Thursday, August 15, 2013

တစ်လအတွင်း တရုတ်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ထပ်မံမြှုပ်နှံခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂၉၅၀ သန်းကျော်အထိ ရှိလာ

Photo: တစ်လအတွင်း တရုတ်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ထပ်မံမြှုပ်နှံခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂၉၅၀ သန်းကျော်အထိ ရှိလာ
Thursday, August 15, 2013

တစ်လအတွင်း တရုတ်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၂၄  သန်းကျော် ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂၉၅၀ သန်းကျော်အထိ ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားသည့် ပမာဏမှာ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၄၂၉၂၆ ဒသမ ၄၄၇ သန်းရှိပြီး ဇူလိုင် ၃၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄၂၉၅၀ ဒသမ ၈၆၆ သန်း ရှိလာခြင်းကြောင့် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၄၁၉ သန်း တိုးလာခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မြှုပ်နှံမှုများ ပြုလုပ်ရာတွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းကျော်ကို ထပ်မံမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ဇွန်လအတွင်း၌လည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ သန်းကျော်ကိုလည်း ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံအပြင် ဟောင်ကောင်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၇၉ သန်း၊ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၄၀ သန်းတို့အား အသီးသီး ထပ်မံမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများ အနေဖြင့် မြှုပ်နှံမှု ပြုလုပ်ရာတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ဇူလိုင်လအတွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Shanghai Dong-long Feather Manufacture ကုမ္ပဏီအား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာ စက်မှုဇုန်၌ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယခင်က တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်ရာတွင် အကျိုးအမြတ်များစွာ ရရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ လျှပ်စစ်စွမ်းအင် ကဏ္ဍနှင့် သတ္တုတူးဖော်ရေး ကဏ္ဍတို့တွင် အများဆုံး ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်လေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်သည့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ်လုပ်ငန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

တစ်လအတွင်းတရုတ်၊
 ဟောင်ကောင်၊  ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ထပ်မံမြှုပ်နှံမှု ပြု လုပ်ခဲ့ပြီး မြန်မာနိုင်ငံ တွင် နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂၉၅၀ သန်းကျော်အထိ ရှိ လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ပြည်ပနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၀င်ရောက်မြှုပ်နှံ မှု ပြုလုပ်ထားသည့် ပမာဏမှာ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၄၂၉၂၆ ဒသမ ၄၄၇ သန်းရှိပြီး ဇူလိုင် ၃၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄၂၉၅၀ ဒသမ ၈၆၆ သန်း ရှိ လာခြင်းကြောင့် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၄၁၉ သန်း တိုးလာ ခဲ့ခြင်း  ဖြစ်သည်။
ယင်းကဲ့သို့ မြှုပ်နှံမှုများ ပြုလုပ်ရာတွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းကျော်ကို ထပ်မံမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ဇွန်လအတွင်း၌လည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ သန်းကျော်ကိုလည်း ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။
 တရုတ်နိုင်ငံအပြင် ဟောင်ကောင်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၇၉ သန်း၊ ကိုရီးယားနိုင် ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၄၀ သန်းတို့အား အသီးသီး ထပ်မံမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံများ အနေဖြင့် မြှုပ်နှံမှု ပြုလုပ်ရာတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် အများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ဇူလိုင်လအတွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Shanghai Dong-long Feather Manufacture ကုမ္ပဏီအား ရန်ကုန်တိုင်း ဒေသကြီးအ တွင်းရှိ လှိုင်သာယာ စက်မှုဇုန်၌ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ယခင်က တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်ရာတွင် အကျိုး အမြတ် များ စွာ ရရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ လျှပ်စစ်စွမ်းအင် ကဏ္ဍနှင့် သတ္တု တူးဖော်ရေး ကဏ္ဍတို့တွင် အများဆုံး ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်လေ့ ရှိသော်လည်း ယခုနောက် ပိုင်း တွင် နိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်သည့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment