Thursday, June 5, 2014

ဦးသိန်းစိန်ကို နောက် တစ်ဆက် သမ္မတ လုပ်ရန် တိုင်းရင်းသား ခေါင်းဆောင် တိုက်တွန်း

From : ..7day
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင် များနှင့် နိုင်ငံတော် သမ္မတ တို့တွေ့ဆုံ စဉ် နိုင်ငံတော် သမ္မတကြီးအား ဒုတိယသက် တမ်းကို ဆက်လက်ထမ်းဆောင်ရန် အကြံပြု ခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင်ကပြောသည်။
‘‘အကြံပြုရတဲ့အကြောင်း ရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းတွေကို သမ္မတကြီးကစ တင်ဖော်ဆောင် တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို စလယ်ဆုံးသမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင် မယ်ဆိုရင် ဒီငြိမ်း ချမ်းရေး ဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည် တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါ တယ်’’ ဟု မန်းငြိမ်းမောင်ကဆိုသည်။
‘‘သမ္မတကြီးရဲ့ သဘောထား ကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့တိုင်းပြည် က လိုအပ် လို့ ပြည်သူကတောင်း ဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ၂၀၁၅ခုနှစ်အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက် ၍ ခိုင်မာပြီး နောက်ကြောင်း ပြန်မလှည့်နိုင်သည့်အခြေအနေတစ်ခုထိရောက် အောင်ဆောင် ရွက်ပေးပါဟုလည်း အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment