Monday, June 16, 2014

မြန်မာလူထုအပေါ် သမ္မတလုပ်ချင်သဖြင့် ကမ္ဘာလူထုမှ ကူညီပေးရန် နီပေါရောက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

မြန်မာနိုင်ငံတွင် သမ္မတလုပ်ချင်သဖြင့် ကမ္ဘာမှ ကူညီပေးရန် နီပေါရောက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို ကြောင်း
 အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူ သန်း ၆၀ လုံး၏ ဆန္ဒအရ
 လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တွင်
 ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံခြားသား 
မိသားစုများ သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ခြင်းမှ 
ပိတ်ပင်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံခြားသား မိသားစုများကို သမ္မ တနေရာ ယှဉ်ပြိုင်ခြင်းမှ ထိထိ ရောက်ရောက် ပိတ်ပင်ထားသော အခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင် ဆင်ခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော်အခြေခံ ဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီက ကော်မတီအ တွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လို သော မဲကပို များပြီး မပြင်ရန်ဆုံး ဖြတ်ခဲ့သည်။ ယင်းမဲခွဲမှုတွင် မ ပြင်လိုသောမဲ ၂၆မဲရှိပြီး ငါးမဲသာ ပြင် ရန် မဲပေးခဲ့သည်ဟုကော်မတီ ၀င်အချို့ကို ကိုးကား၍ မီဒီယာ များကဖော်ပြသည်။
၂၀၀၈ ခုနှစ် အခြေခံဥပ ဒေတွင် ဇနီး၊ ခင်ပွန်းနှင့်သားသမီးများ နိုင်ငံခြားသားများ ဖြစ်နေ သော မည် သူ့ကိုမဆို နိုင်ငံကိုဦး ဆောင်ခြင်းမှ ပိတ်ပင်ထားသည်။
နီပေါနိုင်ငံသို့ အလည်အပတ်ခရီးတွင် မိမိအနေဖြင့် ဘာသာပေါင်းစုံ လွတ်လပ်၍တရား မျှတခြင်း သာမကဘဲ စစ်မှန်သော ဒီမိုကရက်တစ်ရွေး ကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အခြေခံ ဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များ အားပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပ ဒေကို ပြင်ဆင်ရေး ၎င်း၏လှုပ်ရှား မှုကို ရှင်းလင်းပြောကြားရင်း မျှ တသောရွေးကောက်ပွဲဆိုသည် မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ် ရကြောင်းပြောကြားသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လူထုရဲ့ လက်ခံမှုရရှိဖို့လို နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

‘‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံ က ဖြစ်ပေါ်တိုးတက်မှုတွေကို သ တိပြုနေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲ သွားအောင် လုပ်နေတဲ့လူတွေရှိ တယ်ဆိုတဲ့ အချက် ကိုလည်း သ တိပြုရပါမယ်’’ဟု မျိုးစောင့်ဥပဒေရေးဆွဲသည့် ဘုန်းကြီးများကို တော်တော်ကြောင်တာပဲ ဟု မှတ်ချက်ပေးခဲ့သူ  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။   

No comments:

Post a Comment