံပူညံ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ.။ လုပ်တာနဲ. ဆွဲကုပ်ပစ်လိုက်မယ့် သဘောပဲ။တစ်နိုင်ငံ လုံး အဲတိုင်းလုပ်နိုင်ရင် ကောင်းမယ်ကွ” တဲ့။ဖြစ်လာတော့မှာပါသူငယ်ချင်းရာ လို.ပြန်ပြော ရင်း ရှေးဟောင်းနှောင်းဖြစ်တွေကိုအေးအေးဆေးဆေးပြောကြဖို. ရာဇဌာနီလမ်းမကြီးနားက ဆိုင်တွေကို ချီတက်ခဲ့ကြပါတယ်။
- ထိုက်သူ

No comments:

Post a Comment