Friday, June 20, 2014

မနိင်ရင်ပေါင်း ...... ပြီးမှ သာ အောင်လုပ် ....

စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ်ဆိုရင် ...
သီဟတင်စိုးကို သမ္မတနေရာပေးပါ 
လို့  ပြောကြသလို ....
သီဟတင်စိုးက ...
ရှေးခေတ် တော်လှန်ရေး စစ်ကားတွေ 
ပဲ ရိုက်နေသလိုမျိုး ....
ဒီမိုကရေစီအရေးမှာလည်း ....
ကျောင်း သားသမဂ္ဂ....
၈၈အရေးက မတက်တော့ဘဲ ....
တ၀ဲလည်လည် ဖြစ်နေကြပါတယ်....
မြန်မာ့ဒီမိုကရေစီ အရေး ဟာ ....၂၆ နှစ်ကျော်လာတဲ့အထိ ....သီဟတင်စိုး တော် လှန်ရေး စစ်ကားတွေ ရိုက်တဲ့အဆင့်က ....မတက်နိင်သေးတာ တွေ့နေရပါတယ်....
၈၈ ကနေ အခုထိ ....ဒီမိုကရေစီခေါင်းဆောင်တွေရဲ့  ...လူထုကို စည်းရုံး ဟောပြောမှုတွေ ဟာ .....
အုပ်ချုပ်တဲ့ အစိုးရမကောင်းကြာင်းကနေ ....မတက်နိင် ဖြစ်နေပါတယ်....တကယ်တော့ အခု အချိန် ဟာ ....
ရည်မှန်းချက် ကို ရောက်ဖို့ ....ဘယ်လိုသွားကြမယ်ဆိုတာ .....ချပြရှင်းလင်း ....စည်းရုံးရမယ့် အချိန် ရောက်နေပါပြီ.....

ယခင် စစ်အစိုးရမကောင်းကြောင်း ....လက်ရှိအစိုးရ ....လူထုရဲ့  စီးပွားရေး ကို ....
ကောင်းမွန်အောင်  မ လုပ်ပေးနိင်ကြောင်း တွေဟာ ...သာမန်လက်လုပ်လက်စား အခြေခံ တွေက အစ ....အားလုံး သိပြီးသားဖြစ်လို့ ....အထူး ဟောပြောစရာ မလိုတော့ပါဘူး ....လူထုခေါင်းဆောင်တွေ အဓိက ပြောသင့်တာက ....ဘယ် လို လုပ် ကြမယ်ဆိုတာ ဖြစ်ပါတယ် .....
မဟာဗျူဟာရည်မှန်းချက်က ဘာ .....နည်းဗျူဟာရည်မှန်းချက် က ဘယ်လို ဆိုတာတွေ .....
နည်းဗျူဟာ အပြောင်းအလဲတိုင်း ....လူထု နားလည် လိုက်ပါနိင်အောင် ....
စည်းရုံး ဟောပြော နေနိင်ရမှာဖြစ်ပါတယ် ....

မဟာဗျူဟာရည်မှန်းချက်က .....
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ....
သမ္မတဖြစ်ရေးလား .....
၂၀၁၅ရွေးကောက်ပွဲ အပြတ်အသတ်နိင်ရေးလား ဆိုတာ ....
အဓိက အတိုက်အခံပါ တီကြီးဖြစ်တဲ့ NLD က ....
တိတိကျကျ ဆုံးဖြတ်ရပါမယ် ....
တိကျတဲ့ မဟာဗျူဟာချပြီး ....
မှန်ကန်တဲ့ နည်းဗျူဟာ ရွေးချယ်လုပ်ကိုင်ရပါမယ်....

၂၀၁၅ မှာ ....
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ....
မဟာဗျူဟာ ဆိုရင်တော့ ....
၄၃၆ပြင်ရေး ....
၅၉(စ) ပြင်ရေးတို့ကို ....
အပြင်းအထန် ရုန်းကန် ....
လူထုတိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်....

လက်ရှိ လွှတ်တော် အခင်းအကျင်းအရ ....
ဘယ်လိုမှ လွှတ်တော်နည်းလမ်းနဲ့ မပြင်နိင်ပါဘူး ....
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် .....
လူထု အုံကြွမှုနဲ့  ....
ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရပါလိမ့်မယ် .....
အခုလို လက်မှတ်လိုက်ထိုး ....
မရတော့လည်း ရသလောက်ပေါ့ ဆိုတဲ့ ပုံစံမျိုးနဲ့  ....
လက်ရှိအာဏာရပါတီ နဲ့ အစိုးရ က .....
ပျင်းတောင် ပျင်းသေးတယ် လို့ပဲ ....
ပြောရမှာ ဖြစ်ပါတယ်....

ဒီမဟာဗျူဟာကို သွားမယ်ဆိုရင်လည်း....
ပြင်းပြင်း ထန်ထန် ထိထိရောက်ရောက် ...
နည်းဗျူဟာ တိတိကျကျ လုပ်ဖို့လိုပါတယ် ....
၄၃၆ ... ၅၉(စ)ပြင်ရေး မအောင်မြင်ရင် ....
ဘာဆက်လုပ်မှာလဲ ဆိုတာ .....
လူထုက ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်.....
ရမလားလို့ လုပ်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး....

၂၀၁၅မှာ NLD အပြတ်အသတ်နိင်ရေး ....
မဟာဗျူဟာကို သွားမယ်ဆိုရင်တော့ ....
အခုလုပ် နေတဲ့ နည်းဗျူဟာတွေ အားလုံး ....
ပြောင်းပြန်လှန် ရမှာဖြစ်ပါတယ် .....
၄၃၆.... ၅၉(စ) ကိစ္စတွေ လုံးဝ မလှုပ်ရှား ဘဲ .....
ရွေးကောက်ပွဲကိုပဲ အာရုံစိုက် ပြင်ဆင်ရပါမယ် .....
ပထမဆုံး ပြိုင်ပွဲ ရဲ့ ဒိုင်အဖွဲ့ဖြစ်တဲ့ .....
ရွေးကောက်ပွဲ ကော်မရှင် ကို .....
အရင်ဆုံးပြန်ပြင် ဖွဲ့စည်းဖို့ ....
အပြင်းအထန် တိုက်ပွဲဝင်ရပါမယ်.....

အခု ၄၃၆ကိစ္စတွေ လုပ်နေတဲ့နေရာ မှာ ....
ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်ဖွဲ့ရေး ....
လှုပ်ရှားမှုတွေ ဖြစ်နေရပါမယ်....
ဒီအဆင့် အောင်မြင်ပြီးမှ ....
ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိင်ရအောင် ....
ဆက်လုပ် ရပါမယ်.....
၂၀၁၅မှာ .....
လွှတ်တော်ထဲကို NLDအမတ် အများဆုံး ...
ရောက်အောင် လုပ်ပြီး မှ ....
နောက်ထပ် ဒီမိုကရေစီ လမ်းကြောင်းကို ....
ဆက်လျှောက် နိင်မှာ ဖြစ်ပါတယ် .....

ဒီ မဟာဗျူဟာကို သွားမယ်ဆိုရင်တော့ ....
အခု လုပ်နေတဲ့ စစ်တပ်ကို စိန်ခေါ် ပုတ်ခတ် တာတွေ ကို ....
လုံးဝ ရှောင်ကျဉ် ရပါလိမ့်မယ် .....
ကျန် တာတွေ အာရုံမထားဘဲ .....
၂၀၁၅ ရွေးကောက်ပွဲ အပြတ်နိင်ရေးတစ်ခုပဲ .....
နည်းဗျူဟာတွေချ လုပ်သွား ရမှာဖြစ်ပါတယ် ....

မဟာဗျူဟာ နှစ်ခုအနက် ရွေးချယ်ဖို့ စဉ်းစားရာမှာ ....
အဓိက က တော့ ....
ပြိုင်ဘက်ကို ယှဉ် ပြိုင် နိင်မယ့် မိမိ အင်အားစွမ်းရည်ကို .....
မှန်မှန်ကန်ကန် သုံးသပ် ရပါမယ် ....
သာလွန် အနိင်ရနိင်မယ် ဆိုရင် .....
ထိပ်တိုက် ရင်ဆိုင် တိုက် နိင်ပါတယ်....
မနိင်နိင်ဘူး ဆိုရင်တော့ ....
မိုက်မိုက်ကန်းကန်း တိုက်တာရှောင်ပြီး ....
ပြိုင်ဘက်နဲ့  အဆင်ပြေအောင် ပေါင်းထားဖို့ လိုပါတယ်.....

