Friday, June 20, 2014

တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကို ဦးအောင်မင်းတောင်းပန်

သူရဘွဲ့နှင့် သူရဲ ကောင်း မှတ်တမ်းဝင်များပေးစ ရာ မလို၊ သစ္စာလေးချက်ပြင်ရန်လို အပ်ဟု ပြောမိခဲ့သည့် စကား များ နှင့် ပတ်သက်၍ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက တပ်မတော် သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံး ကိုယ်စားတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား တောင်းပန် ခဲ့ကြောင်း သတင်းရရှိသည်။
၁၉၇၃ ခုနှစ် တိုက်ပွဲဖြစ် စဉ်တစ်ခုတွင် ကျဆုံးနှင့် ဒဏ်ရာ ရစစ်သားများကို စွန့်စားကယ် တင်နိုင်ခဲ့သည့် ဆောင်ရွက် မှု ကြောင့် သူရဲကောင်းမှတ်တမ်းဝင် အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ဗိုလ်ချုပ်(ဟောင်း)၊ သမ္မတရုံးဝန် ကြီးဦးအောင်မင်းက UMFCCI တွင် ပြုလုပ်ပွဲတစ်ခု၌ ‘‘ကိုယ့်အ ချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအ တွက် သူရဘွဲ့တွေ၊ သီဟသူရဘွဲ့ တွေ ပေးစရာမလိုဘူး’’ဟု ပြော ကြားခဲ့သည်။

အဆိုပါသတင်းကို သတင်း စာစောင်အချို့က ဖော်ပြခဲ့သည့် အတွက် တပ်မတော်သားနှင့် စစ် မှုထမ်းဟောင်းများက ဦးအောင် မင်းအပေါ် အပြင်းအထန် ကန့် ကွက်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ သည်။ အဓိကအားဖြင့် လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသုံးစွဲ ကြသည့် တပ်မတော်သားများစွာ နှင့် စစ်မှုထမ်းဟောင်းကြီးများက ဦးအောင်မင်း၏ ပြောကြားချက် ကို သည်းမခံနိုင်စရာဖြစ်ရပ်တစ်ခု အဖြစ် သတ်မှတ်၍ နေ့စဉ်ရက် ဆက်ထိုးနှက်ဝေဖန်မှုများ ပြင်း ထန်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ သမ္မတ ရုံး ၀န်ကြီးဦးအောင်မင်းက မိမိ၏ ပြောစကားအတွက် တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း များအားလုံးကို တောင်းပန်လိုက် ခြင်းဖြစ်သည်။

ဦးအောင်မင်း ကိုယ်တိုင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ သွားရောက်၍ ဇွန် ၁၇ ရက်တွင် တောင်းပန်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

‘‘အဲဒီနေ့က မီဒီယာတစ်ဦး က မေးတယ်။ သမိုင်းကြောင်း တစ်လျှောက် နှစ်ဖက်ကျဆုံး သွားခဲ့တဲ့ စစ်သည်များ၊ တိုင်းရင်း သားလက်နက်ကိုင်များရဲ့ အရေ အတွက်ကို ကိန်းဂဏန်းနဲ့ ဖော်ပြ ပေးပါလို့ တောင်းဆိုလာပါတယ်။ ဒါကြောင့်ဒီစကားကိုပြောခဲ့ရတာ ပါ။ ဒါ့အပြင်အိန္ဒိယနိုင်ငံ အင်ဖာ မှာရှိတဲ့ သူရဲကောင်းစစ်သည် ဗိမာန်မှာ ကိန်းဂဏန်းတွေမရေး ထားဘဲ စာကြောင်းလေး တစ် ကြောင်း ရေးထားတာကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကတော့ မင်းတို့တွေ အိမ်ပြန်သွားကြရင် တစ်ခွန်း သူ့ကိုပြောလိုက်ပါ။ မျိုး ဆက်သစ်တွေအတွက် မနက် ဖြန်တွေရှိနေစေဖို့ ငါတို့တစ်တွေ ဒီနေ့မှာ ပေးဆပ်ခဲ့ပါပြီဆိုတာပါ ပဲ။ ခေတ်စနစ်တွေ ပြောင်းလဲနေ ပါပြီ။ ကျည်တစ်တောင့်မှ မကုန် ဘဲ ငြိမ်းချမ်းရေးရရင် ပိုမကောင်း ဘူးလား’’ဟု ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက အဆိုပါကိစ္စ နှင့် ပတ်သက်၍ 7 Day Daily အားရှင်းပြသည်။

ဦးအောင်မင်းတောင်းပန်မှု အပေါ် တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက ‘‘လူဆိုတာ တော့ ဘယ်သူဖြစ်ဖြစ်မှားတတ် တယ်။ ဒီလိုပြောခဲ့တဲ့အမှားက တပ်မတော်တစ်ရပ်လုံးအတွက် ရင်ထဲမှာ မခံစားစေချင်ဘူး။ ယောက်ျားပီပီ၊ စစ်သားပီပီ ကိုယ့် အမှားကိုယ် ရဲရဲဝံ့ဝံ့ဝန်ခံသွားတဲ့ အတွက် ဘာပဲပြောပြောကျေနပ် တယ်။ နောက်ထပ်လည်း ဒီလို မျိုးထိလွယ်ရှလွယ်ကာလကြီးမှာ တပ်အတွင်းမှာတင်ကို အမြင် စောင်းသွားနိုင်တဲ့ အပြောမျိုးကို မဖြစ်စေချင်ဘူးလို့ ပြောချင်ပါ တယ်’’ ဟုမှတ်ချက်ပေးသည်။

အရပ်ဘက်တွင် တာဝန်ထမ်း ဆောင်နေသည့် တပ်မတော် သားဟောင်း အရာရှိတစ်ဦးက လည်း ‘‘ပြန်ပြီး တောင်းပန်တယ် ဆိုရင်တော့ ကောင်းပါတယ်။ တပ်မတော်သားဆိုတာ ရဲဘော်ရဲဘက်တွေ အချင်းချင်းပိုပြီး ခင်တွယ်ပါတယ်။ ဒါမျိုးရဲဘော်ရဲဘက်ဆက်ဆံရေးက သာမန်သံယောဇဉ် မဟုတ်ပါဘူး။ သစ္စာဆိုတာတွေ၊ စွမ်းရည်ဘွဲ့ပေးတာ တွေရဲ့ နောက်ကွယ်မှာ လေးနက် တဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါ တယ်။ စစ်သားအိုကြီးတွေ ဘယ် တော့မှ မသေဘူး။ တဖြည်းဖြည်း ချင်းသာ မှေးမှိန်ပျောက်ကွယ် သွားလေ့ရှိပါတယ်ဆိုတဲ့ စကား လိုပါပဲ။ ၀န်ကြီးဦးအောင်မင်း အနေနဲ့ ဒီသံယောဇဉ်တွေ၊ ဒီ စိတ်ဓာတ်တွေရှိနေလို့လည်း အခု လိုပြန်ပြီး တောင်းပြန်တာဖြစ်ပါ လိမ့်မယ်။ အဲဒီအတွက်နားလည် နိုင်ပါတယ်’’ဟု ပြောသည်။

ဦးအောင်မင်းက ‘‘ကျွန် တော်တပ်မတော်သားတွေအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ နောက်လည်း ဖောက်မှာမဟုတ် ဘူး။ ကျွန်တော်အခု ဆောင်ရွက် နေတာ စစ်သားတွေ အကျိုးအ ပြတ်မဖြစ်စေဖို့၊ ရဲမေတွေ မုဆိုး မမဖြစ်စေဖို့ လုပ်နေတာပါ။ နိုင်ငံ တော်က တာဝန်ပေးနေတဲ့အချိန် ထိ ကျွန်တော်ဆက်လုပ်နေမှာပါ’’ ဟု ဆက်လက်ဖြေကြားသည်။

No comments:

Post a Comment