Saturday, June 28, 2014

ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ

အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ် သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့အ၀င် စစ်ဆေးရေး ဂိတ် တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဦးဆောင်ကာ ဘင်္ဂါ လီ ကိုးဦးစီးလာသည့်ကားကို စစ် တပ်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးသောင်း လွင် ကပြော သည်။
‘‘တစ်ယောက်ကို သုံးသိန်းပဲ ရတာ။ ဘာမှလည်းရတာမဟုတ် ဘူး။ အဲဒါတောင်အကြွေး၊ ရန် ကုန်ရောက်မှ ပေးမယ် ဆိုပြီး သယ်လာတာ’’ ဟု ဒုတိယရဲမှူး သောင်းလွင်ကပြောသည်။
ဘင်္ဂါလီများကို ခေါ်သွင်း လာသူ နှစ်ဦးမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွင် ရဲမှူးကြီး အဆင့်ဖြင့် လေး စားလောက်ဖွယ် တာဝန်ထမ်း ဆောင်ခဲ့သူ အငြိမ်းစားရဲအရာရှိ ကြီးနှစ်ဦး၏ သားနှင့် သမီးဖြစ်ပြီး ယခုကဲ့သို့ ဘင်္ဂါလီများကို အခ ကြေးငွေယူ၍ သယ်ဆောင်ပေးသည့်လုပ်ရပ်အပေါ်အံ့သြမိ ကြောင်း  ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
ဘင်္ဂါလီ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားရှစ်ဦးကို ကျောက် တော်မြို့မှ ဇွန်လ ၁၆ ရက် ည တွင် စတင်ခေါ်ထုတ်လာခဲ့ပြီး ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့ ပဲပဒုံးစစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးနိုင် ခဲ့ခြင်းဖြစ်သည်။
‘‘ဒီစစ်ဆေးရေးဂိတ်မှာ စစ် တပ်ရော၊ ရဲရော၊ အကောက်ခွန်ရော၊ လ၀ကတွေရောအကုန်ပေါင်း စစ် ဆေးတာ။ အဲဒီနေရာက ကျော် လို့ကိုမရတာ။ အမှုအကြောင်း တော့ ကျွန်တော်တို့ မသိပါဘူး။ သူတို့အဖေဖြစ်တဲ့ ရဲမှူးကြီးနှစ် ယောက်ကတော့ တိုင်းပြည်အ တွက် တကယ်ကို တာဝန်ကျေခဲ့ တာ ပါ’’ဟု အမှတ်(၄) နယ်ခြား စောင့်လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။
အဆိုပါအငြိမ်းစားရဲမှူးကြီး နှစ်ဦးအနက် တစ်ဦးမှာ ယာဉ်မတော်တဆမှု တစ်ခုကြောင့် သေဆုံး ခဲ့ပြီး နောက်တစ်ဦးမှာ လူကြီးရောဂါဖြင့် ဆုံးပါးသွားကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီကိုးဦးကို အမ်းမြို့နယ် ဆေးရုံတွင် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းထား ကာ အဆိုပါအမှုနှင့် ပတ်သက်၍ သံသယရှိသူ နောက်ထပ်အမျိုး သမီးတစ်ဦးကိုလည်း အမ်းမြို့နယ်ရဲ တပ် ဖွဲ့က ထပ်မံစစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment