Wednesday, June 25, 2014

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကို ရူးသွပ်သောအာကာသယာဉ်မှူးများ အာကာသထဲကတဆင့် ဘောလုံးပွဲများ တိုက်ရိုက် ကြည့်ရှုနေ

နာဆာ ရဲ့ အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ Reid Wiseman၊ Steve Swanson နဲ့ ဥရောပအာကာသအေဂျင်စီ က ဂျာမနီနိုင်ငံသား အာကာသ ယာဉ်မှူး Alexander Gerst တို့ ဟာ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားဘော လုံးပြိုင်ပွဲ ကို အာကာသကနေ တိုက်ရိုက်ကြည့်နေကြပါတယ်။ အပြည်ပြည်ဆိုင်ရာအာကာသ
စခန်းအတွင်းမှာ တပ်ဆင် ထားတဲ့ ဒေတာဖမ်းစက်ကနေ တိုက်ရိုက်ကြည့်ရှုနေကြကြောင်း နာဆာက တရားဝင်ထုတ်ပြန်ခဲ့
တာ ပါ။
ကမ္ဘာ့ဖလားပွဲဝင် အသင်းတွေ၊ကစားသမားတွေနဲ့  ပွဲကြည့်ပရိတ်သတ်တွေအတွက် ဆုမွန်ကောင်းတောင်း ပေးထားတဲ့ စကားနဲ့ အတူ ISS (International Space Station) က၀န်ထမ်းတွေ အာကာသစခန်းအတွင်းမှာ ဆွဲငင်အားအကန့်  အသတ်နဲ့  ဘောလုံးကစားနေကြတဲ့ ဗီဒီယိုဖိုင်ကိုလည်း နာဆာက မကြာသေးမီက ထုတ်ပြန်ခဲ့ပါသေးတယ်။
နာဆာအာကာသယာဉ်မှူးတွေရဲ့ မိခင်နိုင်ငံ အမေရိကန်အသင်းနဲ့ ဥရောပအာကာသအေဂျင်စီက ဂျာမနီ အာကာသယာဉ်မှူးရဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ ဟာ ဂျွန်လ ၂၆ ရက်နေ့ မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Ref: nasa.gov

No comments:

Post a Comment