Tuesday, June 17, 2014

ဇွန်သင်ဇာ ဖုန်းအလစ်သုတ်ခံရ

ဖေ့စ်ဘွတ်နာမည်ကြီးမော်ဒယ် ဇွန်သင်ဇာ
တစ်ယောက် မနေ့က သူမဖုန်း အလစ်သုတ်
ခံခဲ့ရကြောင်း ကျွန်တော့်ကို လာပြောပြပါတယ်။
သူမကို ဂျာနယ်တစ်စောင်မှဟုဆိုကာ အင်တာ
ဗျူးချင်ကြောင်း ပြောလာတဲ့အတွက် သူမနေ
ထိုင်ရာ မြောက်ဒဂုံနားက ကော်ဖီဆိုင်တစ်ခု
မှာ ချိန်းလိုက်ပါသတဲ့။အဲဒီမှာ ပြည့်စုံလို့ သူမ နာမည်သိရှိထားသူက မေးခွန်းစာရွက်နဲ့ ဘောလ်ပင် 
ထုတ်ပေးပြီး အင်တျာေူးကိုဖြေခိုင်းပါသတဲ့။ ပြီးတော့ ဖုန်းတစ်ကောလ်လောက်ပေးဆက်ပါဆိုပြီး ဖုန်းတောင်းဆက်တာကို သူမက ပေးလိုက်တဲ့အခါ
ဖုန်းဆိုင်ပြင်ထွက်ပြောတယ်ထင်တာ ဖုန်းအလစ်သုတ်ပြေးသွားပါတယ်တဲ့။ ထိုသူသည် ယခင်က express time ဂျာနယ်တွင် လုပ်ကိုင်ခဲ့ဖူးပြီး မော်ဒယ်တော်တော်များများသတင်းကို ထည့်ပေးခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ယခု ဂျာနယ်တစ်စောင်ကို ရောက်နေပြီး အင်တာဗျူးမည်ဆိုကာ ဖုန်းလစ်ပြေးသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ထိုသူမှာ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူ အရပ်မနိမ့်မမြင့် ရက်ပ်ပါစတိုင်ဦးထုတ်ဆောင်းလေ့ရှိသူဟုလည်း ဆိုပါတယ်။ ပြည့်စုံဆိုသူအား သူမက မြောက်ဒဂုံရဲစခန်းတွင် အမှုဖွင့်သွားမည်ဟုလည်းဆိုသည်။ ကျန်သော မော်ဒယ်များ သတိထားကြစေလိုပါကြောင်း မောင်းခတ်လိုက်ပါသည်။

No comments:

Post a Comment