Monday, June 2, 2014

အမြန်လမ်းနှင့် ပတ်သက်၍

Photo: အမြန်လမ်းနှင့် ပတ်သက်၍
Saturday, May 31, 2014

စာရေးသူတို့ မိဘများ ရှိရာ နေပြည်တော်သို့ သင်္ကြန်ရုံးပိတ်ရက် များအတွင်း လာရောက်ခဲ့သော သမီး မိသားစုသည် ၂၁- ၄- ၂ဝ၁၄ ရက် ညနေ ၆ နာရီ အမြန်ကား ဖြင့် ရန်ကုန်သို့ ပြန်ကြသည်။ မြို့မဈေး ကားဂိတ်သို့ စာရေးသူ လိုက်ပို့ပြီး ကားမထွက်မီ ပြန်ခဲ့ပါသည်။ အိမ်ရောက်တော့ သမီးကဖုန်းဆက်ပြီး ကားကလမ်းမှာ ထမင်းစား မရပ်ဘူးဆိုလို့ မုန့်ဆင်း ဝယ်နေကြောင်း ပြောပါသည်။ သမီး မိသားစုက နေပြည်တော်သို့ မကြာခဏ လာလည်နေကျမို့ အထွေအထူး မစဉ်းစားမိခဲ့ပါ။

အဲ့ဒီည ၉နာရီ ၁၅မိနစ်မှာ သမီးကဖုန်း ဆက်ပြီး သူတို့အမှတ်(၃) ဂိတ်ကို ရောက်ပြီဖြစ်ကြောင်း သူ့အမေကို ပြောပါသည်။ ဇနီးသည်က ပြန်ပြောပြရာ နားကြား လွဲတာ ဖြစ်မှာပါ လို့ပဲ သဘောထား လိုက်ပါသည်။ နောက်နေ့ မနက်ကျ သမီးကို ဖုန်းဆက်ပြီး ''ညကဖုန်း ဆက်တာ အမှတ်(၃)ဂိတ်ကို ရောက်ပြီလို့ပြောတာ ဟုတ်ရဲ့လား'' မေးတော့''ဟုတ်ကြောင်း၊ သူတို့တွေ ဘုရားတပြီး လိုက်လာ ရကြောင်း၊ အပေါ့အပါး သွားဖို့တောင် မရပ်ကြောင်း၊ ဒီကားက ည ၁ဝနာရီမှာ ရန်ကုန်က နေပြည်တော်ကို ပြန်ထွက် မှာလို့ ယာဉ်မောင်းက ပြောကြောင်း'' ပြောပြပါတယ်။ ဘုရား... ဘုရား ကံကြီးပေလို့သာ ဘေးမသီ ရန်မခဘဲ ရန်ကုန်ကို ရောက်တာပါလားလို့ စာရေးသူတို့ ထိတ်လန့် ကြောက်ရွံ့မိပါတယ်။

ညနေ ၆ နာရီထွက်တဲ့ ကားက ၁၅ မိနစ်နဲ့ Toll Gate ကိုရောက်တယ်ထား။ Toll Gate ကနေ ရန်ကုန်အမှတ်(၃)ဂိတ် အထိ မိုင်၂ဝဝကျော်ရှိတော့ ဒီကားက တစ်နာရီ ကို ပျမ်းမျှ ၆၇မိုင် (၁ဝ၇ ကီလိုမီတာ)နှုန်းလောက် မောင်းခဲ့ပါတယ်။ အကွေ့တွေ၊ တံတားတွေ၊ အတက်တွေမှာ အရှိန်လျှော့ရတဲ့အတွက် ကီလိုမီတာ ၁၂ဝ နှုန်းလောက် အထိ မောင်းတဲ့အခါ မောင်းမှာ သေချာပါတယ်။ ကားရဲ့ Weight က များရတဲ့အထဲ တအားမြန်တော့ ကားရဲ့အဟုန် (Momentum) က သိပ်များ နေပါပြီ။ တော်ရုံ တန်ရုံနဲ့ ဘယ်မှာ ထိန်းနိုင်တော့မှာလဲ။ ထိမိခိုက် မိရင်လည်း Impact က တအားများပြီပေါ့။

ဒါကြောင့် စာရေးသူ အနေနဲ့ သက်ဆိုင်သူများကို ''အမြန် မော်တော်ယာဉ်လိုင်းများကို အချိန် သတ်မှတ်ပေးပါ။ သတ်မှတ်ချိန်ထက် နည်းပြီး မောင်း/မမောင်း သိနိုင်မယ့်၊ ကြပ်မတ် စစ်ဆေးနိုင်မယ့် နည်းလမ်းများ ရှာပေးပါ''လို့ ခရီးသည် ပြည်သူများ အားလုံးရဲ့ ကိုယ်စား အကြံပြု အပ်ပါတယ်။ ။ 

တက္ကသိုလ် ဆရာတစ်ဦး

မြ၀တီစာရေးသူတို့ မိဘများ ရှိရာ နေပြည်တော်သို့ သင်္ကြန်ရုံးပိတ်ရက် များအတွင်း လာရောက်ခဲ့သော သမီး မိသားစုသည် ၂၁- ၄- ၂ဝ၁၄ ရက် ညနေ ၆ နာရီ အမြန်ကား ဖြင့် ရန်ကုန်သို့ ပြန်ကြသည်။ မြို့မဈေး ကားဂိတ်သို့ စာရေးသူ လိုက်ပို့ပြီး ကားမထွက်မီ ပြန်ခဲ့ပါသည်။ အိမ်ရောက်တော့ သမီးကဖုန်းဆက်ပြီး ကားကလမ်းမှာ ထမင်းစား မရပ်ဘူးဆိုလို့ မုန့်ဆင်း ဝယ်နေကြောင်း ပြောပါသည်။ သမီး မိသားစုက နေပြည်တော်သို့ မကြာခဏ လာလည်နေကျမို့ အထွေအထူး မစဉ်းစားမိခဲ့ပါ။
အဲ့ဒီည ၉နာရီ ၁၅မိနစ်မှာ သမီးကဖုန်း ဆက်ပြီး သူတို့အမှတ်(၃) ဂိတ်ကို ရောက်ပြီဖြစ်ကြောင်း သူ့အမေကို ပြောပါသည်။ ဇနီးသည်က ပြန်ပြောပြရာ နားကြား လွဲတာ ဖြစ်မှာပါ လို့ပဲ သဘောထား လိုက်ပါသည်။ နောက်နေ့ မနက်ကျ သမီးကို ဖုန်းဆက်ပြီး ''ညကဖုန်း ဆက်တာ အမှတ်(၃)ဂိတ်ကို ရောက်ပြီလို့ပြောတာ ဟုတ်ရဲ့လား'' မေးတော့''ဟုတ်ကြောင်း၊ သူတို့တွေ ဘုရားတပြီး လိုက်လာ ရကြောင်း၊ အပေါ့အပါး သွားဖို့တောင် မရပ်ကြောင်း၊ ဒီကားက ည ၁ဝနာရီမှာ ရန်ကုန်က နေပြည်တော်ကို ပြန်ထွက် မှာလို့ ယာဉ်မောင်းက ပြောကြောင်း'' ပြောပြပါတယ်။ ဘုရား... ဘုရား ကံကြီးပေလို့သာ ဘေးမသီ ရန်မခဘဲ ရန်ကုန်ကို ရောက်တာပါလားလို့ စာရေးသူတို့ ထိတ်လန့် ကြောက်ရွံ့မိပါတယ်။

ညနေ ၆ နာရီထွက်တဲ့ ကားက ၁၅ မိနစ်နဲ့ Toll Gate ကိုရောက်တယ်ထား။ Toll Gate ကနေ ရန်ကုန်အမှတ်(၃)ဂိတ် အထိ မိုင်၂ဝဝကျော်ရှိတော့ ဒီကားက တစ်နာရီ ကို ပျမ်းမျှ ၆၇မိုင် (၁ဝ၇ ကီလိုမီတာ)နှုန်းလောက် မောင်းခဲ့ပါတယ်။ အကွေ့တွေ၊ တံတားတွေ၊ အတက်တွေမှာ အရှိန်လျှော့ရတဲ့အတွက် ကီလိုမီတာ ၁၂ဝ နှုန်းလောက် အထိ မောင်းတဲ့အခါ မောင်းမှာ သေချာပါတယ်။ ကားရဲ့ Weight က များရတဲ့အထဲ တအားမြန်တော့ ကားရဲ့အဟုန် (Momentum) က သိပ်များ နေပါပြီ။ တော်ရုံ တန်ရုံနဲ့ ဘယ်မှာ ထိန်းနိုင်တော့မှာလဲ။ ထိမိခိုက် မိရင်လည်း Impact က တအားများပြီပေါ့။

ဒါကြောင့် စာရေးသူ အနေနဲ့ သက်ဆိုင်သူများကို ''အမြန် မော်တော်ယာဉ်လိုင်းများကို အချိန် သတ်မှတ်ပေးပါ။ သတ်မှတ်ချိန်ထက် နည်းပြီး မောင်း/မမောင်း သိနိုင်မယ့်၊ ကြပ်မတ် စစ်ဆေးနိုင်မယ့် နည်းလမ်းများ ရှာပေးပါ''လို့ ခရီးသည် ပြည်သူများ အားလုံးရဲ့ ကိုယ်စား အကြံပြု အပ်ပါတယ်။ ။

တက္ကသိုလ် ဆရာတစ်ဦး

No comments:

Post a Comment