Saturday, June 7, 2014

အရှက်ကွဲခဲ့သည့် ရန်ပွဲပြီး ပထမဆုံးမိန့်ခွန်းတွင် NLD ပါတီဝင်များ အဆင့်တန်းရှိရှိ နိုင်ငံရေးလုပ်ရန် ဒေါ်စု မှာကြား၊ ဦးဆန်းလွင်ကိစ္စ နှင့် ရခိုင်ခရီးစဉ် ပျက်သည့်ကိစ္စ မေးမြန်းခွင့်မပြု

ဇွန်လ ၁ ရက်နေ့က တပ်ကုန်းမြို့တွင် အရှက်ရခဲ့ သည့် ရန်ပွဲ ဖြစ်ပေါ်ပြီးနောက် တပတ်အကြာ တွင် ကျင်းပသော 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော် မတီ တတိယအကြိမ်အစည်းအဝေးတွင်  NLD ပါတီဝင်များ အဆင့်တန်းရှိရှိ ဥပဒေဘောင်အတွင်းမှ နိုင်ငံရေးလုပ်ရန် အလေးထား မှာကြားသွားပါတယ်။ ယနေ့ ဇွန်လ ၇ ရက်နေ့ ဗဟန်းမြို့နယ် အစည်းအဝးတွင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာမှာ ယခင်ပွဲများလောက် မရွှင်
မပြဖြစ်နေပြီး ပုဂ္ဂိုလ်ရေး အားနည်းချက်များ ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

NLD ပါတီဝင်များအနေဖြင့် နိုင်ငံရေးလုပ်ရာတွင် အဆင့်တန်းရှိရှိလုပ်ဆောင်ရန် နှင့် ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်မှ "NLD ပါတီဝင်များ အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်ပါ... ဥပဒေ ဘောင်အတွင်းမှသာ လုပ်ကြပါ.. ကိုယ်ကိုယ်တိုင်က ဥပဒေ ချိုးဖောက်ပါက အဖွဲ့ချုပ်မှ မကာကွယ်နိုင်ပါဘူး.. ဥပဒေဘောင်တွင်းက အောက်တန်း ကျ ကျ အလုပ်မျိုးတွေလည်း မလုပ်ပါနဲ့" လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့သည့် တစ်ပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ကို ဆုံးမခဲ့သည့် အဘိုအိုတစ်ဦးအား NLD ပါတီဝင်များက အင်တာနက် Facebook စာမျက်နှာများပေါ်တွင် ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ကြပြီး အဘိုးအို၏ အိမ်ရှေ့တွင်လည်း သွားရောက်ချိန်းချောက်မှုများ ရှိနေခြင်းကြောင့် ဒေါ်အောင် ဆန်းစုကြည် မှ အဆင့်တန်းရှိရှိ လုပ်ရန် မှာကြားတာ ဖြစ်နိုင်ကြောင်း အစည်းအဝေး တက်လာသူ တစ်ဦးမှ ဆိုပါတယ်။ ဇွန်လ (၁) ရက်နေ့က
ဒေါ်အောင်ဆန်းစုကြည်မှ လမ်းဘေးတွင် မက်တက် ရပ်နေသော ၎င်းထက်အသက် ၇ နှစ်ကြီးသည့် အဖိုးအိုကို ကားပေါ်မှနေ၍ ကပ်ကပ်လန်ရန်ဖြစ် ခဲ့ပြီး အဘိုးအိုကြောင့် ဒေါ်စု အရှက်ရခဲ့မှုအပေါ် မကျေနပ်သည့် NLD ပါတီဝင်အများအပြား မှ အောက်တန်းကျသည့် နည်းမျိုးစုံဖြင့် တုန့်ပြန်မှုများ ရှိခဲ့ပါတယ်။ ယခင်လ အတွင်းကလည်း NLD ပါတီဝင်တစ်ဦးမှ ပြည်သူတစ်ဦးအား ပါးရိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပါတီတွင်း ကိစ္စ နှင့် ပြဿနာများ နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ "ကျွန်မတို့ ပါ တီ ပြဿနာ ကျွန်မတို့ပါတီနဲ့ ဆိုင်တယ်။ အားလုံးမှာ တာဝန်ရှိပြီး အဓိက လုပ်ကိုင်ဆောင်ရွက် ရ မှာ ဗဟိုကော်မတီဝင်တွေဖြစ်တယ်။" လို့ ပြောဆိုသွားပါတယ်။
ယခင်မိန့်ခွန်းများလို စိန်ခေါ်ကြောင်း၊ ပြည်သူ့အားကို သုံးမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံး က ထောက်ခံကြောင်း မပြောတော့တာကို ထူးခြားစွာ တွေ့ရပြီး ဒေါ်စုအနေဖြင့် အမြင်မှန်ရသွား တာဖြစ်နိုင်ကြောင်း၊ ယခင်လို သွေးနားထင် မရောက်တော့ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။ သို့သော် တက်ရောက်လာသော မီဒီယာများမှ တပ်ကုန်းမှ ဦးဆန်းလွင် အကြောင်းနှင့် ရခိုင်ခရီး စဉ် ပျက်သည့်အကြောင်း မေးမြန်းရန် ကြိုးစားခဲ့ပေမယ့် မေးခွင့်မပြုခဲ့ကြောင်း သတင်းရရှိပါ တယ်။

No comments:

Post a Comment