Friday, June 20, 2014

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး

ဇွန်၁၈ရက်ညက ဖမ်းဆီးခံရသည့်မြန်မာလုပ်သားများ(ဓာတ်ပုံ−မန်းမျိုးမြင့်မီဒီယာ)
မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံမဲဆောက်မြို့ သို့ လူတစ် ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။
ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်း ခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီး ခံရသူ မဝင်းက ပြော သည်။
‘‘အခုအဖမ်းခံရတဲ့သူတွေ က ထိုင်းဘက်ကိုကူးလာဖို့ အတွက် မြန်မာဘက်ခြမ်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်လို့ပြောတယ်။ သူ တို့ကိုမေးကြည့်တော့လည်း ဒီကို လာဖို့ တစ်ယောက်ကို ထိုင်းဘတ် ငွေတစ်သောင်းခွဲလောက်ကုန် တယ်တဲ့။ ထိုင်းအာဏာပိုင်တွေ ကလည်း သူတို့ကို အရေးယူသွား မယ်လို့ ပြောသွားပါတယ်’’ဟု KNU ပြည်ထဲရေးဌာနမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။
ဖမ်းဆီးရာတွင် မဲဆောက် အခြေစိုက် အမှတ် (၄)ဒေသဆိုင် ရာကွပ်ကဲရေးတပ်မှူးကြီးအပါ အဝင် ထိုင်းလဝက၊ ထိုင်းနယ် ခြားစောင့်တပ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါဝင်သော ပူး ပေါင်းအ ဖွဲ့များက ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံစစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် နိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ မြန်မာနိုင် ငံသား ၄၀၀ ကျော် ဖမ်း ဆီးခံခဲ့ရ ကြောင်း ထိုင်းနိုင် ငံရောက် မြန်မာများက ပြောသည်။
သို့သော် အဖမ်းခံရသူအများ စုကို ပြန်လွှတ်ပေးသည်။ ထိုသို့ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးရှိ သံ အမတ်ကြီး ဦးဝင်းမောင်ထံ ဆက် သွယ်မေးမြန်းရာ မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံစစ်တပ်က ဖမ်း ဆီးထားခြင်းမရှိကြောင်း၊ မြန်မာ နိုင်ငံသားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောဆိုထား သည်။ နယ်စပ်ဂိတ်များမှ ခိုးဝင် လာသော မြန်မာများကို ဖမ်းဆီး မည် မဟုတ်ဘဲ မဝင်နိုင်ရန် စစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီးဦးဝင်းမောင်က ပြော ကြားသည်။

No comments:

Post a Comment