Monday, June 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ကာရပ်ဖ် ဦးစီးအဖွဲ့သည် နယ်စပ် မှတ်တိုင်(၅၂) အနီး သို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဖြစ်စဉ်နှင့် ပတ်သက် ၍ ရှင်းလင်းပြော ကြားခဲ့ပြီး သေဆုံးသူ အလောင်းအား စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ ၎င်းတို့ တပ်ဖွဲ့ဝင် ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ် အဆင့်ရှိ မာဒမ် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံး သွားခဲ့သူ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာ လုပ်ဆောင်ရမည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်း မရှိ သဖြင့် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့ သို့ ဖြစ်စဉ်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၎င်းတို့ အနေဖြင့် ဘယ်လိုမှ စိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက် အနေဖြင့်လည်း စိတ်ထဲတွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့ အထက် ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၎င်းတို့ဘက်တွင် အခြား ပြဿနာများ ရှိပါက ပြော ကြား ရန်နှင့် လိုအပ်ပါက ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မိမိလုံခြုံရေး တပ်ဖွဲ့ တာဝန်ရှိသူ မှလည်း ဖြစ်စဉ်နေရာအား လိုက်လံ ပြသခြင်း၊ ဖြစ်စဉ် ဖြစ်ပွားပုံ အား ရှင်းလင်း ပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ စောင့်ထိန်း လိုက်နာရမည့် အချက်များအား အလေးထား ဆောင်ရွက်ပေးစေလိုကြောင်းတို့အား ပြန်လည် ပြော ကြားခဲ့ပြီး ရုပ်အလောင်းအား စနစ်တကျ လက်မှတ်ရေးထိုး လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ညနေ ၅ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များသည် ရုပ်အလောင်းအား လက်ခံရ ယူပြီးနောက်  ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။

No comments:

Post a Comment