Wednesday, June 25, 2014

ဂျပန်နှင့် မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်းပြီး တန်ဖိုးနည်းဆင်းကတ်များ အကန့်အသတ်မရှိ ရောင်းမည်

ပြည်သူများ လက်ကိုင်တယ်လီဖုန်းသုံး စွဲနိုင်ရေး အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က နိုင် ငံခြားမှ ကုမ္ပဏီတစ်ခုနှင့်အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းဆင်းကတ်များကို ဆိုင်တိုင်းတွင် စိတ်တိုင်းကျ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။“ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်းအနေနဲ့ အော်ပရေတာ
လိုင် စင် ရရှိအောင် လုပ်ကိုင်နေပါတယ်။ အော် ပရေတာလိုင်စင်ရပြီးရင်တော့ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့
စာချုပ် ချုပ်ဆိုထားပြီး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားမှာပါ” ဟု ၎င်း က ဆက်လက်ပြော ကြား သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီ KDDI တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပါက လက်ရှိရောင်းချပေးနေသော ခွဲတမ်းစနစ်ကို ရပ်ဆိုင်းကာ အကန့်အသတ်မရှိသော ရောင်းချမှုပုံစံဖြင့် ဆင်းကတ်များကို လာမည့်လ အနည်းငယ်အတွင်း ဆိုင်တိုင်းတွင် ရောင်းချပေးသွားရန် စီစဉ်ထားသည်။

လောလောဆယ်တွင် အခြေခံအဆောက်အအုံများနှင့် လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများ ပြီးစီးပါက တယ်လီဖုန်း ဆင်းကတ်များကို ဈေးနှုန်းသက်သာစွာဖြင့် အကန့်အသတ်မရှိ ရောင်းချပေးမည်ဖြစ်ရာ တယ်လီဖုန်းပြောဆိုခများကိုလည်း လျှော့ချပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ပြည်ပကုမ္ပဏီများဖြစ်သော အော်ရီဒူးနှင့် တယ်လီနောတို့ကလည်း လာမည့်ဩဂုတ်နှင့် စက်တင်ဘာလများတွင် တန်ဖိုးနည်း ဆင်းကတ်များကို ရောင်းချပေးရန် စီစဉ်နေသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း အော်ပရေတာအဖြစ် ပြောင်းလဲလုပ်ကိုင်ကာ ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ကာ တယ်လီဖုန်း ဆင်းကတ်များကို ရောင်းချသွားရန် စီစဉ်နေခြင်း ဖြစ်သည်။

No comments:

Post a Comment