ထိပ်တိုက်တိုးတာရှောင်ပြီး ....
ပြိုင်ဘက် လိုက်လျောပေးနိင်မယ့် အခြေအနေ ....
မဖြစ်မနေ လိုက်လျောပေးရမယ့် အခြေအနေတွေ ....
ရ အောင် ဖန်တီးရမှာ ဖြစ်ပါတယ် ....
မနိင်နိင်သေးရင် ပေါင်းထား ....
ပြီးမှ နိင်အောင်တိုက် ဆိုတဲ့သီအိုရီကို ....
ဆွဲကိုင် ထားသင့် ပါ တယ် .....

NLD ရဲ့ အားသာချက် ကတော့ ....
လူထု အများစုထောက်ခံတဲ့ အားနဲ့  ....
နိင်ငံတ ကာ ထောက်ခံမှုအားတွေ ....
ရရှိထားခြင်း ဖြစ်ပါတယ် ....
ဒီ အားသာချက်တွေကို ....
မှန်မှန်ကန်ကန် အကျိုးရှိရှိ ....
အသုံးချတတ်ဖို့ အရေးကြီးပါတယ်.....

အားနည်းချက်ကတော့ ....
မဟာဗျူဟာ တိတိကျကျမရှိခြင်း....
နည်းဗျူဟာ မှန်မှန် ကန်ကန် ချမှတ် မလုပ်ကိုင်နိင်ခြင်း .....
လူထုကို ရှင်းရှင်းလင်းလင်း လုပ်ငန်းစဉ် ....
မရှင်းပြနိင်ခြင်း တို့  ဖြစ်ပါတယ်....
အဓိက အတိုက်အခံ ပါတီကြီး တစ်ခုပုံစံ မပေါက်ဘဲ ....
သာမန် လူမှုရေးအဖွဲ့ လှုပ်ရှားမှုပုံ ပေါက် နေပါတယ် ....

အခုအချိန်ဟာ ၂၀၁၅မှာ ....
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို သွားမလား .....
ရွေးကောက်ပွဲ အပြတ်အသတ်နိင်ရေး ကိုသွားမလား .....
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အချိန် ဖြစ်ပါတယ်.....
နှစ်ခုစလုံးရဖို့  မဖြစ်နိင်ပါဘူး.....
လက်တွေ့ လုပ်လို့ရမယ့် လမ်းတစ်ခုခုကို ရွေးရပါမယ် .....
လူထုကိုလည်း သွားမယ့်လမ်းကြောင်း ....
လုပ်မယ့် နည်းလမ်းတွေ ....
ရှင်းရှင်းလင်းလင်း ပြောဖို့ လိုပါတယ်.....

အင်္ဂလိပ် ဂျပန်တော်လှန်ရေးတွေပဲ ရိုက်နေတဲ့ ....
သီဟတင်စိုး လို မဖြစ် ဖို့  ....
ကျောင်းသားသမဂ္ဂ နဲ့ ၈၈ အရေးက မတက်နိင်တဲ့ .....
ကျောင်းသားဟောင်းတွေ လို မဖြစ်ဖို့ .....
NLD ဦးဆောင်တဲ့ လူထုခေါင်းဆောင်တွေ ဟာလည်း .....
ယခင်စစ် အစိုးရ မကောင်းကြောင်း ....
လက်ရှိ အစိုးရ မကောင်းကြောင်း .....
စစ်တပ် မကောင်း ကြောင်းတွေ ....
ဟောပြောနေတဲ့ အဆင့် ကတက်ပြီး .....
ရည်မှန်းချက် ဘာတွေ ဖြစ်တယ် .....
ဘယ်လို သွားကြမယ် ဆိုတာတွေ .....
ပြောဖို့ လိုနေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။ ။

( Credit to U Thaung Aye )
From:Ye Moe

No comments:

Post a Comment