Thursday, June 19, 2014

အီရတ်နိုင်ငံ တီကရစ်မြို့တွင် လူအစုလိုက်အပြုံလိုက် စစ်သွေးကြွများ သတ်ဖြတ်မှု

အစ္စလာမ်မစ်စစ်သွေး ကြွများက အီရတ်နိုင်ငံ
 မြောက် ပိုင်းဒေသများစွာကို သိမ်းပိုက်ပြီး
 နောက် မြို့တော်ဘဂ္ဂဒက်သို့ ထိုး စစ်ဆင်နေစဉ် အီရတ်စစ်သား ရာပေါင်းများစွာအား သတ်ဖြတ် လိုက်သည်ဟုပြောသော အစ္စ လာမ်မစ် စစ်သွေးကြွများ၏ ကြောက်မက်ဖွယ်ရာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို အမေ
ရိကန်အစိုးရက ပြစ်တင်ရှုတ်ချ လိုက်သည်။

ဆွန်နီမွတ်စလင် အစွန်း ရောက်အဖွဲ့မှ တိုက်ခိုက်ရေးသ မားများက အီရတ်စစ်သားများ အား အစုလိုက်အပြုံလိုက် သတ် ဖြတ်ခြင်းကို ပြသပုံပေါ်သည့် ဓာတ်ပုံများ ယင်းအဖွဲ့က အွန်လိုင်းတွင် ပြသခဲ့သည်။

ယင်းဓာတ်ပုံများမှာ အစစ် အမှန်ဖြစ်သည်ဟု အီရတ်စစ် ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ကာ ဆင်အယ်လ်မော်ဆာဝီက ပြော ကြားပြီး ယင်းမှာ ဆလာဟူဒင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သည်ဟု ၎င်းကပြောသည်။

သို့သော် ယင်းဓာတ်ပုံများ အစစ်အမှန်ဖြစ်ကြောင်း အမှီအခို ကင်းစွာ အတည်ပြုထားခြင်းမရှိ ပေ။ အီရတ်နှင့် မြေထဲပင်လယ် ဒေသတွင် အစ္စလာမ်မစ်နိုင်ငံ တော် တည်ထောင်ရေး ISIL အဖွဲ့မှ ဆွန်နီမွတ်စလင်သူပုန်များ၏ ထိုးစစ်ဆင်မှုကို ကနဦးတွင် တွန်း လှန်နိုင်ခဲ့သည်ဟု အီရတ်အစိုးရ က ပြောကြားထားစဉ် ယင်းဓာတ် ပုံများ အွန်လိုင်းတွင် ထွက်ပေါ် လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မိုဆူးလ်မြို့နှင့် တီကရစ်မြို့တို့ အပါအဝင် အဓိကမြို့ကြီးများကို စစ်သွေးကြွများက သိမ်းပိုက်ခဲ့သည်။

သို့သော် ယခုအခါ မြို့များ စွာကို သူပုန်များလက်မှ ပြန်လည် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ယူအက်စ်အက်စ်ဂျော့ခ်ျဒဗ လျူဘုရှ်လေယာဉ်တင်သင်္ဘော ကို အခြားစစ်သင်္ဘောနှစ်စီးနှင့် အတူ ပင်လယ်ကွေ့တွင် ချထား ခဲ့ပြီးဖြစ်သည်။

သို့သော် အီရတ်နိုင်ငံသို့ အမေရိကန်ကြည်းတပ်စစ်သား များ စေလွှတ်မည်မဟုတ်ဟု ဝါရှင်တန်က ပြောသည်။

ဘဂ္ဂဒက်ကို တိုက်ရိုက်ကူညီ ရန် အီရတ်အိမ်နီးချင်းနိုင်ငံများက ကမ်းလှမ်းထားသော်လည်း စစ် သားများ စေလွှတ်ပေးရန်မူ ငြင်း ပယ်ထားသည်။

အီရတ်အစိုးရဘက်မှ ရှီး ဟိုက်မွတ်စလင်စစ်သား ၁,၇၀၀ ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က တွစ်တာဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။

—Ref: AFP

အရပ်ဝတ်နှင့်အီရတ်စစ်သားများအား ISIL ဂျီဟတ်အဖွဲ့သေနတ်သမားများက ပစ်သတ်နေသည်ဟုဆိုသောပုံကို ၎င်းတို့၏တွစ်တာစာမျက်နှာမှ ရရှိသောပုံ၌ တွေ့ရစဉ် (WELAYAT SALAHADDEN/EPA)

No comments:

Post a Comment