Wednesday, August 14, 2013

"ရှင်ဘယ်နေရာရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" - နန်းခင်ဇေယျာ

လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေရဲ့ အားပေးမှုနဲ့ နာမည်ကြီး လာရင်း သရုပ်ဆောင်၊ ကြော်ငြာ မင်းသမီး ဖြစ်လာသူ နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံ ၂ ပုံနဲ့တကွ  စာသားတချို့ကို ရေးသားထားပါတယ်။


"ရှင် ဘယ်နေရာ ရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" ဆိုပြီး နန်းခင်ဇေယျာ   က မင်္ဂလာ သတို့သမီး ၀တ်စုံနဲ့ တကိုယ်တည်း စောင့်ဆိုင်းနေပုံကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်
ထားပါတယ်။
နန်းခင်ဇေယျာက ချစ်သူ မရှိလို့လား၊ ချစ်သူ ရှိရဲ့နဲ့ အဲဒီချစ်သူကို ရည်ညွှန်းပြောဆိုတာလား ဆိုတာတော့ သူ့ ရဲ့ ရေးသား ဖော်ပြချက်က မရှင်းလင်းပါဘူး။
သူတင်ထားတဲ့ ပို့စ် အောက်မှာ တချို့ ကွန်မန့်တွေမှာလည်း မင်းအတွက် အဆင်သင့်ရှိတယ်တို့ ၊ ဘာတို့ ရေး ထားတာတွေ လည်း တွေ့ရသလို ငါကတော့ အမေရိကန် ပြည်ထောင်စု မှာမို့ နောက်ကျမယ်လို့ ရေးထားတာ လည်း ရှိလေရဲ့။
ဘာမှ မရည်ရွယ်ပဲ အပျော်သဘောနဲ့ နောက်တာပါလို့ နန်းခင်ဇေယျာက တင်ထားတာဆိုရင်တော့ မျှော်လင့်နေ သူ မောင်မောင်၊ ကိုကိုတွေလည်း ရင်ကျိုးရမယ် ထင်ပါရဲ့။



အိမ့်သံစဉ် ~ ဧရာဝတီ

No comments:

Post a Comment