Thursday, June 19, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ရင် ဘာဆက်လုပ်မလဲ

(ပလေတို...ဖတ်ရှု စဉ်းစားခံစား ခြယ်မှုန်းသည်)
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ရင် ဘာဆက်လုပ်မလဲ ဆိုတဲ့
မြန်မာ့နိုင်ငံရေးဆောင်းပါးတစ်ပုဒ် ဖတ်မိတော့ ညီမျှခြင်းတွေ ချကြည့်မိပါတယ်...
ပလေတို...ဖတ်ရှု စဉ်းစားခံစား ခြယ်မှုန်းသည် ပေါ့
သူပြောထားတဲ့ အချက်အလက်တွေက- (၁) အမျိုးသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် PR System အသုံးပြုဖို့ အဆိုတည်။ ပြည်သူ့လွှတ်တော်မှာလည်း အဆိုတင်တော့မယ်...
(၂) ပြည်ထောင်စုလွှတ်တော်မှာ ၅၉(စ)မပြင်ဖို့ ပြင်ဆင်ရေးကော်မတီက ဆုံးဖြတ်။
ဒီအချက်တွေကြောင့် ဒေါ်စုအနေနဲ့ သမ္မတ မဖြစ်နိုင်တော့ဘူး....ပြောထားတာ..
(PR System+၅၉(စ) = သမ္မတ မဖြစ်နိုင်တော့)

ဒေါ်စု ကြည့်ရမယ့် အရှိတရား = ?
-------------------------------------
(၁) စစ်တပ်ကို စိန်ခေါ်ခဲ့လို့ စစ်တပ်က ၅၉(စ) ပြင်ပေးဖို့ မဖြစ်နိုင်တော့..
(၂) လွှတ်တော်ထဲမှာ (တပ်မပါ) ၇၅% ရဖို့ မလွယ်....
(၃) လွှတ်တော်က သဘောတူရင်တော့ လူထုထဲမှာ ဆန့်ကျင်မယ့်အင်အားစုကြီး ရှိနေတယ်...
ထို့ကြောင့် ၅၉(စ) ပြင်ဆင်ရေး မဖြစ်နိုင်တော့ပါ....ဒါက အရှိတရား...ဒါဆိုရင်...

ဘာဆက်လုပ်မလဲ
---------------------
Plan A = X , Plan B = ?
ဒေါ်စု ရွေးနိုင်တဲ့ လမ်းကြောင်းများ.....
(၁) လွှတ်တော်တွင်လမ်းကြောင်း (အဖြေ ထွက်သွားပြီ) = မဖြစ်နိုင် (X)
(၂) လူထုတိုက်ပွဲလမ်းကြောင်း = NLD အင်အားစု <=> အမျိုးသားရေးအင်အားစု
ဒါကို စာရေးဆရာက...ဒီလို ပြောထားတယ်...
ထိုင်းအနီဝတ်များ <=> ထိုင်းအ၀ါဝတ်များ = NLD အင်အားစု <=> အမျိုးသားရေးအင်အားစု

ထို့ကြောင့် ရလဒ် = မဖြစ်နိုင် (X)

(၃) ၂၀၁၅ ရွေးကောက်ပွဲ သပိတ်မှောက်မယ်....
- ၂၀၁၀ လို ဖြစ်မယ်........
- ဘေးရောက်သွားမယ်...
- NLD က အစိုးရ၊ လွှတ်တော် ပါဝင်ခွင့် ဆုံးရှုံးမယ်...
- ၁၀ နှစ် အချိန်ဖြုန်းရာ ရောက်မယ်...

လူထုတိုက်ပွဲ လုပ်ရင် အောင်မြင်မှာလား ?
----------------------------------------------
(၁) ပြည်တွင်း.....
- ၈၈ တုန်းကလို မဟုတ်တော့ဘူး....
- ၅၉(စ) ထောက်ခံတဲ့ အဖွဲ့တွေ တောင့်တောင့်တင်းတင်း ရှိနေတယ်
- ထိုင်းအနီနဲ့ အ၀ါ လိုပဲ...
- အမျိုးသားရေးအုပ်စုက သာသနာ့အလံအရောင် (အ၀ါရောင်)
- NLD ပါတီထောက်ခံသူတွေက ပါတီအလံအရောင် (အနီရောင်)

(၂) ပြည်ပ....
- နိုင်ငံတကာမှာ ဒီမိုကရေစီပြောင်းတာ အောင်မြင်တယ် ဆိုပြီး ပြဖို့ မြန်မာနိုင်ငံကို ၀ိုင်းကူနေကြတယ်...
- ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့လဲ လက်တွဲ လုပ်လို့ ရတယ် ဆိုတာကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေ လက်ခံသွားကြပြီ...
- ဒီနိုင်ငံတွေက အရောင်ပြောင်းတဲ့ ပုတ်သင်ညိုဝါဒ ကျင့်သုံးတဲ့သူတွေ (ဥပမာ အီဂျစ်မှာ မူဘာရက်ကို ထောက်ခံခဲ့ပေမယ့် အခု မူဘာရက် ဖြုတ်ချတဲ့သူတွေကို ထောက်ခံနေတယ်)
- ဒေါ်စုကိုယ်တိုင် နိုင်ငံခြားသွားတိုင် အကောင်းမမြင်ကြပါနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ မရသေးဘူး ပြောနေတဲ့ကြားက ရင်းနှီးမြုပ်နှံတာတွေ...ထောက်ပံ့တာတွေ ၀င်လာနေတယ်...

သုံးသပ်ချက်
-------------
NLD ပါတီအနေနဲ့ ..
(၁) ဒေါ်စု သမ္မတရာထူး မရနိုင်တော့ ဆိုတာကို လက်မခံချင်လည်း လက်ခံရမယ်...
(၂) ၂၀၁၅ မှာ သမ္မတလောင်း တင်မြှောက်နိုင်ဖို့ ခေါင်းဆောင်တွေ ရွေးရတော့မယ်
(ကိုကိုကြီးလား....ဦးတင်ဦးလား...) ဒါဆိုရင် သမ္မတလောင်း ဖြစ်နိုင်တဲ့သူကို ပွဲထုတ်ပေးရတော့မယ်...စင်တင်ပေးရတော့မယ်...မရှိသေးရင် ထွက်လာအောင် လုပ်ရတော့မယ်

ဒေါ်စု အနေနဲ့..၂၀၁၅ အလွန်မှာ ဘယ်နေရာ ယူမလဲ ?
(၁) ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စု လွှတ်တော်နာယက လုပ်မလား....?
(၂) အိန္ဒိယက ဆိုနီယာဂန္ဓီလို ပါတီဥက္ကဌ၊ လူထုခေါင်းဆောင် လုပ်မလား.........?
အဖြေကို ဒေါ်စု ကိုယ်တိုင် ရွေးရတော့မယ်......ဒါပါပဲ ဒါက အဖြေပါပဲ....
From:ပြည်သူ့အာဏာ

No comments:

Post a Comment