Wednesday, June 4, 2014

ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေး

Photo: ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေး
Wednesday, June 4, 2014

လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းရာတွင် ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် လွှတ်တော်အမတ်များ အနေနှင့် သတိပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူခြင်းတွင် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် ချေးငွေ စာချုပ်စာတမ်းပါ အချက် ၁၆ ချက်ကို ထိုက်သင့်သလောက် ဖြေလျှော့ပေးရန် ကိစ္စမေးမြန်းရာတွင် “ဘဏ်များတွင် ချေးငွေယူပါက ကြားပွဲစားက ဖြတ်စားလျှပ်စား ပြုလုပ်နေသည်” ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

ယင်းကဲ့သို့ အကြောင်းအရာများသည် တိကျသေချာမှု ရှိပါက အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်သို့ တင်ပြနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေရန် လွှတ်တော် ကိုယ်စားလှယ်များက သတိထားမေးမြန်း တင်ပြစေလိုကြောင်း သူရဦးရွှေမန်းက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အများပြည်သူထံသို့ ချေးငွေ ထုတ်ပေးရာတွင် မူဝါဒ ၁၆ ချက်နှင့်အညီ လုပ်ကိုင်နေပြီး မြေ၊ အဆောက်အအုံ၊ ပုံစံ၊ မှတ်ပုံတင် ထားရှိမှု၊ ပြန်လည် ပေးဆပ်နိုင်မှု၊ မီးအာမခံ၊ စာချုပ်စာတမ်း ကိစ္စများကို ခိုင်လုံတိကျစွာ စိစစ်နေရကြောင်း၊ ယင်းကြောင့် မူဝါဒ လျှော့ချနိုင်သော်လည်း အချိန်ကာလကို လျှော့ချပေးရန် မဖြစ်နိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြန်လည် ပြောဆိုသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူပြီး နောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်များကို မေးခွန်း မေးမြန်းခြင်းနှင့် အစိုးရနှင့် တပ်မတော်ကို ထောက်ပြ ပြောဆိုသော စကားလုံးများကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုကြရန် မကြာခဏ သတိပေးဖူးသည်။

The Voice Weekly
လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်း
ရာတွင် ယေဘုယျဆန်သော စကားလုံး
များဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် လွှတ်တော် အမတ်များ အနေနှင့် သတိပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးအတွင်း သတိပေး ပြောကြား သည်။
ဇွန်လ ၃ ရက်နေ့တွင် ကျင်းပ သည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူခြင်းတွင်
လျင်မြန်စွာ ဆောင် ရွက်ပေးနို င်ရန် ချေးငွေ စာချုပ်စာတမ်းပါ အချက် ၁၆ ချက်ကို ထိုက်သင့်သလောက် ဖြေလျှော့ပေးရန် ကိစ္စမေးမြန်းရာတွင် “ဘဏ်များတွင် ချေးငွေယူပါက ကြားပွဲစားက ဖြတ်စားလျှပ်စား ပြု လုပ်နေ သည်” ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။
ယင်းကဲ့သို့ အကြောင်းအရာများသည် တိကျသေချာမှု ရှိပါက အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်သို့ တင်ပြနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေရန် လွှတ်တော် ကိုယ်စားလှယ်များက သတိထားမေးမြန်း တင်ပြစေလိုကြောင်း သူရဦးရွှေမန်းက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အများပြည်သူထံသို့ ချေးငွေ ထုတ်ပေးရာတွင် မူဝါဒ ၁၆ ချက်နှင့်အညီ လုပ်ကိုင်နေပြီး မြေ၊ အဆောက်အအုံ၊ ပုံစံ၊ မှတ်ပုံတင် ထားရှိမှု၊ ပြန်လည် ပေးဆပ်နိုင်မှု၊ မီးအာမခံ၊ စာချုပ်စာတမ်း ကိစ္စများကို ခိုင်လုံတိကျစွာ စိစစ်နေရကြောင်း၊ ယင်းကြောင့် မူဝါဒ လျှော့ချနိုင်သော်လည်း အချိန်ကာလကို လျှော့ချပေးရန် မဖြစ်နိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြန်လည် ပြောဆိုသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူပြီး နောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်များကို မေးခွန်း မေးမြန်းခြင်းနှင့် အစိုးရနှင့် တပ်မတော်ကို ထောက်ပြ ပြောဆိုသော စကားလုံးများကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုကြရန် မကြာခဏ သတိပေးဖူးသည်။

The Voice Weekly

No comments:

Post a Comment