Monday, June 16, 2014

ရန်ကုန်-လားရှိုး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၊ တစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ

15 June 2014
ရန်ကုန်နှင့် လားရှိုးပြေး ဆွဲသည့် တက်လမ်း ခရီးသည် တင်ယာဉ်သည် သီပေါမြို့အနီးတွင် တိမ်းမှောက် ခဲ့ပြီး ခရီးသည် အမျိုးသား တစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာ ရခဲ့ကြောင်း သီပေါမြို့မ ရဲစခန်းမှ သတင်း

ရရှိ သည်။
လားရှိုးမြို့မှရန်ကုန်သို့ထွက်လာစဉ် 

 ပြည်ထောင် စုလမ်း မကြီးပေါ်၌ မေလ ၁၁ ရက် နံနက် က အိမ်စီးကားတစ်စီးအား ၀င် တိုက်ကာ အရှိန်လွန်၍ လမ်းဘေး သို့ ထိုးကျသွားခဲ့ခြင်းဖြစ်
သည်။
ယာဉ်မောင်း အပါအ၀င် ခရီးသည် ခြောက်ဦးဒဏ်ရာရ ခဲ့ကာ အမျိုးသားတစ်ဦးသေဆုံး ခဲ့ကြောင်း သီပေါမြို့မရဲစခန်း မှူး ဒုရဲမှူးသိန်းလှိုင်က ပြော သည်။
‘‘မောင်းတဲ့ အရှိန်များပြီး အိမ်စီးကားကို ၀င်တိုက်တာ။ အိမ်စီးကားကတော့ ဘာမှမဖြစ် ဘူး။ ဒီဘက် ကားလမ်းတွေက လမ်းဘေးတွေမှာ ချောက်တွေ များတော့ တက်လမ်းက ချောက် ဘက် ကျပြီးအခြေအနေဆိုးသွားတာ။ယာဉ်မောင်းလည်းဒဏ်ရာ ပြင်းလို့ ဆေးရုံမှာပဲရဲအစောင့်အ ရှောက် နဲ့ ထားတယ်’’ ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသူ ခြောက်ဦးအနက် ဒဏ်ရာပြင်းထန်သည့် ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦးမှာ မန္တလေးဆေးရုံကြီးတွင် ကုသနေပြီး အဆိုပါအမှုကို သီပေါမြို့နယ်ရဲစခန်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment