Thursday, June 19, 2014

ဖွဘုတ် မိုးလေ၀သ ခန့်မှန်းချက်

ဒီကနေ့ ရေပန်းအစားဆုံး စကားလုံး
ကတော့....Angry Bird ဖြစ်ပါတယ်...
ဖွဘုတ်သုံးစွဲသူတွေ အကြားမှာ ဘူးလက်ရဲ့
 Angry Bird က တော်တော်လေးကို
 ရေပန်းစားလာတာ တွေ့ရပါတယ်..
တချို့ကလည်း လဒ လို့ မပြော တာ ကျေးဇူးတင်ရဦးမယ် ဆိုပြီး ကောက်ချက် ချပါတယ်...တချို့ကလည်း အန်းဂရီးဒေါင်း ပုံတွေ ဂုဏ်ပြုပြီး ဖော်ပြကြတာကို တွေ့ ရပါတယ်..
.နှစ်ဘက်သော အုပ်စုတွေကြားထဲမှာလဲ ဘူးလက်ကို အမှုန့်ကြိတ်ပစ်လိုသူတွေ...အန်းဂရီးဒေါင်းကို လက်ခုပ်တီးသူတွေ ..ဆူညံ ပွက်လော ရိုက်နေတာ....
Angry Bird နဲ့ ဘူးလက်နဲ့ဆိုရင် ဘူးလက်အနိုင်ရရှိမယ် ဆိုပြီး ဗိုလ် ကျား သေနတ် ဖော်မြုလာနဲ့ ရှင်းပြတဲ့သူတွေလည်း ရှိနေပါတယ်...
ဖွဘုတ်မြေပုံမှာတော့ ပိုပြီး ဆိုးဝါးလာဖို့တော့ မရှိသေးပါဘူး....လာမယ့် ရက်ပိုင်းအတွင်းမှာတော့ Angry Bird က ဆက်ပြီး ရေပန်းစားနေဦးမယ် ထင်ပါတယ်...
ဒီကြားထဲ စစ်သားလုပ်ချင်တဲ့ ကလေးတွေကို သူ့အသက်ကို သတ်ရင် ငရဲကြီးလိမ့်မယ် ဆိုပြီး ရှင်းပြတာဟာလည်း စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်...
စစ်သားတွေကလဲ ...သူ့အသက် မသတ်ဘဲ မေတ္တာသုတ်နဲ့ နိုင်ငံကာကွယ်ဖို့ စဉ်းစားလာကြပါပြီ.....တချို့ကလည်း ဒါဆိုရင် စစ်သား ဆိုတာ လိုပါဦးမလား ပြောနေကြပါပြီ...
သတ်ချင်ဖြတ်ချင်စိတ်တွေ လျော့နည်းဖို့ စစ်တပ်ထဲမှာ တရားပွဲတွေ များများ လုပ်ရမယ် ....နူးညံ့တဲ့ ကြင်နာတတ်တဲ့ နှလုံးသားတွေ ဒီလိုမှ ဖြစ်လာမယ် ဆိုပြီး ပြောလာကြပါပြီ....
ဒါဆိုရင်တော့ ဆီပုလင်းပါ ဆောင်ထား ဆိုပြီး ချေပတဲ့ သူတွေလည်း ရှိနေပါတယ်....စစ်သားတွေ သတ်ချင်ဖြတ်ချင်စိတ်တွေ လျော့နည်းလာအောင်....ငြိမ်းချမ်းရေးအကျိုးဆောင်တွေကို အကြံ ဥာဏ် တောင်းရမယ် ဆိုတဲ့လူတွေလည်း ပေါ်ထွက်လာပါတယ်...
သူတို့ရဲ့ အဆိုကတော့.....ဒီစကားကို အောင်မြင်အောင် လုပ်နိုင်ပြီဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုတာ မလိုတော့ဘူး.....ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေ မရှိနိုင်တော့ဘူ...ဒါ့ကြောင့် စစ်သားတွေ သတ်ချင် ဖြတ်ချင်စိတ်တွေ ပျောက်သွားအောင် လုပ်သင့်တယ် ဆိုတာပါပဲ...
ဖွဘုတ်ကတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပါပြီ.....ဒီမိုတွေဘက်မှာတော့ Angry Bird လှိုင်းဒဏ်ကို တော်တော်လေး ချေဖျက်နေရတဲ့ မြင်ကွင်းမျိုးပါ...စစ်ခွေးတွေကတော့ သတ်ချင် ဖြတ်ချင်စိတ်တွေ မရှိအောင် တရားထိုင်ကြစို့ ဆိုပြီး ဖြစ်လာနေပါတယ်...
နောက်နှစ်ရက်အတွက်ကတော့ Angry Bird လှိုင်းလေတွေ ရှိနေဦးမှာပါ...တစ်နာရီကို comment ရာဂဏန်းနဲ့ တိုက်နေဦးမှာပါ....
ကျန်းမာ ချမ်းသာကြပါစေ.....ကျွန်တော်...ပလေတိုပါ...

From:ပလေတို ဒီိမို

No comments:

Post a Comment