Friday, August 16, 2013

အန္တရာယ်နှင့် ကြုံလျှင် အလိုအလျောက်ဘရိတ်အုပ်သောကားတီထွင်


နောက်ဆုံးပေါ် Volvoကားတွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများတွင် လမ်းသွားလမ်း လာများနှင့် လမ်းပေါ်ရှိ လူများကို သာမက အရာဝတ္ထုများကိုပါ မ     တိုက်ခင် ကြိုတင်အာရုံခံပြီး အလို အလျောက် ဘရိတ်အုပ်သွား မည်ဖြစ်သည်။ ယင်းသို့အာရုံခံနိုင်ရန် ကားမှန်များတွင် ကင်မရာများကို တပ်ဆင်ထားသည် ဟုသိရသည်။ အဆိုပါကားများတွင် ရေဒါအချက်ပြ နည်းပညာကို သုံးစွဲထားပြီး ကင်မရာနှင့်
အာရုံခံကိရိများကို ကွန်ပျူတာများနှင့် ချိတ်ဆက်ထားသည်။ ထို့ကြောင့်ယာဉ်မောင်းသူ အနေဖြင့် ယာဉ်တိုက်မှုဖြစ်မည့်အချိန်တွင် ဘရိတ်အုပ်ရန် သတိမေ့ခဲ့လျှင် ကွန်ပျူတာစနစ်များနှင့် ချိတ်ဆက် ထားသော အာရုံခံကိရိယာများက အလိုအလျောက် ဘရိတ်အုပ်ပေးသွား မည် ဖြစ်သောကြောင့် ယာဉ်တိုက်မှုအန္တရာယ် ကို လျှော့ချနိုင်တော့မည်ဖြစ်သည်။ သို့သော်ယင်းသို့ ကွန်ပျူတာစနစ်ဖြင့် အလိုအလျောက် ဘရိတ်မအုပ်မီ ယာဉ်မောင်းသူကိုအသံဖြင့် သတိပေးမည် ဖြစ်သကဲ့သို့ မီးနီ များဖြင့်လည်း ကြိုတင်အချက်ပြမည်ဖြစ်သည်။ ထို့ပြင် လေကာမှန်များနှင့် ကားလေကာမှန်များနှင့် ကားစက်ဖုံးများပေါ်တွင်လည်း အချက်ပြစက်ဖုံးများ ပေါ်တွင်လည်း အချက်ပြသင်္ကေတ များ ပေါ် လာ မည်ဖြစ်သည်။

By ပြည်မြန်မာ

No comments:

Post a Comment